Friday, October 11, 2013

“မျိုးဆက်နဲ့ကမ်းလက်”

Leave a Comment

“မျိုးဆက်နဲ့ကမ်းလက်”

-မဟုတ်သေးပါဘူးဗျာ …
တကောင်းအဘိရာဇာ လက်ထက်ကတည်းက
ဤမြေကမ္ဘာ
ဦးသိန်းစိန်လက်ထက်ကြမှ
ပိုကျယ်မလာနိုင်တာနဲ့
မျိုးဆက်သစ်တို့ရောက်လာမှာကို
ကြောက်ကြတယ်ဆိုတာ…။

-ပြန်တွေးကြည့်ကြစမ်းပါဗျာ …
တို့အဘေး .. တို့အဘိုး .. တို့အဖိုး .. တို့အဖေတို့ခမျာ ….
ချန်ရစ်ချင်လွန်းခဲ့တဲ့… တို့မျိုးဆက်။
အမွေဆက်ခံစေချင်တဲ့… တို့မျိုးဆက်။
ကျော်သူတို့လက်ထက်ကြမှ ကမ်းလက်နဲ့မကြိုနိုင်လျှင်
ရိုင်းလိုက်မယ့်ရာဇဝင်။

-ကဲ …
ဒို့မြေ .. ဒို့ရေ .. ဒို့ကမ္ဘာ... ဒို့နေရာ
ဘယ်လောက်ကျဉ်းကျဉ်း… ဘယ်လောက်ကျပ်ကျပ်
ရယူပိုင်ဆိုင်ချင်စိတ်တွေ လျော့ချ။
ကိုယ့်တစ်ကိုယ်စာ နေရာချုံ့ရင်း
နောက်မျိုးဆက်တို့အတွက်
ပေးဆပ်အနစ်နာခံချင်စိတ်နဲ့
နေရာကျယ်ကျယ် ချဲ့ ပေးပါစို့လား … ။ ။

ကိုမျိုး (မြန်မာစာ)


(စာရေးဆရာ၊ ဒါရိုက်တာ၊ အလင်္ကာကျော်စွာဘွဲ့ရ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ကွယ်လွန်သူ ဘဘ ဦးသုခ ဖွဲ့စည်းမျိုးစေ့ချ တည်ထောင်ပေးခဲ့သည့်
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျရောက်သည့် (၁၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာကိုမျိုး (မြန်မာစာ)၏“မျိုးဆက်နှင့်ကမ်းလက်”ကဗျာ)

0 comments:

Post a Comment

Facebook Like Page