Friday, October 11, 2013

အောင်လံမြို့ တာဝတိံသာ ဘုရားဆင်း ဝါကျွတ်ပွဲတော် ကျင်းပမည်

Leave a Comment


အောင်လံမြို့ တာဝတိံသာ ဘုရားဆင်း ဝါကျွတ်ပွဲတော် ကျင်းပမည်

အောင်လံ အောက်တိုဘာ ၁ဝ

အောင်လံမြို့ ကန်ကြီးရပ်ကွက် သိမ်ကုန်း ဓမ္မာရုံဘုရားကြီးတွင် (၁၁၉) နှစ်မြောက် တာဝတိံသာ ဘုရားဆင်း ဝါကျွတ်ပွဲတော်တွင် ဗုဒ္ဓပူဇာအဖြစ် ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ တာဝတိံသာဘုရားဆင်း အခမ်းအနားကျင်းပခြင်း၊ ဓမ္မပူဇာအဖြစ် အဘိဓမ္မာတရားပွဲများကို ဝါတွင်းသုံးလ၊ ရက်ပေါင်း ၉ဝ စဉ်ဆက်မပြတ် ကျင်းပခြင်း၊ သံဃာ့ပူဇာအဖြစ် အောက်တိုဘာ ၂၁ ရက် နံနက် အရုဏ်တက်ချိန်တွင် ဆွမ်း၊ ဆွမ်းဟင်း အပြည့် အဝပါဝင်သော သပိတ်များကို မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း ၇၄ တိုက်မှ သံဃာတော် များအား ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်သည်။ စေတနာရှင်များကလည်း အမြို့မြို့ အနယ်နယ်မှ ဘုရားဖူး ဧည့်ပရိသတ်များကို စတုဒိသာ ထမင်းထုပ်များ ဝေငှဒါနပြုကြမည် ဖြစ်သည်။ ပွဲတော်ကို အောက်တိုဘာ ၁၅ ရက် မှ ၂၁ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

MAL11102013

0 comments:

Post a Comment

Facebook Like Page