Friday, October 11, 2013

တိုးတိုးတိတ်တိတ်ဆွေးနွေးသွားတဲ့ နေပြည်တော်က အသင်းအဖွဲ့ဆိုင်ရာဥပဒေကြမ်းကိစ္စ

Leave a Comment


တိုးတိုးတိတ်တိတ်ဆွေးနွေးသွားတဲ့ နေပြည်တော်က အသင်းအဖွဲ့ဆိုင်ရာဥပဒေကြမ်းကိစ္စ
**********************************
11.10.2013

မနေ့က နေပြည်တော်မှာ အသင်းအဖွဲ့ ဆိုင်ရာဥပဒေကြမ်းကိစ္စ ဆွေးနွေးကြတယ်ပြောတယ် ဦးဆောင်တာက INGO အဖွဲ့တွေများတယ်လို့သိရတယ် တကယ်ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ်ကျိုးမဖက် ပရဟိတသက်သက် ဘာမျှော်လင့်ချက်မှမထားပဲလူမှုရေးလုပ်နေတဲ့ အသင်းတွေ ရဲ့ သဘောထားတွေတောင်းခံခြင်းမရှိ အသိမပေး လက်သိပ်ထိုးပြီးဆက်လက်လုပ်ကိုင်သွားမယ်ဆိုရင် မည်သည့် အဖွဲ့ အစည်းကိုမဆို မည်သည့်ပုဂ္ဂိုလ်များကိုမဆို ကျွှန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက လုံးဝကန့်ကွက်ရုံတင်မကပဲ လိုအပ်ရင် လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်သည်အထိ ပြုလုပ်သွားမည်ဖြစ်ပါသည် ဦးဆောင်ပေးတဲ့လူများကို အထူးကျေးဇူးတင်သော်လည်း မှန်ကန်သောဦးဆောင်မှုမျိုးကိုသာလက်ခံပြီး အားလုံးပါဝင်နိုင်ခြင်းမရှိပါက အောင်မြင်မည်ဟု မယူဆပါ နေပြည်တော်တွင် တက်ရောက်သောအဖွဲ့အစည်းများသည် မည်သည့်တိုင်း မည်သည့်ပြည်နယ်များမှ မည်သူတွေရွေးချယ်ပေးထားသော အဖွဲ့များဖြစ်သည်ဆိုတာ မေးခွန်းမေးစရာဖြစ်သလို တစ်နိုင်ငံလုံးရှိ လူမှုရေးအဖွဲ့များအပေါ် ဘယ်လောက်ကိုယ်စားပြုပါသနည်း ကျွှန်တော်လက်လှမ်းမှီသလောက်အခြားဒေသတွေမေးကြည့်တာ ဘယ်သူမှမသိကြောင်းတွေ့ရပါသည် သို့ပါ၍ လွှတ်တော်အမတ်များအနေနဲ့ရော ဦးဆောင်နေသောအဖွဲ့များပါ အားလုံးကိုယ်စားပြုအဖွဲ့များ မပါဝင်ပဲ ဆက်လက်ဆောင်ရွက်ပါက ကျန်အရပ်ဖက်အဖွဲ့များရဲ့ ကန့်ကွက်မှုတွေကြုံတွေ့ ရမည်မလွဲပါ အမှန်တကယ် အဖွဲ့အစည်းများအပေါ် စေတနာဖြင့်ဦးဆောင်လိုပါက သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် နယ်ကိုယ်စားလှယ်များပါဝင်သော တွေ့ဆုံမှုမျိုးပြုလုပ်သဘောထားရယူပြီးမှ ပွင့်လင်းမြင်သာစွာ ဆက်လက်ဆောင်ရွက်စေလိုကြောင်း အကြံပြုလိုပါတယ်

0 comments:

Post a Comment

Facebook Like Page