Tuesday, September 10, 2013

ထိန်တောနှင့် သာရဝေါ သို့ ၂၄ နာရီ ဓါတ်အား ပို့လွှတ်

Leave a Comment




ပြည် စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင် လက်ပံတန်းမြို့မှ တစ်ဆင့် 33KV ဓာတ်အားလိုင်းဖြင့် ဆင်လမ်း 33/11 KV 1250 KVA ဓာတ်အားခွဲရုံသို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြဲ့ပီး အဆိုပါ ဓါတ်အားခွဲရုံမှတဆင့် ထိန်တောသို့ 11 KV လိုင်း ၁၃ မိုင်ဖြင့်လည်းကောင်း၊ သာရဝေါသို့ 11 KV လိုင်း ၉ ဒသမ ၅ မိုင်ဖြင့် လည်းကောင်း လိုင်းတည်ဆောက်ခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြာင်း၊ ထိန်တောမြို့ပေါ်တွင် 315 KVA ထရန်စဖော်မာ နှစ်လုံး၊ 11 KV လိုင်း (ဝ ဒသမ ၇၈ မိုင်) နှင့် 400 V လိုင်း (ဝ ဒသမ ၉၅ မိုင်) တို့ကို တည်ဆောက်ပေးခဲ့ကြောင်း၊ သာရဝေါမြို့ပေါ်တွင် လည်း 315 KVA ထရန်စဖော်မာ တစ်လုံး 11/0.4 KV (200) KVA ထရန်စဖော်မာတစ်လုံး၊ 11 KV လိုင်း(ဝ ဒသမ ၇၆) မိုင် နှင့် 400 V လိုင်း (၁ ဒသမ ၉) မိုင်တို့ကို တည်ဆောက် ပေးခဲ့ကြောင်း ၊ တည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးပြီ ဖြစ်သဖြင့် ၁.၉.၂၀၁၃ နေ့ရက်မှ စတင်၍ နိုင်ငံတော်ဓါတ်အားစနစ်မှ ဓာတ်အားကို ၂၄ နာရီ စမ်းသပ်ပို့ လွှတ်လျက်ရှိကြောင်း လျှပ်စစ် ဓာတ်အား ဖြနြ့်ဖူးရေးလုပ်ငန်းမှ သိရှိရပါသည်။ ထိန်တောနှင့် သာရဝေါ တို့သည် နှစ်ပေါင်းများစွာ ဒီဇယ်စက်များဖြင့် ပေးသည့် ဓာတ်အားကို တစ်နေ့ သုံးနာရီနှုန်းဖြင့် ညဦးပိုင်း၌သာသုံးစွဲခဲ့ကြရသော မြို့များဖြစ်ပြီး ယခုအခါ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြင့် ၂၄ နာရီဓာတ်အားသုံးစွဲနိုင်ကြပြီးဖြစ်သည်။ ၄င်းအပြင် 400 V ဓာတ်အားလိုင်းနှင့် ပေ ၃ဝဝ အတွင်းကိုက်ညီသော ဓာတ်အားသုံးစွဲသူများ အားလုံးတို့သည် မီတာများတပ်ဆင်သုံးစွဲခွင့်ရရှိလာတော့မည် ဖြစ်ပြီး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်မည့် ကျေးရွာများအနေဖြင့်လည်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားကို ရယူသုံးစွဲနိုင်ကြမည်ဖြစ်သည်။ ယခုလို နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အား ဖြနြ့်ဖူးပေးနိုင်ခဲ့သည့်အတွက် အဆိုပါ ဒေသရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများလည်း လက်ရှိအခြေအနေထက် ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ကြောင်း သိရှိရသည်။

MAL09092013.............pyay ct မှကူးယူသည်။ပြည်သတင်း..

0 comments:

Post a Comment

Facebook Like Page