Friday, August 9, 2013

နိုင်/ကျဉ်း ပြည်မြို့ မှ ကိုသန်းထိုက်အောင်(ခ)ဗရှီး အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)

Leave a Comment
8888 (၂၅) နှစ်ပြည့် ငွေရတုအခမ်းအနားတွင် ပြည်ခရိုင်မှ နိုင်ငံရေးသမားများ နိုင်ကျဉ်းများနှင့် အရပ်ဖက်အဖွဲ့စည်းပေါင်းစုံများ နှင့် ဟာသသရုပ်ဆောင်များကို ပြည်သတင်းမှ ယခုလို တွေဆုံမေးမြန်းခဲ့ပါတယ်...
*****************************************************
နိုင်/ကျဉ်း ပြည်မြို့ မှ ကိုသန်းထိုက်အောင်(ခ)ဗရှီး အား ပြည်သတင်းမှ တွေ့ဆုံမေးမြန်းခဲ့(7.8.2013)
****************************************************************
ဒီအခမ်းအနားကို တက်ရောက်ရတဲ့ရည်ရွယ်ချက်က 88 မှာကျွန်တော်တို့ သူငယ်ချင်း မိတ်ဆွေများအားလုံး နှင့် ကျွန်တော်က ထောင် (၂)ထောင်ပြောင်းရွေ့ခံခဲ့ရတော့ အဲထောင်ထဲမှာ အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေများ နှင့် အတူတူပြန်လည်
တွေ့ဆုံခြင်လို့ပါ။ နိုင်ငံရေးအကျိုးအမြတ် လုံးဝ စိတ်မ၀င်စားပါဘူး ရမယ်လိုလည်းတွက်မထားပါဘူး မျှော်လင့်မထားပါဘူး သေဖော်သေဖက် ရဲဘော်တွေနဲ့ပြန်လည်တွေ့ဆုံဖို့ပါပဲ။ ပြည်ခရိုင်အတွက်ကတော့ ကျွန်တော့အနေ နဲ့စာတမ်းတင်သွင်းထားခြင်းမရှိပါဘူး
ဒီပွဲက နိုင်ငံရေး အော် တဲ့ပွဲ ဖြစ်တဲ့အတွက် အော်ာတပဲ ရှိမယ်လေ အမြင်မတူတာတွေတော့ရှိကြမှာပါပဲလို့ ကြိုတွက်ထားပြီးသားပါ။ ဒီလိုပွဲမျိုးတွေကတော့ ရှိနေသင့်ပါတယ်။ ဖြစ်သင့်ပါတယ်လို့လည်း ယူစမိပါတယ်။ ကောင်းပါတယ် ဒီပွဲကနေတော့ နိုင်ငံရေးက ရှေ့သို့
ပြောင်းလည်းလာလိမ့်မယ်လို့တော့ ကျွန်တော့အနေနဲ့မထင်ပါဘူး တိုင်းပြည်ကကို ရှေ့သို့မှ ပြောင်းလည်းသွားတာမှမရှိတာပါ။ ကျွန်တော့အနေနဲ့ ဒီမှာလာပြီးအားဖြည့်ပေးတာပါ အခုလိုဒီမှာလာပြီးအားဖြည့်နေတဲ့အချိန်မှာတော့ ကျွန်တော်တို့ ပြည်ခရိုင် အားနည်း
သွားခဲ့ပါတယ် လုပ်မဲ့သူ လိုက်မယ့်သူတွေနဲ့ ဆိုတော့ မိမိသဘောဆန္ဒ အရပဲလုပ်ကြပါလို့ပြောခဲ့ပါတယ်။ သူတို့အပေါ်မှာပဲ မှုတည်နေတာဆိုတော့ ဘာမှဝင်ရောက်စွပ်ဖတ်ခြင်းမပြုလုပ်ခဲ့တော့ပါဘူး ပြည်ခရိုင်အနေနဲ့ အင်အား(40)ခန့် ဒီအခမ်းအနားကိုတက်ရောက်ခဲ့
ပါတယ် 5.8.2013 ရက်နေ့က ပြည်ကနေ သံလွင်ကားစီးလုံး စုပေါင်းပိုက်ဆံနဲ့ ငှားပြီးလာခဲ့ပါတယ် လူမျိုးပေါင်းစုံ ပါတီပေါင်းစုံ နဲ့ ကွန်ယက်ပေါင်းစုံပါခဲ့ပါတယ်။ ဒီ 88 ရဲ့(၂၅)နှစ်ပြည့် ငွေရတု အခမ်းအနားမှာ ဆိုဒ်(၆)ဆိုဒ်နဲ့ဆွေးနွေးကြပါတယ် အားလုံးကရည်ရွယ်
ချက်တစ်ခုတည်းထွက်နေကြပါတယ် (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲမလား သို့မဟုတ် ပြန်လည်ပြုပြင်ပေးမလား ဒီဥပဒေကိုပဲ ဦးတည်သွားနေခဲ့ကြပါတယ် ဆင့်ကဲဆင့်ကဲဖြစ်စဉ် နှင့် တော်လှန်ရေး ၀ုန်းကနဲ့သွားတဲ့ဖြစ်စဉ် ဒီနှစ်ခုပဲရှိပါတယ်
ကျွန်တော်တို့ကတော့ ဆင့်ကဲဆင့်ကဲဖြစ်စဉ်ပါပဲ ဖြည်းဖြည်းချင်းပဲသွားခြင်ပါတယ်။ သူတို့တွေပြောနေကြတဲ့ လမ်းပေါ်တက်ပြီး ဆန္ဒတွေပြတာဟာ ဆန္ဒပြတာမဟုတ်ဘူးသေးတဲ့ သူတို့တွေပြောနေကြတတာတွေရှိပါတယ် တိုးတက်ပြောင်းလည်းလာပါပြီးတဲ့ ဖုန်းတွေချ
ပေးတာ။အင်တာနက်တွေ။လမ်းတွေ။တံတားတွေ.စုံလို့ပါပဲ ပြုပြင်တယ် ဒါ့ကြောင့်ပြောင်းလည်းလာတယ်လို့ပြည်သူတွေနားကို အော်ပြောနေကြတာတွေဟာ တိုးတက်ပြောင်းလည်းလာတယ်လို့ ဘယ်လို့မှပြောလို့မရပါဘူး လူဦးရည်အချိုးအစား နှင့် တွက်ကြည့်လိုက်ရင်
အရှင်းကြီးပါဗျာ ဘာတစ်ခု တိုးတက်ပြောင်းလည်းလာတာမရှိခဲ့သေးပါဘူး။ ဘာတစ်ခုမှပြောင်းလည်းတိုးတက်လာတာ မရှိခဲ့သေးပါဘူး။လို့ ပြောကြားသွားခဲ့ပါသည်။..ပြည်သတင်း....

0 comments:

Post a Comment

Facebook Like Page