Saturday, July 6, 2013

စလစ် ရှားပါး သော်လည်း ဒေါ်လာဈေး မြင့်ပြီး ကားဈေးကွက် ကျရိပ် ပြလျက်ရှိ

Leave a Comment


ရန်ကုန် ဇူလိုင် ၅
ဒေါ်လာဈေး မြင့်ပြီး စလစ် ရှားပါး နေသော်လည်း ကား ဈေးကွက်မှာ ရောင်းလိုအား များ၍ အကျ ဘက်သို့ ဦးတည် နေကြောင်း မင်းရဲ ကျော်စွာ ယာယီယာဉ် ရောင်းဝယ်ရေး စခန်းမှ
သိရသည်။ လက်ရှိတွင် အပ်နှံခွင့် ပြုထားသည့် ''သ'' အက္ခရာ စလစ်မှာ ငွေကျပ် ၉၃ သိန်း ရှိနေပြီး စလစ် ရှားပါး မှုကြောင့် ဈေးဆက်လက် တက်ဖွယ် ရှိနေကြောင်း သိရသည်။
''လက်ရှိ အခြေ အနေအရ စလစ် ကလောက်ကို မလောက်တာပါ။ ကားဈေးက ကျနေပြီး စလစ်ကြောင့် ဈေးက တင်းခံ နေတာ။ အခု လက်ခံ ထားတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း ကလည်း ရန်ကုန်မှာ တစ်ဝက်လောက်ပဲ ရှိတယ်။ တင်သွင်း လာတဲ့ ကား အရေအတွက်နဲ့ ယှဉ်ရင် နည်းလွန်းတယ်။ ဒီတော့ စလစ်က တက်ဖို့ပဲ ရှိပါတယ်''ဟု ကား အကျိုးဆောင် တစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါ ''သ'' အက္ခရာ ယာဉ်ဟောင်း များမှာ တစ်နိုင်ငံလုံးတွင် ၉၉၉၉ စီးရှိပြီး ရန်ကုန်တွင် စီးရေ ၅ဝဝဝ ဝန်းကျင် ခန့်သာ ရှိသည်။ ပြည်တွင်းသို့ တင်သွင်း လာသည့် ကား အသစ် ပမာဏမှာ ပိုမို များပြား လာရာ လက်ရှိ ယာဉ်ဟောင်း ''သ'' အက္ခရာကား အပြင် နောက်ထပ် လက်ခံမည့် ''အ'' အက္ခရာ ကားများ အားလုံး ပေါင်းလျှင်ပင် စလစ် လိုအပ်ချက် ကြီးမား နေဦးမည် ဖြစ်သည်။
တင်သွင်း လာသည့် ယာဉ်များမှာ ဈေးကွက်အ တွင်း ပုံနေပြီး ရောင်းလိုအား များသောကြောင့် ဈေးလျှော့ ရောင်းချမှုတို့ ရှိနေ သော်လည်း စလစ်ဈေး ကြီးမြင့် လာမှုကြောင့် ကားဈေး မြင့်လာ သည်ဟု ထင်မြင် စေကြောင်းနှင့် ယခ တင်သွင်း ထားသည့် ကားများမှာ ယခင် အချိန်က ဝယ်ယူ ထားခြင်း ဖြစ်၍ ဒေါ်လာဈေး မြင့်တက် လာမှုက အကျိုး သက်ရောက်မှု သိပ် မရှိကြောင်း ကား အကျိုးဆောင် များက ပြောကြား ခဲ့သည်။
လက်ရှိ ပြည်တွင်းကား ဈေးကွက်တွင် အရောင်း ရဆုံး ဖြစ်သည့် Probox ကားများမှာ မီးလောင် လွယ်သည်ဟု ယူဆ မှုကြောင့် အရောင်းပါးလျက် ရှိပြီး AD Var ကားများ အရောင်း ပြန်သွက်လျက် ရှိသည်။ မိုးတွင်း ကာလ ဖြစ်၍ နယ် အဝယ် ပါးကာ ရန်ကုန် ဝယ်လက် ကိုသာ မှီခို နေရ သည်ဟု ကားဈေးကွက်မှ သိရသည်။
မင်းကနောင်

0 comments:

Post a Comment

Facebook Like Page