ရန်ကုန် ဇူလိုင် ၎
မူလတန်းအရွယ် ကျောင်းသား၊
ကျောင်းသူများတွင် ခန္ဓာကိုယ် အတွက် ဝန်ဖြစ်စေသည် အထိ လေးလံသော
ကျောပိုးအိတ်၊ လွယ်အိတ်များကို အသုံးပြု ကျောင်းတက် နေခြင်းက ၎င်းတို့၏
ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ထိခိုက် စေနိုင်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ
ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။
မူလတန်း အရွယ် ကလေးများ၏ ခန္ဓာကိုယ် ခါးဆစ်
ရိုးလေးများက နုနယ်ကာ ကျောရိုးမကြီးတွင် ရှိသော အရိုးနုလေးများ
တစ်ခုနှင့် တစ်ခု ထိကပ်နေသည့် အတွက် အရိုးနုများ ပိမိပြီး ခန္ဓာကိုယ်
ဖွံ့ဖြိုး သင့်သလောက် မဖွံ့ဖြိုးတော့ကြောင်း ၎င်းအပြင် အာရုံကြော များကိုလည်း
ထိခိုက် စေနိုင်ကြောင်း သိရသည်။
ထိုကိစ္စအတွက် အသင်းမှ အလေးအနက် ထားကာ
ပညာပေးရန် စီစဉ် ဆောင်ရွက်နေပြီး အခြေခံ ပညာ မူလတန်းကျောင်းမှ
ကျောင်းအုပ်ကြီး များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သည့် အခါ
ယင်းကိစ္စကို ချပြ၍ ဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ မူလတန်း အရွယ်များတွင်
ရှိသမျှ ဘာသာရပ် စာအုပ်တိုင်းကို စုပြုံ သယ်ဆောင် ကြရာမှ ယခုလို ခန္ဓာကိုယ်
အတွက် ဝန်ဖြစ်စေသည့် ကိစ္စမျိုးမဖြစ်စေရန် တစ်ရက်အတွင်း အမှန်တကယ်
သင်ကြားမည့် ဘာသာရပ်များကိုသာ ထည့်သွင်း သင်ယူ စေခြင်းဖြင့် စီစဉ်
ထားကြောင်း သိရသည်။
http://www.myawady.net.mm/allnews/local/item/18612-2013-07-05-12-09-32
0 comments:
Post a Comment