Friday, March 6, 2015

အမျိုးသမီးလေးဦးသေဆုံးသောမီးလောင်မှုတွင် စည်ပင်သာယာရေ ပိုက်တစ်ခုဖြင့်သာ ရေဖြည့်ရသည့်အတွက် ပြန်လည်မီးငြိမ်းသတ်ရန် အချိန်ကြန့်ကြာခဲ့ဟုဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

 အမျိုးသမီးလေးဦးသေဆုံးသောမီးလောင်မှုတွင် စည်ပင်သာယာရေ
ပိုက်တစ်ခုဖြင့်သာ ရေဖြည့်ရသည့်အတွက် ပြန်လည်မီးငြိမ်းသတ်ရန်
အချိန်ကြန့်ကြာခဲ့ဟုဆို
ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် အမျိုးသမီးလေးဦးသေဆုံးသည့်
မီးလောင်မှု၌စည်ပင်သာယာကမီးသတ်ကားများကို ရေပိုက်တစ်ခု
တည်းဖြင့် ရေဖြည့်ပေးခဲ့သည့်အတွက် ပြန်လည်မီးငြိမ်းသတ်ရန် 

အချိန်နောက်ကျခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပြောသည်။
မတ်လ ၃ ရက်တွင် ပြည်မြို့ န၀င်းရပ်ကွက် ရွှေတစ်ချောင်းလမ်းနှင့် ၀ါရုံ
လမ်းထောင့်ရှိ ပန်းစကား လက်ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး
အမျိုးသမီးလေးဦးသေဆုံးခဲ့ရသည်။
ပြည်မြို့နယ် စည်ပင်သာယာတွင် မီးသတ်ကားများရေပြန်ဖြည့်ရာ
အတွင်းရေပိုက်ငုတ် တစ်ခုသာ ရေလွှတ်ပေးခဲ့ပြီး အပြင်ဘက်ရေ
ပိုက်ငုတ်နှင့် ဘောတံတားအနီးရှိ ရေပိုက်ငုတ်တို့မှ ရေမလွှတ် ပေးခဲ့ပေ။
ထိုကြောင့် မီးသတ်ကား (၇)စီးခန့်မှာ တန်းစီစောင့်ဆိုင်းခဲ့ရပြီး မီးပြန်
လည်ငြိမ်းသတ်ရန် ကြန့်ကြာမှုများရှိခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်
များက ပြောသည်။
“ဒီလိုမျိုးရေငုတ်တစ်ခုတည်းမှာစောင့်ဆိုင်းပြီးရေဖြည့်နေရတဲ့အတွက်
ဒုတိယအကြိမ် မီးပြန်လည်ငြိမ်းသတ်ဖို့ အချိန်ကြန့်ကြာခဲ့တယ်။ ကျနော်
တို့ကားရောက်တော့ စည်ပင်ဝန်းထဲက ရေပိုက် တစ်ခုတည်းက ရေလွတ်
ပေးနေတယ်”ဟုဆံတော်မီးသတ်ယာဉ်မောင်းကိုဝေမင်းထိုက် ပြောသည်။
“အပြင်ရေငုတ်မှာကျတော်တို့ကားရေဖြည့်နေတဲ့အချိန်မှာ ရေပိတ်
လိုက်တော့မယ်။ အတွင်းထဲဝင်ဖြည့် တော့လို့စည်ပင်ဝန်ထမ်းက
ပြောတယ်။ ကျနော်တို့က ဒီကားပြည့်အောင် ဖြည့်မယ်လို့ပြောတော့ မင်းတို့ကားရေဖြည့်တာ ရေတွေက အောက်မှာကြီးဘဲ။ လို့ပြောတယ်။
အမှန်တကယ်သူတို့ပိုက်တွေက မကောင်းတာ အပေါက်တွေကြီးဘဲ”
ဟု ၄င်းက ဆက်ပြောသည်။
မီးသတ်ကားဖြင့် လိုက်ပါလာသူ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကလည်း “ရေပိုက်တစ်ခုတည်းမှာအခုလိုမီးသတ်ကားတွေစောင့်ပြီး ရေဖြည့်နေ
ရတာအဓိပါယ်မရှိဘူး။ တခြား ရေပိုက်တွေက ဘာလုပ်ဖို့ထားတာလဲ။
ရေစည် ၊ ရေကားတွေကို ငါးရာ ၊ ရှစ်ရာ ၊ တစ်ထောင် နဲ့ ရေရောင်း
စားနေပြီး မီးလောင်မှုဖြစ်တဲ့အချိန် ကျတော့ ရေမရတော့ဘူးလား ”
ဟုဆိုသည်။
သို့သော် စည်ပင်သာယာဝန်ထမ်းတစ်ဦးက “မီးမလာ၍ ရေမောင်းမရ
သည့်အတွက် အတွင်းရေပိုက်က သာရေပေးရသည်” ဟုပြောသည်။
မတ်လ ၃ ရက်နေ့ မနက်၁၀နာရီတွင်မီးသတ်ကားများ ရေဖြည့်ရန်ကြန့်
့ကြာမှုနှင့်ပတ်သတ်ပြီး ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တွင် သတင်း
သမားနှစ်ဦးအား တွေ့ဆုံရှင်းလင်းခဲ့ကြောင်းစည်ပင်သာယာရေးကော်မတီ
အဖွဲ့ဝင်ဦးအေးချိုက ပြောသည်။
“လမ်းလယ်ကျွန်းတွေကအပင်တွေ ရေဖြန်းဖို့ နွေရာသီရေရှားတဲ့အချိန် ရေလာ
ယူရင်ပေးဖို့ အပြင်ပိုက်တွေကို သုံးတယ်။ အတွင်းပိုက်က မီးလောင်ရင် သုံးဖို့အဓိက
 ထားတာ” ဟုလည်း ၄င်းက ဆိုသည်။
အပြင်ေ၇ပိုက်သည် အ၀သေးပြီး အပေါက်များရှိသည့်အတွက် မီးသတ်ကား
တစ်စီးလျှင် (၆)မိနစ်ခန့်ရေဖြည့်ရမည်ဖြစ်သည်။ အတွင်းပိုက်သည် အ၀ကြီး သည့်အတွက် ရေဖြည့်ရန်(၃)မိနစ် သာ ကြာမည်ဟုလည်း ဦးအေးချိုကရှင်းပြ
သည်။
မိုးညိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိုဦးသည်
အကြောင်းအရာကိစ္စကို ကြားသိရသဖြင့် မီးလောင်သည့်နေရာသို့ ချက်ချင်း
လာရောက်ကာ စည်ပင်သာယာ နှင့် မီးသတ်တပ်ဖွဲ့ဝင် များ အား တွေ့ဆုံမေးမြန်း
ခဲ့သေးကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)09 4236 71883




0 comments:

Post a Comment

Facebook Like Page