Wednesday, May 20, 2015

သို့/ သက်ဆိုင်ရာ ဌာနဆိုင်ရာမှလူကြီးမင်းများထံသို့ ပြည်သတင်း မှတဆင့်တင်ပြခြင်း

Leave a Comment

သို့/
သက်ဆိုင်ရာ ဌာနဆိုင်ရာမှလူကြီးမင်းများထံသို့ ပြည်သတင်း မှတဆင့်တင်ပြခြင်း
မေလ ၁၈ ၂၀၁၅ရက်နေ့
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့က စည်ပင်ဦးစီး ဦးဟန်ရှိန်သည် ဖြစ်ရပ်(၂)ခုအပေါ် တစ်ယောက်တစ်မျိုး နှစ်မျိုးလုပ်သည်ကို ထိရောက်စွာ အရေးယူပေးပါရန် ပြည်သတင်းမှတဆင့်တင်ပြအပ်ပါသည်။
ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် ကြာနီကန်လမ်းနှင့် စိန်ဇရပ်လမ်းထောင့်တွင် တည်ရှိသော အိမ်တစ်အိမ်ကို ၂၀၁၂ခုနှစ်မှဝယ်ယူခဲ့ပါသည်။ ယခင်လူမနေသော အိမ်နှင့်ခြံဖြစ်ပါသည်။ ယင်းလမ်းထောင့် စည်ပင်မြေပေါ်တွင် ကိုအောင်သူ + မနွဲ့နွဲ့ဝင်းတို့ ဈေးဆိုင်ဖွင့်ထားပါသည်။ ကျွန်တော်တို့က ၂၀၁၂ခုနှစ်မှ၂၀၁၄ ခုနှစ်အထိ လူမှုရေးအရ မကန့်ကွက်ခဲ့ပါ။ သို့သော် ၆.၆.၂၀၁၄ ခုနှစ်ရက်နေ့တွင် မြို့နယ်စည်ပင်သို့ တင်ပြကန့်ကွက်ခဲ့ပါသည်။ ၄-လကြာသည်အထိ မည်သို့မျှ မထူးသဖြင့် စည်ပင်ဦးစီးကို ကိုယ်တိုင်တွေ့ဆုံမေးတော့ မြို့နယ်တရားရုံးမှာ တရားစွဲမည်ပြောပါသည်။ မြို့နယ်တရားရုံးတွင် ၄-လကျော်စစ်ဆေးပြီးနောက် ၁၃.၂.၂၀၁၅ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် ကိုအောင်သူ + မနွဲ့နွဲ့ဝင်း တို့ကို ဒဏ်ငွေ (၅၀၀၀၀)ကျပ်ဖြင့် ပြစ်ဒဏ်ချခဲ့ပါသည်။
ယင်းသို့ပြစ်ဒဏ်ချသော်လည်း ဈေးဆိုင်ကတော့မဖယ်ရှားသဖြင့် စည်ပင်ဦးစီးနှင့်တွေ့ရာ အယူခံ ၄၅-ရက် စောင့်ရမည်ဟုဆိုပါသည်။ အယူခံရက်ပြည့်တော့ ဦးစီးနှင့်ထပ်မံတွေ့ဆုံရာ တရားရုံးသို့ ပြန်တင်ရဦးမည်ဟုပြောပါသည်။စည်ပင်ဥပဒေသစ်ပြဌာန်းချက်တွင် တရားရုံးက ပြစ်ဒဏ်ထင်ရှားစီရင်ပြီး မဖယ်ရှားပါက တနေ့လျှင် ၁၀၀၀၀-ကျပ် ဒဏ်ငွေဆောင်စေရမည်ဟု သိရပါသည်။သို့သော် စည်ပင်ဦးစီးကကြတော့ မည်သည့်အရေးယူဆောင်ရွက်မှုမျှမလုပ်ပါ ၁၇.၅.၂၀၁၅-ရက်နေ့က မနွဲ့နွဲ့ဝင်သည် ဈေးဆိုင်ကို အမိုးအကာအသစ်များထပ်မံပြုလုပ်သည်ကိုတွေ့ရပါသည်။
ကျွန်တော်တို့ ခြံဝန်းခတ်သည်ကို စည်ပင်မြေပေါ်တစ်တောင်ခန့် ရောက်သည်ဟု ကိုအောင်သူတို့က ၄.၁၁.၂၀၁၄ ရက်နေ့တိုင်သည်ကို ၅.၁၁.၂၀၁၄-ရက်စွဲဖြင့် ၈.၁၁.၂၀၁၄ ရက်နေ့ အပြီးဖယ်ရှားရန် စာထွက်ပါသည်။ ၃-သိန်းကျော်တန်ဖိုးရှိ ခြံတန်းကို ၈.၁၁.၂၀၁၄ ရက်အတွင်း ကျွန်တော်အပြီးဖယ်ရှားပေးခဲ့ပါသည်။ ကျွန်တော်တို့ကို တိုင်ကြားမှုအား ချက်ခြင်းဆောင်ရွက်ခဲ့သော်လည်း ကျွန်တော်တို့က တိုင်ကြားသည့်ကိစ္စ တရားရုံးကလည်း ပြစ်ဒဏ်ထင်ရှားစီရင်ပြီးကိစ္စကိုတော့ ယခု တစ်နှစ်ပြည့်ရန် နှစ်ပတ်ခန့်သာလိုတော့သည်အထိ မည်သို့မျှဆောင်ရွက်မပေးသည့် တစ်ယောက်တစ်မျိုး နှစ်မျိုးလုပ်နေသည့် မမျှမတဆောင်ရွက်သော ရွှေတောင်မြို့နယ် စည်ပင်ဦးစီး ဦးဟန်ရှိန်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး အရေးယူဖို့ ပြည်သတင်း(အွန်လိုင်းမီဒီယာ)မှတဆင့် တင်ပြလိုက်ပါသည်။တာဝန်ရှိ အခြေခံဝန်ထမ်းတွေ မျှမျှတတ ဆောင်ရွက်မှ တိုင်းပြည်အေးချမ်းသာယာရှိပါမည်။
ကိုမင်းမင်းထွန်း--- ၇/ပတန(နိုင်)၀၈၄၇၃၇---ကြာနီကန်လမ်း/ကြာနီကန်ရပ်ကွက်/ရွှေတောင်မြို့ မှ တိုင်ကြားအပ်ပါသည်။

0 comments:

Post a Comment

Facebook Like Page