Friday, December 16, 2016

Leave a Comment

နွားခြံမီးလောင်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံး

ပြည့်သဲမောင်(ပြည်)09-423671883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ အောင်ချမ်းသာ
(၂)ကရင်ကုန်း ပြည်သာယာရပ်တွင် ဒီဇင်ဘာ(၁၆)ရက်
နေ့ ည (၇)နာရီ(၃၀)အချိန်ခန့် နွားခြံ၌ခြင်ဆေးခွေထွန်း
ထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် ၃၀×၂၅ အကျယ် သက်က
ယ်မိုး ထရံကာ နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး မီးလောင်
မှုကြောင့် နွားခြံထဲရှိ ဦးသီး (ဘ)ဦးပိန် အသက်(၇၈)နှစ် 
အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံးကြောင်း ကနဦးသ
တင်းရရှိပြီး နောက်ဆက်တွဲသတင်းဆက်လက်ဖော်ပြ
ပေးမည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ဓါတ်ပုံ ညီညီ(ပန်းတောင်းလူငယ်); Ko Oo

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Thursday, December 15, 2016

လိုင်စင်အနက်ဖြင့်ခရီးသည်တင်ပြေးဆွဲနေသောကား များအားစိစစ် စစ်ဆေးကာ ထိရောက်စွာအရေးယူမည် ဟုသိရ ပြည့်သဲမောင်(ပြည်)

Leave a Comment

လိုင်စင်အနက်ဖြင့်ခရီးသည်တင်ပြေးဆွဲနေသောကား
များအားစိစစ် စစ်ဆေးကာ ထိရောက်စွာအရေးယူမည်
ဟုသိရ

ပြည့်သဲမောင်(ပြည်)
လုပ်ငန်းလိုင်စင်မရှိကုန်တင်ကုန်ချပြုလုပ်နေသောယာဉ်
များနှင့်လိုင်စင်အနက်ဖြင့် ခရီးသယ်တင်ပြေးဆွဲနေသော
ကားများအားစိစစ် စစ်ဆေးကာ ထိရောက်စွာအရေးယူေ
တာ့မည် ဖြစ်ကြောင်းသိရသည်။


ပြည်ခရိုင် ၊ပြည်မြို့နယ်အတွင်း ပြေးဆွဲနေသော အချို့
ကားများသည် လုပ်ငန်းလိုင်စင်ဝင်ထားခြင်းမရှိဘဲ ခရီး
သည်တင်ပြေးဆွဲနေကြောင်းလုပ်ငန်းလိုင်စင်ဝင်ကာ နို
င်ငံတော်အခွန်ဆောင်ထားသူ ကားပိုင်ရှင်တစ်ဦးကပြော
သည်။

“ကျွန်တော်တို့က သိန်းသုံးဆယ်လောက်အကုန်အကျခံ
ပြီး လိုင်ရအောင် လုပ်ငန်းလိုင်စင်ရအောင်လုပ်ထားရတာ
ဗျ။အဲဒါကိုသူတို့တွေ အခုလိုလုပိငန်းလိုင်စင်မရှိဘဲ လိုင်စင်
အနက်တွေနဲ့လိုင်းပြေးဆွဲနေတော့ ကျွန်တော်တို့ဘက်က
နစ်နာတယ်၊ဒီလိုလုပ်လို့ရတယ်ဆိုရင် ကျွန်တော်တို့လဲ လု
ပ်ငန်းလိုင်စင်မလုပ်ဘဲနဲ့ လိုင်စင်အနက်နဲ့ဘဲ ခရီးသယ်တင်
မယ်ဖြစ်လား”ဟု ခရီးသယ်တင်ပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တ
စ်ဦးကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ေ
ဆာင်ရေးကြီးကြပ် ညှို့နှိုင်းမှု့ဌါနမှ ပြည်ခရိုင်ဦးစီးမှူးအား မေး
မြန်းရာခဲ့သည်။

“ကျမတို့အနေဖြင့် မြို့တွင်းရောက်၍ ကုန်တင်/ကုန်ချပြုလုပ်နေ
ခြင်း၊မြို့တွင်းအခြေပြုရပ်နားသည့် အဝေးပြေးယာဉ်အသင်းများ
အနေဖြင့်စည်ကမ်းမဲ့ရပ်နားပြေးဆွဲခြင်းတို့အား တစ်လကို(၅)
ကြိမ်(၆)ကြိမ်ခန့်နယ်မြေအတွင်း ကွင်းဆင်းကာ စည်းကမ်းမဲ့
ယာဉ်များကိုအဖမ်းဆီးကာ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့လ
ကဆိုရင် (၉)စီးဒဏ်ရိုက်ခဲ့ပြီး (၂)ကိုတော့ ယာဉ်ထိန်းရဲကိုလွှဲ
အပ်အမှုဖွင့်ခဲ့ပါတယ်။။ပြီးတော့ အဖွဲ့ပေါင်းစုံနဲ့လိုက်လံစစ်ဆေး
အရေးယူမှုများဆောင်ရွက်ခဲ့ပါတယ်။အဲဒီလိုဆောင်ရွက်တဲ့နေ
ရာမှာ ယာဉ်မောင်တွေကမခြေမငံဆက်ဆံတာကိုလဲခံရတယ်
ဒါကြောင့် ကျမကအစည်းအဝေးမှာတင်ပြပြီး အနောက်ထပ်ဖမ်း
ဆီးတဲ့အခါမှ ဒဏ်ငွေ(၃)သောင်းမရိုက်တော့ဘဲ ယာဉ်ထိန်းရဲတ
ပ်ဖွဲ့ကတဆင့်တရားစွဲမှာပါ။တရားရုံးက ပြစ်ဒဏ်နဲ့ဒဏ်ငွေဆော
င်ရရင် ဒီထက်မကငွေပိုပြီးဒဏ်ငွေဆောင်ရသလို အလုပ်လဲပိုရှုပ်
သွားမယ်”ဟု ပြည်ခရိုင်ဦးစီးမှူး ဒေါ်မြမြမွန် ကပြောသည်။

ပြည်မြို့တွင် အဓိကလမ်းမများဖြစ်သော လမ်းရှည်လမ်း၊လမ်းမေ
တ်ာလမ်း ၊ဗိုလ်ချုပ်လမ်းစသည့် မြို့တွင်းလမ်းတွေမှာ ယာဉ်မောင်
သူတို့၏ ယာဉ်စည်းကမ်းလမ်းစည်းမလိုက်နာ၍လည်းကောင်း၊ဌာ
နဆိုင်ရာကားများက စည်းကမ်းမဲ့ရပ်ခြင်းကြောင့်လည်းကောင်း၊ကို
ယ့်အကျိုးစည်းပွားရေးကိုသာကြည့်ပြီး ရောင်းဝယ်ဖောက်ခါးနေတဲ့
ဆိုင်ရှင်များကြောင့်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အများ
ပြည်သူစိတ်အနှောက်အယှက်ဖြစ်ဖွယ်ရာ အများပိုင်လမ်းတွေမှာယာ
ဉ်ပိတ်ဆို့မှုကျောပိတ်ဆို့မှုတွေ မကြာခဏဖြစ်နေကြောင်းတွေရသည်။

“ကျွန်တော် တို့ရွှာကအမျိုးတွေကို ဈေးလိုက်ပို့တာပါ။ခရီးသယ်တင်
လိုင်းဆွဲတာမဟုတ်ပါဘူး။ကားတစ်စီးလုံးမှာပါတဲ့သူတွေအားလုံးက
အမျိုးတွေပါ”ဟု လိုင်စင်အနက်ဖြင့် ဘေးဘယ်ညာတွင် ဆီဗုံးများ၊ေ
ဈးခြင်းတောင်းများ၊ကုန်များ၊ရွာသူ/ရွာသားများ တင်ဆောင်လာသော
ကားတစ်စီးမှယာဉ်မောင်းတစ်ဦးကပြောသည်။

ထိုသို့မြို့တွင်လမ်းများအား ယာဉ်ကျောပိတ်ဆို့မှုနှင့်ပတ်သက်ပြီးယာဉ်
ကြီးကြပ်မှုကော်မတီက တိတိကျကျသက်သက်မှတ်မှတ် ဆောင်ရွက်
မှုမရှိဘဲ တစ်ရေးနှိုးမှတစ်ခါသာဖမ်းဆီးပြီး အခြေခံလူတန်းစားများဆီး
သောဆိုင်ကယ်များကိုသာ ဖမ်းဆီးအရေးယူဒဏ်ရိုက်နေတာကိုလဲေ
တွ့မြင်ရပါသည်။အမှန်တကယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအပါ
အဝင် ယာဉ်ကျောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် သက်ဆိုင်ရာဌါနများဖြစ်
တဲ့ ခရိုင်ပို့ဆက်ဦးစီးဌါန၊ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး
ဌါန၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ယာဉ်ထိန်း
တပ်ဖွဲ့၊ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(ယကက) စသည့်အ
ဖွဲ့များပူးပေါင်း၍ တစ်ပတ်မှာ (၃)ရက်ဆိုင်ကယ်ဖမ်း၊ကျန်(၂)ရက်မှာ
လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသယ်တင်ပြေးဆွဲနေသောကားများ၊လုပ်
ငန်းလိုင်စင်မရှိဘဲ ကုန်တင်/ကုန်ချ ပြုလုပ်နေသောကားများ၊ယာဉ်နှစ်
ထပ်ရပ်သောကားများနှင့်ယာဉ်ကျောပိတ်ဆို့ခရီးသယ်တင်သောကား
လေးလိုင်းများမှ ယာဉ်များအား အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း
ရေးသားဖော်ပြအပ်သည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








Read More...

Sunday, December 11, 2016

ပြည်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ WYဆေးပြား အလေးချိန် (၁၄၉၅.၄ ကီလိုဂရမ်)ဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်)

Leave a Comment

ပြည်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ WYဆေးပြား အလေးချိန်
(၁၄၉၅.၄ ကီလိုဂရမ်)ဖမ်းဆီးရမိ
ပြည့်သဲမောင်(ပြည်)
ပန်းတောင်း နိုဝင်ဘာ (၁၀)ရက်
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့အခြေစိုက်ရုံးဖြစ်သည့်
ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ဒုစရိုက်နိမ်နင်းရေးအဖွဲ့မှ ဦးဆောင်
၍ ပန်းတောင်းမြို့နယ်ညောင်ခြေထောက်အုပ်စု၊ညောင်ကျိုးေ
ကျးရွာ၊(မကဖ)ကင်းစခန်းရှေ့ တွင်ကားတစ်စီးအားရပ်တန့်စစ်
ဆေးရာမှ WYစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်းသိရသ
ည်။
အဆိုပါဖမ်းဆီးရေးအဖွဲ့မှ ရဲအုပ် စိုးမင်း၊ဒုရဲအုပ် လှမင်း၊တကက
မင်းသိန်းထိုက်၊တက အောင်ဆန်းဦး၊တက မျိုးဝင်းထွန်း၊တကနိုင်
လင်းအောင်၊တက ဇော်ဇော်၊ဒုတက ဖြိုးသော်ထက်၊တသ မြထက်
အောင် ၊သက်သေ ပြည်မြို့၊ဆံတော်ရပ်ကွက်နေ ဦးသိန်းဆွေ၊နဝင်း
ရပ်ကွက်နေ ဦးဝင်းသိန်းတို့နှင့်အတူ ပန်းတောင်းမြို့နယ် ၊ညောင်ခြေ
ထောက်အုပ်စု၊စမ်းပက်လက်ကျေးရွာအနီး၊ပန်းတောင်း တောင်ကုတ်
ကားလမ်းဘေး၊မိုင်တိုင်အမှတ်(၂၉)မိုင်၊(၂)ဖာလုံရှိ ဦးခင်ဇော်ဦး(၅၁)
နှစ်၊(ဘ)ဦးကျော်စိုး၊ထော်လာဂျီမောင်းသူ၏ တဲစုအနီးတွင် သယ်ဆေ
ာင်ဖြန့်ဖြူး ရောင်းချအလို့ငှာ မူးယစ်ဆေးဝါးများအား ဝှက်သိမ်းထားေ
ကြာင်းသတင်းရရှိခဲ့သည်ဆို၏။
ထိုသို့သတင်းရရှိခဲ့သည့်အတိုင်း(၈.၁၂.၂၀၁၆)ရက်နေ့မှ စ၍ အမှတ်
(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ပြည်မြို့မှ ရဲအုပ် ကျော်စိုးဦးအဖွဲ့နှင့်
ဆက်သွယ်သတင်းရယူ၍ ၄င်းတို့နှင့်ပူးပေါင်းစောင့်ကြည့်သတင်းအ
တည်ပြုခဲ့ရာမှ (၁၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၅)နာရီ(၃၀)အချိန် ဝှ
က်ထားသော မူးယစ်ဆေးဝါးများအား ကိုချစ်ဖွယ်(၃၆)နှစ်၊(ဘ)ဦးေ
သာင်းမြင့်ကျဘမ်းလုပ်၊ဥသျှစ်ပင်မြို့၊ကိုသက်ဝင်းဇော်(၃၁)နှစ်(ဘ)
ဦးသိန်းလွင်၊လယ်လုပ်၊တောင်လည်ရွာ၊ပေါက်ခေါင်းမြို့နယ်နေသူ
တို့မှ ယာဉ်မောင်း ကိုကျော်ကျော်(ခ)ဝင်းကျော်ဦး(၃၄)နှစ်(ဘ)ဦး
ခင်မြင့်၊ညောင်ခြေထောက်ရွာနေသူ မောင်းနှင်လာသော9J/------
(၆)ဘီးတပ်အပြာရောင် SKAT FAW ကားဖြင့် တင်ဆောင်၍ တေ
ာင်ကုတ်ဘက်သို့ သယ်ဆောင်သွားကြောင်းသတင်းအရ ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ရဲအုပ် ကျော်စိုးဦးအဖွဲ့၊ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်
ဝင်းဆန်းအဖွဲ့၊ညောင်ကျိုးရဲကင်းမှ ရဲအုပ်သန့်ဇင်အဖွဲ့တို့နှင့်ပူးပေါင်း
၍ သက်သေများနှင့်အတူလိုက်လံပိတ်ဆို့ရှာဖွေခဲ့သည်ဟုဆို၏။
၎င်းကဲ့သို့ရှာဖွေရာ ညောင်ကျိုးကျေးရွာ၊(မကဖ)ကင်းစခန်းရှေ့အေ
ရာက် နံနက်(၆)နာရီ(၃၀)အချိန်ခန့် ယာဉ်မောင်း ကိုကျော်ကျော်(ခ)
ဝင်းကျော်ဦး မောင်းနှင်လျှက် ယာဉ်ပေါ်တွင်ပါလာသူချစ်ဖွယ် ၊သက်
ဝင်းဇော်တို့နှင့်အတူ ယာဉ်ပေါ်မှသံပေပါများဖြင့်ထည့်လျှက် ဒီဇယ်
ဆီ(၃၅)ဂါလံထည့်ထားသော သံပေပါ(၁)လုံး၊ဒီဇယ်ဆီ(၃၂)ဂါလံ
ထည့်ထားသော သံပေပါ(၁)လုံး၊ဒီဇယ်ဆီ(၄၂)ဂါလံထည့်ထားေ
သာ သံပေပါ(၁)လုံး၊(၁၀၀၀၀)ပြားဝင် အထုပ်ဖြင့်ထည့်လျှက် အ
ထုပ်(၁၀၀)စီထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်
ကြွရူးသွပ်ဆေးပြား(၁၀၀၀၀၀၀)ပြားဝင် သံပေပါ(၁၄)လုံး၊(စုစုေ
ပါင်း-၁၄၀၀၀၀၀၀ ပြား)နှင့်(၁၀၀၀၀)ပြားဝင် အထုပ်ဖြင့်ထည့်
ထားသောအထုပ်(၉၅)ထုပ်နှင့်(၂၀၀၀ ပြား)ဝင်အထုပ် အထုပ်
(၂)ထုပ်ထည့်ထားသော WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ
ရူးသွပ် ဆေးပြား(၉၅၄၀၀၀)ပြားဝင် သံပေပါ(၁)လုံး(စုစုပေါင်း
WY စိတ်ကြွရူးသွပ် ဆေးပြား(၁၄၉၅၄၀၀၀ ပြား အလေးချိန်
၁၄၉၅.၄ ကီလိုဂရမ်)၊လက်ကိုင်ဖုန်း(၁)လုံး၊နိုင်ငံသားစိစစ်ေ
ရးကဒ်ပြား မူရင်း(၁)ခုအား သိမ်းဆည်းရမိကြောင်း သိရှိရ
သည်။
ထို့ကြောင့် အမှုနှင့်ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ
ဦးခင်ဇော်ဦးနှင့် မူးယစ်ဆေးဝါးများအားဖြန့်ဖြူးရောင်းချရန်အ
လို့ငှာ လက်ဝယ်ထားရှိကိုကျော်ကျော်ဝင်း(ခ)ဝင်းကျော်ဦး၊ကို
ချစ်ဖွယ်၊ကိုသက်ဝင်းဇော် တို့အားအရေးယူပေးပါရန်ပြည်ခရို
င်ရဲတပ်ဖွဲ့မှူးရုံးမှ ဒ/န ခေါင်းဆောင် ရဲအုပ်စိုးမင်းမှတရားလိုပြု
လုပ်တိုင်ကြားချက်ဖွင့်ထားကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

ရွှေအလင်းအိမ် mobile

Leave a Comment


ရွှေအလင်းအိမ်  mobile ဟန်းဆက်အမျိုးမျိုး ငွေဖြည့်
ကဒ်အမျိုးမျိုး မိုဘိုင်း ဖုန်းဆက်စပ်ပစ္စည်းအမျိုးမျိုးေ
ရာင်းဝယ်ရေးနှင့်ပြူပြင်ရေး

ရွှေအလင်းအိမ်  mobileမှ  Samsung,Huawei,
Xiaomi,Mezui,Oppo,Vivo,Kenbo,Singtech,
ZTE,Hello,X.Bo,Syh,Maxxcall,Caszh,Hisense,
Coolpad,Phicomm,Keypad အထိုင်ဖုန်း အစရှိ
သောဟန်းဆက်အမျိုးမျိုးနှင့် Power Bank အမျိုး
မျိုးဖုန်းဆက်စပ်ပစ္စည်းအမျိုးမျိုး နှင့်ငွေဖြည့်ကဒ်အ
မျိုးမျိုး(လက်လီ၊လက်ကား)တို့ကိုဈေးနှူန်းချိုသာစွာ
ဖြင့် ပစ္စည်းမှန်ဈေးမှန်ဖြင့် ရောင်းချပေးနေပါသည်။

ဟန်းဆက်ဝယ်ယူအားပေးသူတိုင်းအား မြန်မာစာ၊
မြန်မာလက်ကွက်Zapya(ဇက်နီ)Xendar(ဇက်စိမ်း)
တက်သက်စာအခမဲ့ထည့်သွင်းပေးမည့်အပြင်အခြား
ဝန်ဆောင်မူများကိုလည်းအထူးလျှော့ပေးသွားမည်ဖြစ်
ပါသည်။ဝယ်ယူအားပေးသောမိဘပြည်သူများ၊မိတ်ေ
ဟာင်း၊မိတ်သစ်များအားကျေးဇူးအထူးတင်ရှိပါသည်။
လူကြီးမင်းတို.ဖုန်းဝယ်မည်ဆိုလျှင် ရွှေလင်းအိမ်Mob
ile  သို.ကြွလှမ်းခဲ့ဖို.ဖိတ်ခေါ်အပ်ပါတယ်ရှင်။

ဆက်သွယ်ရန်လိပ်စာ No.33/34 ၊ပြည်-တောင်ငူလမ်း၊
ရဲစခန်းရှေ့၊ပေါက်ခေါင်းမြို.။

Ph.09452334559
09261338877
0933555455



l





Read More...

Friday, December 9, 2016

အသက်(၁၂)နှစ်အရွှယ် ကလေးသူငယ်အား အဓမ္မ ပြုကျင့်တဲ့ ကျောင်းထိုင်ဆရာတော် အမိန့်ချ

Leave a Comment

အသက်(၁၂)နှစ်အရွှယ် ကလေးသူငယ်အား အဓမ္မ
ပြုကျင့်တဲ့ ကျောင်းထိုင်ဆရာတော် အမိန့်ချ

ပြည် နိုဝင်ဘာ (၉)ရက်နေ့
ခမ်းရတနာဘုန်းတော်ကြီး ပညာရေးကျောင်းမှ ကျောင်း
သူလေးအား အဓမ္မပြုကျင့်ခဲ့သော အမှုကိုပြည်ခရိုင်တ
ရားရုံးမှ နိုဝင်ဘာ(၉)ရက်နေ့ ညနေ(၄)နာရီအချိန့်တွင်
အဓမ္မပြုကျင့်မှုပြစ်ဒဏ်အတွက် ထောင်ဒဏ် အနှစ်(၂၀
)ကိုလည်းကောင်း သာသနာ့မြေတွင်ပြစ်မှုကျုးလွန်သ
ည့်အတွက် ထောင်(၂)နှစ်ကိုလည်းကောင်း အမိန့်ချခဲ့
ပြီး အဆိုပါပြစ်ဒဏ် နှစ်ရပ်လုံးအား တပေါင်းတည်းကျ 
ခံစေရန်အမိန့်ချခဲ့ကြောင်းကနဦးသိရှိရပြီးသတင်းအပြည့်
အစုံ ဆက်လက်ဖော်ပြပေးမည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Facebook Like Page