Thursday, June 26, 2014

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစောသော ဆေးဝါးများအန္တရယ် တားဆီကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Leave a Comment



မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစောသော ဆေးဝါးများအန္တရယ် တားဆီကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်တောင်းမြို့နယ် ၊ ဥသျှစ်ပင်နယ်မြေ ရဲစခန်းအပိုင်
ဥသျှစ်ပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေပင်ရတနာခန်းမတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရယ် တားဆီးကာကွယ်ရေး အသိပညာ ပေးဟော ပြောပွဲအား ဇွန်လ(၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်း ပပြုလုပ်ခဲ့သည်။
၎င်းဟောပြောပွဲတွင် ပန်းတောင်းမြို့နယ် ၊ မူးယစ်ဆေးဝါး များနှင့် စိတ်ကိုပြောင်းလဲစေသောအန္တရာယ် တာဆီးကာကွယ်ရေး ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး ဦးဝင်းဇော်ထွေးမှ အဖွင့်အမှာစကားပြောကြားခြင်း ၊ ဒုဥက္ကဋ္ဌ ပန်တောင်းမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေမှ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သယ်ဆောင်ပုံ နည်းလမ်းများ အကြောင်းအား Power Point ဖြင့် အသိပညာပေးရှင်းလင်းဟောပြောခြင်း ၊ ပန်းတောင်းမြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း( MANA) အဖွဲ့နာယက ဒေါ်တင်လှိုင်မှ မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေး ဟောပြောခြင်း ၊ ပန်းတောင်းမြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရယ် တာဆီးကာကွယ်ရေး အဖွဲ့ဝင် မြို့နယ် ဥပဒေအရာရှိ ဒေါ်အေးမြမြခိုင်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) အဖွဲ့မှ အဖွဲ့ဝင် ဒေါ်မြင့်မြင့် မှ “မူးယစ်ဆေးဝါးကို ဘာကြောင့်ဆန့်ကျင်ရေးရသလဲ” ခေါင်းစဉ်ဖြင့် ဟောပြောခြင်းများဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်း (ဥသျှစ်ပင်) ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) အထက်တန်းပြဆရာ ဦးရွှေလီမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဟောပြောမှုအခမ်းအနားကို နေ့လည်(၁၁:၄၅) အချိန်တွင် ရုတ်သိမ်းခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ပန်းတောင်းမြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရယ်တာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေး ၊ ဒုဥက္ကဋ္ဌ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ ၊ အဖွဲ့ဝင်မြို့နယ် ဥပဒေအရာရှိ ဒေါ်အေးမြမြခိုင်၊ အတွင်းရေးမှူး ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်ဋ္ဌေး ၊ ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ၀င်းဆန်းနှင့်တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲဝင်များ ၊ မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ /ဆရာမများနှင့် ကျောင်းသာ /ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း ပြည့်သဲမောင်(ပြည်)
Read More...

Wednesday, June 25, 2014

၄၃၆ ဟောပြော ပွဲရက် နီးကပ် သည်အထိ ခွင့်ပြု ချက်မရသေး ရေခဲ(ပြည်

Leave a Comment
၄၃၆ ဟောပြော ပွဲရက် နီးကပ် သည်အထိ ခွင့်ပြု ချက်မရသေး
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၂၅
လာမည့် ဇွန်၂၉ရက်တွင် စီစဉ် ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ၄၃၆၊ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပရန် နေရာကို ငြင်းပယ်ခြင်း၊ အတည်ပြုချက်မပေးသေးခြင်းတို့ ကြုံတွေ့ နေရသည်ဟု ပြည်ခရိုင်၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့် သန်းထွန်းက ပြောသည်။
ဇွန်၁၀ရက်ကတည်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း လွတ်လပ်ရေးကျောက်တိုင် ကွင်းကို အသုံးပြုခွင့်ပေးရန် လျှောက်ထားခဲ့သော်လည်း မြို့နယ်ပညာရေးမှူး၏ ကန့်ကွက်မှုကြောင့် ငြင်းပယ် ခြင်းကို ခံခဲ့ရသည်။
ထို့နောက် ရတနာမာန်အောင်ရပ်ကွက်ရှိ လေးထပ်ပြင်ဂေါက်ကွင်းနေရာ ကိုအသုံးပြုခွင့်ပြုရန် ဆက်လက် လျှောက်ထားသော်လည်း ယနေ့တိုင် တရားဝင်ခွင့်ပြုချက်မရသေးဟု ဦးမြင့်သန်းထွန်းက ဆိုသည်။
“ ခွင့်ပြုချင်းမပြုချင်း က အစိုးရတာဝန်။ ပါတီကဒါကိုဆက် လုပ်သွားမယ်။ ဒီကနေ့ကစပြီး ပြင်ဆင် မှုတွေ လုပ်နေပြီ” ဟိုင်းက ဇွန်၂၅ရက် တွင် မဇ္ဈိမကို ပြောသည်။
ပြည်မြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီနာယကဦးတင်ဦးနှင့် (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်တို့ လာရောက်ဟောပြောရန်စီစဉ်သည်။


ရေခဲ(ပြည်​)

တင်​ဆက်​သူ   ပြည်​သတင်းလူငယ်​(ပြည်​သတင်း)



Read More...

Tip Hair Design သင်တန်းသား/ သူများကို လက်ခံခြင်း

Leave a Comment
Tip Hair Design  ( lady & gental ) မှ လှိုက်လှဲစွာကြိုဆိုပါ၏

သင်တန်းသား သင်တန်းသူများကို လက်ခံခြင်း

ဘာသာစုံသင်တန်း (၃) လအတွင်း မတတ်မြောက်ပါက သင်တန်းကြေးလုံးဝမယူပါ။ ဆံပင်ပိုင်းနှင့် ဆံပင်ပိုင်းနှင့် ပတ်သက်ပြီး သင်တန်းအမျိုးမျိုးရှိသဖြင့် ကြိုက်နှစ်သက်ရာကို တက်ရောက်သင်ယူနိုင်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပေးမည်ဖြစ်ပါသည်။ သင်တန်းသူ/သားများထဲမှ အတော်ဆုံး ကျောင်းသား/သူကို Tip Har Design တွင် အလုပ်ပြန်ခန့်ပေးမည်။ နယ်ဝေးမှတက်ရောက်သင်ယူသော သင်တန်းသား/သူများကို နေစရိတ်၊ စားစရိတ် စီစဉ်တာဝန်ယူပေးပါမည်။ သင်တန်းတက်ရောက်သူများကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်မှုရှိမှသာလျှင် certificate ပေးသွားမည်ဖြစ်ပါသည်။

" မှန်တစ်ချပ်၊ ဘီးတစ်ချောင်း၊ ကပ်ကြီးတစ်လက်ရှိယုံဖြင့် သင့်ဘဝခိုင်မာမှုရှိအောင် Tip Hair Design သို့ လျှောက်လှမ်းခဲ့ပါ "

(သင်တန်းသား/သူများကို အရေအတွက် ကန့်သတ်ထားပါသည်)

အသေးစိတ်သိရှိလိုပါက - 09 31750142, 09-450055496, 09-250715229 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

* ခေါင်းလျှော်၊ နှိပ်လျှော်၊ ဆံပင်ညှပ်၊ ဆံပင်ဖြောင့်၊ ဆံပင်ကောက် (အအေး Digital) ဆံပင်ကာလာဆိုးခြင်းနှင့် ဟိုက်လိုက်ရောင်စုံဖောက်ခြင်း၊ ဆံပင်ပေါင်းတင်၊ ဆံပင်ဆက်၊ မျက်နှာဆေး၊ မျက်နှာဂျီးချွတ်၊ မျက်နှာပေါင်းတင်ခြင်းတို့ကို လူကြီးမင်းတို့ စိတ်တိုင်းကျ အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါသည်။

လာရောက်အားပေးသော customer များကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် ကျပ်ငွေတစ်သောင်းတန်ဖိုး (၁၀၀၀၀ိ/) အသုံးပြုခြင်းဖြင့် 30 % Discount Menber ပြုလုပ်ပေးပါမည်။

Tip Hair Design
Read More...

ကားသော့ပျောက်သွားသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါ အထူးကျေးဇူးဆပ်ပါမည်

Leave a Comment

၂၁.၆.၂၀၁၄ စနေနေ့ နံနက် (၁၀) နာရီ အချိန်ခန့်တွင် ပြည်မြို့ ကမ်းနားတလျှောက် ဈေးကြီးအနီးတဝိုက်တွင် Ford အမှတ်တံဆိပ်ပါ ကားသော့ တစ်ချောင်းနှင့် တွဲလျှက် တံဆိပ်ပါ ကားသော့တစ်ချာင်းနှင့် တွဲလျှက် remove တစ်ခုပါသော့တွဲ ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါ အထူးကျေးဇူးဆပ်ပါမည်။

ဆက်သွယ်ရန် - ၀၅၃ ၄၉၁၃၆, ၀၉ ၄၂၃၇၀၆၆၁၁
Read More...

Tuesday, June 24, 2014

သရေခေတ္တရာမြို့ဟောင်းတွင် မူလနေထိုင်သူများအား ဖယ်ရှားပစ်မည်မဟုတ်ဟု ယဉ်ကျေးမှုဒု-၀န်ကြီး ကတိပေး ဖိုးစိုးသူ| ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၅ ရက်၊ ၂၀၁၄ ခုနှစ်

Leave a Comment
သရေခေတ္တရာမြို့ဟောင်းတွင် မူလနေထိုင်သူများအား ဖယ်ရှားပစ်မည်မဟုတ်ဟု ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ဇွန် လ၂၃ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော သရေခေတ္တရာမြို့ဟောင်း၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ဟောင်းကို မပျက်စီးစေရန် ဒေသခံများအား ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သရေခေတ္တရာမြို့ဟောင်း ထိန်းသိမ်းရေး တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းပြီး ပညာပေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

“ဒေသခံတွေ၊ မူလကတည်းက နေထိုင် သူတွေကို မဖယ်ခိုင်းပါဘူး။ ဟန်လင်းနဲ့ ဗိဿနိုးမှာတော့ လူနေအိမ်တွေ ကပ်နေတာတွေ မရှိတဲ့အတွက် ပြဿနာတော့ မရှိပါဘူး”ဟု ဆိုသည်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းသရေ ခတ္တရာမြို့ရိုးအတွင်း လူနေအိမ် ၁၇ လုံး နေထိုင်ခဲ့ပြီး အဆိုပါအိမ်များကို ရွှေ့ပြောင်း ခိုင်းမည်မဟုတ်ဘဲ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် မြို့ဟောင်းသွားရာ လမ်းတစ်လျှောက်ရှိ ထပ်မံဝင်ရောက်နေထိုင်သည့် ကျူးကျော်အိမ်များကို နိုင်ငံတော်အဆင့်ဖြင့် ဖယ်ရှားသွားမည်ဖြစ်ကြောင်း သရေခေတ္တရာ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ဦးစီးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

“လောလောဆယ်တော့ အိမ်တွေနေထိုင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမယ်ဆိုတာလောက်ပဲ သိရသေးတယ်”ဟု ဆိုသည်။

သရေခေတ္တရာမြို့ဟောင်းသို့သွားရာ လမ်းတစ်လျှောက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ပေါင်း ၁၀၀ ခန့် ရှိပြီး အဆိုပါပြဿနာကို ဖြေရှင်းရန်မှာ တာဝန်ရှိသူတို့၏ အားနည်းချက်များကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ခြင်းမရှိပါက ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်မှု ပယ်ဖျက်သွားနိုင်သည်ဟု ပြည်မြို့ဒေသခံတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

“ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း မသတ်မှတ်ခင်ကတည်းက ဒီမှာ ကျူးကျော်ပြဿနာတွေ ရှိနေပြီ။ ဒါကို အစောကြီးကတည်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေရှင်းသင့်တယ်။ အခုတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီ။ ဘယ်လိုဖြေရှင်းမလဲ။ အနုနည်းနဲ့ဖြေရှင်း မလား၊ အကြမ်းနည်းနဲ့ဖြေရှင်းမလား ဆိုတာက အရမ်းအရေးကြီးတယ်”ဟု ဆိုသည်။

ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ် ကျေးမှုအဖွဲ့ UNESCO က ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ရှေးဟောင်းမြို့သုံးမြို့ဖြစ်သည့် ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာတို့ကို UNESCO ၏ “ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်နေရာများ” အဖြစ် ဇွန်လ ၂၂ ရက်က ပဏာမ ရွေးချယ်လိုက်သည်။ အဆိုပါ ရှေးဟောင်းပျူမြို့များတွင် အုတ်တံတိုင်း အကြွင်းအကျန် သုံးခုရှိသည်။ ကျုံးသွင်းထားသည့် အဆိုပါ ရှေးဟောင်းမြို့များမှာ ဧရာဝတီမြစ်ဝှမ်း ခြောက်သွေ့ဒေသတွင် တည်ရှိသည်။

Aye Chan Mon Credit To: Mizzima - News in Burmese

တင်​ဆက်​သူ     ပြည်​သတင်းလူငယ်​(ပြည်​သတင်း)


Read More...

Facebook Like Page