Thursday, June 26, 2014

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစောသော ဆေးဝါးများအန္တရယ် တားဆီကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Leave a Comment



မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစောသော ဆေးဝါးများအန္တရယ် တားဆီကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်တောင်းမြို့နယ် ၊ ဥသျှစ်ပင်နယ်မြေ ရဲစခန်းအပိုင်
ဥသျှစ်ပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေပင်ရတနာခန်းမတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရယ် တားဆီးကာကွယ်ရေး အသိပညာ ပေးဟော ပြောပွဲအား ဇွန်လ(၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်း ပပြုလုပ်ခဲ့သည်။
၎င်းဟောပြောပွဲတွင် ပန်းတောင်းမြို့နယ် ၊ မူးယစ်ဆေးဝါး များနှင့် စိတ်ကိုပြောင်းလဲစေသောအန္တရာယ် တာဆီးကာကွယ်ရေး ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး ဦးဝင်းဇော်ထွေးမှ အဖွင့်အမှာစကားပြောကြားခြင်း ၊ ဒုဥက္ကဋ္ဌ ပန်တောင်းမြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး မြင့်ဆွေမှ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သယ်ဆောင်ပုံ နည်းလမ်းများ အကြောင်းအား Power Point ဖြင့် အသိပညာပေးရှင်းလင်းဟောပြောခြင်း ၊ ပန်းတောင်းမြို့နယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း( MANA) အဖွဲ့နာယက ဒေါ်တင်လှိုင်မှ မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေး ဟောပြောခြင်း ၊ ပန်းတောင်းမြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရယ် တာဆီးကာကွယ်ရေး အဖွဲ့ဝင် မြို့နယ် ဥပဒေအရာရှိ ဒေါ်အေးမြမြခိုင်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း ၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) အဖွဲ့မှ အဖွဲ့ဝင် ဒေါ်မြင့်မြင့် မှ “မူးယစ်ဆေးဝါးကို ဘာကြောင့်ဆန့်ကျင်ရေးရသလဲ” ခေါင်းစဉ်ဖြင့် ဟောပြောခြင်းများဆောင်ရွက်ကာ အခြေခံပညာအထက်တန်းကျောင်း (ဥသျှစ်ပင်) ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) အထက်တန်းပြဆရာ ဦးရွှေလီမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဟောပြောမှုအခမ်းအနားကို နေ့လည်(၁၁:၄၅) အချိန်တွင် ရုတ်သိမ်းခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ပန်းတောင်းမြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရယ်တာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေး ၊ ဒုဥက္ကဋ္ဌ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဆွေ ၊ အဖွဲ့ဝင်မြို့နယ် ဥပဒေအရာရှိ ဒေါ်အေးမြမြခိုင်၊ အတွင်းရေးမှူး ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်ဋ္ဌေး ၊ ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ၀င်းဆန်းနှင့်တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲဝင်များ ၊ မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ /ဆရာမများနှင့် ကျောင်းသာ /ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page