Wednesday, June 25, 2014

၄၃၆ ဟောပြော ပွဲရက် နီးကပ် သည်အထိ ခွင့်ပြု ချက်မရသေး ရေခဲ(ပြည်

Leave a Comment
၄၃၆ ဟောပြော ပွဲရက် နီးကပ် သည်အထိ ခွင့်ပြု ချက်မရသေး
ရေခဲ(ပြည်)

ပြည်၊ ဇွန် ၂၅
လာမည့် ဇွန်၂၉ရက်တွင် စီစဉ် ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ၄၃၆၊ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပရန် နေရာကို ငြင်းပယ်ခြင်း၊ အတည်ပြုချက်မပေးသေးခြင်းတို့ ကြုံတွေ့ နေရသည်ဟု ပြည်ခရိုင်၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့် သန်းထွန်းက ပြောသည်။
ဇွန်၁၀ရက်ကတည်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း လွတ်လပ်ရေးကျောက်တိုင် ကွင်းကို အသုံးပြုခွင့်ပေးရန် လျှောက်ထားခဲ့သော်လည်း မြို့နယ်ပညာရေးမှူး၏ ကန့်ကွက်မှုကြောင့် ငြင်းပယ် ခြင်းကို ခံခဲ့ရသည်။
ထို့နောက် ရတနာမာန်အောင်ရပ်ကွက်ရှိ လေးထပ်ပြင်ဂေါက်ကွင်းနေရာ ကိုအသုံးပြုခွင့်ပြုရန် ဆက်လက် လျှောက်ထားသော်လည်း ယနေ့တိုင် တရားဝင်ခွင့်ပြုချက်မရသေးဟု ဦးမြင့်သန်းထွန်းက ဆိုသည်။
“ ခွင့်ပြုချင်းမပြုချင်း က အစိုးရတာဝန်။ ပါတီကဒါကိုဆက် လုပ်သွားမယ်။ ဒီကနေ့ကစပြီး ပြင်ဆင် မှုတွေ လုပ်နေပြီ” ဟိုင်းက ဇွန်၂၅ရက် တွင် မဇ္ဈိမကို ပြောသည်။
ပြည်မြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီနာယကဦးတင်ဦးနှင့် (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်တို့ လာရောက်ဟောပြောရန်စီစဉ်သည်။


ရေခဲ(ပြည်​)

တင်​ဆက်​သူ   ပြည်​သတင်းလူငယ်​(ပြည်​သတင်း)



0 comments:

Post a Comment

Facebook Like Page