Wednesday, January 4, 2017

မဖိတ်သော်လည်း ဂုဏ်ပြုထိုက်သူတွေကို ပြည်သတင်းက ထပ်ဆင့်ဂုဏ်ပြု

Leave a Comment
မဖိတ်သော်လည်း ဂုဏ်ပြုထိုက်သူတွေကို ပြည်သတင်းက
ထပ်ဆင့်ဂုဏ်ပြု

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့လွတ်လပ်ရေးနေ့ ည
ပြည်ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် (၆၉)နှစ်မြောက် ဂုဏ်
ပြုညစာစားအား ဇန်န၀ါရီ (၄)ရက်နေ့ ည(၇)နာရီအချိန်ခန့်
အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခရိုင်အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာန ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက အဖွင့်အ
မှာစကားပြောကြားခြင်း၊ ပြည်ခရိုင်အတွင်း အုပ်ချုပ်ရေး ၊ ပ
ညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေးနှင့် လူမှုရေးဏ္ဍအသီးသီး
တွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့သော လူပုဂိုလ်နှင့် အသင်းအ
ဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း ၊အခမ်းအနား
သို့်တက်ရောက်လာသော ဧည့်သည်တော်များအား ညစာ ဖြင့် 
တည်ခင်းဧည့်ခံခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
 
အခမ်းအနားအစီအစဉ်အရ တစ်မျိုးသားလုံး လူညွှန်တုံးစေမည့် မူးယစ်ဆေးဝါးများအား ပြည်သူလူထုလက်ဝယ်သို့ မရောက်ရှိမီ
အချိန်မီ တားဆီး ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့သည့် ပြည်ခရိုင် ရဲတပ်ဖွဲ့
ကိုယ်စားဂုဏ်ပြုလက်မှတ်အားလည်းကောင်း၊ ပြည်မြို့နယ် ခေ
တ္တရာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဇော်လွင်သည် အေး
ချမ်းဖြိုးကောင်စီ လက်ထက်မှစ၍ရပ်ကွက်အေးချမ်းသာဥက္ကဌ
အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာ
လတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေး
ချယ်ခဲ့ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည်ရွေးချယ်
ခံခဲ့ရပြီး (၁-၂-၂၀၁၃) ရက်နေ့မှ ၉၃၁-၃-၂၀၁၆) ရက်နေ့အထိ လည်းကောင်း၊ဒုတိယသက်တမ်းပြန်လည်ရွေးချယ်ရာတွင်လည်း
ရွေးချယ်ခံခဲ့ရပြီး (၁-၄-၂၀၁၆) ရက်နေ့မှ ယနေ့အထိလည်း တာ ၀န်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ခေတ္တရာရပ်ကွက် ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးဇော်လွင်သည် ၂၀၁၄ ခုနှစ်သန်းခေါင်စာ
ရင်း ကောက်ယူုရေးလုပ်ငန်းများ ၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ၊ ရပ်ကွက်အတွင်း
အထွေထွေရွေးကောက် ပွဲဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက်အတွင်း
လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် မိတ်ဘက်အဖွဲ့ အစည်းများနှင့်
အောင်မြင်စွာပူးပေါင်းဆောင်ရွက်ခြင်း၊ ရပ်ကွက်အတွင်းရှိ ပြ
ည်သူများ ၏စားဝတ်နေရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ သာရေး
နာရေးကိစ္စရပ်များ ၊ မီးဘေးကြိုတင်ကာကွယ်ရေးကိစ္စရပ်များ
တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ဦးဇော်လွင်
အား မှတ်တမ်းတင်ဂုဏ်ပြုလွှာကိုလည်းကောင်း ၊ ပြည်မြို့ ပီ
တိအခမဲ့ဆေးခန်းသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ေ
ရှာက်မှုဆိုင်ရာကိစ္စရပ် များတွင် ပါဝင်ကူညီ ဆောင်ရွက် ခဲ့
မှုအတွက် ဦးကျော်သူစိုးအား ဂုဏ်ပြုမှတ်တမ်းလွှာ များအား
ပြည်ခရိုင်အုပ်ချုပ်ရေးမှူးမှပေးအပ်ခဲ့သည်။

ထို့အပြင် ပြည်ခရိုင်အတွင်းရှိ ထူးချွမ်သူများဖြစ်သော အင်းမ
မြို့အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၁၆ ခုနှစ် တက္က
သိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံး စွမ်းေ
ဆာင်နိုင်ခဲ့သည် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ထွန်းအား မှတ်
တမ်းတင်ဂုဏ်ပြုလွှာကိုလည်းကောင်း၊ စိုက်ပျိုးရေးထုတ်လုပ်မှု
ကာလတွင် အကောင်းဆုံးစံပြစိုက်ပျိုးအောင်မြင်သူ ဦးလှမိုးအား
ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ၊အခွန်အများဆုံးထမ်းေ
ဆာင်ခဲ့သူ ဦးတင်ဝင်း (ရွှေလင်းယုန် ကျားမင်းကြီး အရက်ချက်
စက်ရုံ) အားဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း ၊ ပေါက်ခေါ
င်းမြို့နယ်အတွင်း အုပ်ချုပ်ရေးဏ္ဍတွင် စွမ်းဆောင်နိုင်ခဲ့သူ ကျွဲေ
ပါင်ပင်ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးထွန်းထွန်းဝင်းအား ဂုဏ်
ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း ၊ ပန်းတောင်းမြို့နယ်အတွင်း 
အုပ်ချုပ်ရေးဏ္ဍတွင် စွမ်းဆောင်နိုင်ခဲ့သူ ဥသျှစ်ပင်မြို့ ရတနာပုံမြို့ 
အုပ်ချုပ်ရေးမှူး ဦးမြသိန်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကော
င်း ၊ ပေါင်းတည်မြို့နယ်အတွင်း အုပ်ချုပ်ရေးဏ္ဍတွင် စွမ်းဆောင်နိုင်ခဲ့
သူ အုတ်ဖို (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှထွေးအား ဂုဏ်ပြုမှတ်
တမ်းလွှာ ကိုလည်းကောင်း ၊ သဲကုန်းမြို့နယ်အတွင်း အုပ်ချုပ်ရေး
ဏ္ဍတွင် စွမ်းဆောင်နိုင်ခဲ့သူ အင်းမမြို့ သီရိသုခရပ်ကွက် အုပ်ချုပ်
ရေးမှူး ဦးစံကြည်အား ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း ၊ေ
ရွှတောင်မြို့နယ်အတွင်း အုပ်ချုပ်ရေးဏ္ဍတွင် စွမ်းဆောင်နိုင်ခဲ့သူ
ကျီးသဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးသောင်းအား ဂုဏ်ပြု
မှတ်တမ်းလွှာ ကိုလည်းကောင်း အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာ
များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မှတ်ချက်။ ။သတင်းအချက်အလက်နှင့်မှတ်တမ်းဓါတ်ပုံသာ
ရိုက်ပါသည်။အစားအသောက်လုံးဝ(လုံးဝ)မစားခဲ့ပါ။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ











Read More...

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းအား ဆင်စီးကာ လည်ပတ်နိုင်တော့မည် သီဟလွင် (မြစ်မခ)

Leave a Comment

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းအား ဆင်စီးကာ လည်ပတ်နိုင်တော့မည်
သီဟလွင် (မြစ်မခ)
ပြည်၊ ဇန်နဝါရီ(၄)ရက်။
ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်သော သရေခတ္တရာပျူမြို့ဟောင်းအား ဇန်န၀ါရီလမှစတင်ကာ ဆင်စီးခြင်းဖြင့် ပြည်တွင်း ပြည်ပခရီသွားများလည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာ ဌာနစုမှ သိရှိရသည်။
ဇန်န၀ါရီ ၃ ရက်နေ့မှစတင်ကာ ဆင်များဖြင့် ခရီးသွားများအား မြို့ဟောင်းအတွင်းသို့ လည်ပတ်သည့် အစီစဉ်များကို ပြုလုပ်လျှက်ရှိကာ ပျူခေတ်လက်ရာ စေတီပုထိုးများအား ဖူးမျှော်ခြင်း၊ ပျူခေတ် မြို့ရိုး၊ နန်းတော်ရာအစရှိသည့် ရှေးဟောင်းဗိသုကာနေရာများသို့ ဆင်စီးကာ လှည့်ပတ်လေ့လာနိုင်မည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
“သွားမယ့်လမ်းအနေအထား အန္တရာယ်ကင်းနိုင်မယ့်လမ်းကြောင်း ဒေသခံတွေ ပူးပေါင်းပါဝင်နိုင်မှုအတွက် ဆင်တွေနဲ့ လက်တွေ့စမ်းသပ်ပြီးသွားပြီ။ အခုဟာက ဧည့်သည်နဲ့စမ်းသပ်တာပေါ့။ တစ်ကယ် ပိုက်ဆံယူမယ် တကယ်လည်မယ်ပေါ့။ ဒီနေ့စမ်းပြီးတော့ စဆွဲပြီ။˝ဟု ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေ ခေတ္တရာဌာနစုမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။
ဆင်စီးချင်းအတွက် ခရီးတိုတွင် ပြည်တွင်းဧည့်သည်တစ်ဦးအတွက် ငါးထောင်ကျပ်၊ ပြည်ပ ဧည့်သည်တစ်ဦး အတွက် တစ်သောင်းကျပ်၊ ခရီးရှည်အတွက် ပြည်တွင်း ဧည့်သည်တစ်ဦးအတွက် နှစ်သောင်းကျပ်နှင့် ပြည်ပ ဧည့်သည်တစ်ဦးအတွက် ငါးသောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။
နောက်ပိုင်းတွင် ပျူခတ်ယဉ်ကျေးမှုအားကောင်းစေရန်အတွက် ဆင်နှင့်ဆင်ဦစီးများအား ပျူခေတ် အဆောင်အရောင်များ ဆင်မြန်းပေးပြီး ခရီးသွားအနေဖြင့် မြို့ဟောင်းအတွင်း လှည့်လည် လေ့လာမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လည်ပတ်မည့် ဆင်များမှာ ပြည်ဒေသ သစ်ထုတ်လုပ်ရေးမှ ဆင်များဖြစ်ပြီး ပဲခူးရိုးမအား အခြေခံ သစ်ထုတ်လုပ်ငန်း ၁၀ နှစ် ရပ်ဆိုင်ပြီး နောက်ပိုင်း ဆင်များအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဆင်ဝန်ထမ်း မိသားစုများ လူမှုဘ၀ကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး လုပ်ငန်းတွင်းမှ ဆင်များအား ယခုကဲ့သို့ ခရီးသွားရေး လုပ်ငန်းတွင် ပြန်လည်သုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပြည်မြို့နှင့် ငါးမိုင်အကွာ ပြည်-ရန်ကုန် ကားလမ်းကြီးဘေးတွင်  နတ်မှော်ဆင်စခန်း ဆင်အလှပြခြင်း၊ ဆင်အပျော်စီးခြင်းများ ပါဝင်ပြီး ပြည်သူများ လာရောက်လည်ပတ်စရာ ဆင်စခန်းတစ်ခုအား ဖွင့်လှစ်ခဲ့သေးကြောင်း သိရသည်။
သရေခေတ္တရာပျူမြို့ဟောင်း အပါအ၀င် ဟန်လင်းနှင့် ဗိဿနိုးတို့အား ကုလသမဂ္ဂ  ပညာရေးသိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ (၂၂) ရက်က ကာတာနိုင်ငံဒိုဟာမြို့တွင် ပြုလုပ်သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေနှစ်အစည်းဝေးတွင်
သတ်မှတ်လိုက်ကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြေငြာခဲ့သည့် နောက်ပိုင်းတွင် ရှေးဟောင်းဇုံများအတွင်းရှိ အဆောက်အဦးများတူးဖော်ခြင်း သုတေသန ပြုခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ခြင်းများ  ပြုလုပ်ခဲ့သည်။
http://myitmakhamediagroup.com/news/tourism-news/11540/


Read More...

Tuesday, January 3, 2017

T.9 Shopမှာ အိမ်သုံး ရုံးသုံး ပစ္စည်းမျိုးစုံရပြီနော်���

Leave a Comment

T.9 Shopမှာ အိမ်သုံး ရုံးသုံး ပစ္စည်းမျိုးစုံရပြီနော်���

## T.9 Shop ဆိုင်တွင် ဂျပန်ပန်းကန် အမေရိကန်
ထုတ်ပန်းကန်ပြင်သစ် အီတလီအစရှိသောနိုင်ငံခြား
ပန်းကန်များ ထိုင်ခုံများ အိမ်ရှင်မများအတွက် မီးဖိုေ
ချာင်သုံးပစ္စည်းများ ရုံးသုံး အိမ်သုံးပရိဘောဂပစ္စည်း
များ နိုင်ငံခြားအိတ်အမျိုးမျိုးတို့ကို သင့်စိတ်တိုင်းကျ
ဝယ်ယူအားပေး နိုင်ကြောင်းသတင်းကောင်းပါးအပ်ပါ
တယ်။��

## ရုံးသုံးကောင်တာတွေ �
## ထိုင်ခုံတွေ �
## ခေါက်ကုတင်တွေ�
## ဗီရိုတွေ�
## အနှိပ်ခုံတွေ �
## ဆိုဖာဆက်တီခုံတွေ ��

&& ပန်းကန်လှလှလေးတွေကိုမှ ချစ်ပါတယ်ဆိုတဲ့
သူတွေအတွက်ကတော့လှပသစ်ဆန်းတဲ့ ပန်းကန်
အသစ်တွေ ပုံစံအစုံ ဒီဇိုင်းအစုံကိုလဲ ကီလိုနဲ့ချိန်ေ
ရာင်းပေးသလိုတစ်လုံးချင်း တစ်စုံချင်းကိုလဲ ဈေး
နှုန်းချိုသာစွာ နဲ့ဝယ်ယူရရှိနိုင်ပါတယ်။��

## Brand ရေမွှေးကောင်းကောင်းတွေကိုလဲ
ဈေးသက်သက်သာသာနဲ့ရောင်းချပေးနေပြီနော်။��

&& နယ်မြို့များကိုလဲကားဂိတ်မှာတဆင့်ပို့ပေးပါတယ်။
နယ်ဖောက်သည်များကိုလဲလက်ကားရောင်းချပေးနေ
ပါပြီ��

@@ ဆက်သွယ်ရန် 09976484100 Viber or
MessageBox မှ တဆင့်မှာယူနိုင်ပါတယ်။��

®® ကိုယ်တိုင် ကိုယ်ကျလာရောက် ဝယ်ယူကြည့်ရှု့
ချင်
ရင်တော့�

## အမှတ်(၉)ဆွေးနွေးဘုရားလမ်း, ပြည်မြို့ မှာဝယ်
ယူနိုင်ပါတယ်။�

Ph@@@ 053-25829 / 09-5311701/09-976484100








Read More...

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ဇုန်ရှောင်လမ်းတစ်ခု ဖောက်လုပ်မည်

Leave a Comment

သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း ဇုန်ရှောင်လမ်းတစ်ခု ဖောက်လုပ်မည်
========================================================
ပြည် ၊ ၂-၁-၂၀၁၇
.
ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးရှိ သရေခေတ္တရာ ရှေးဟောင်းဇုန် အတွင်း ဇုန်ရှောင်လမ်း တစ်ခု ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
.
လက်ရှိ အသုံးပြုနေသည့် ပြည်-ပေါက်ခေါင်း ကားလမ်းမကြီး သည် ရှေးမြို့ဟောင်း မြောက်မြို့ရိုး ကို ဖြတ်သန်း၍ ဖောက်လုပ်ထား ခြင်းဖြစ်ပြီး အင်္ဂလိပ်ခေတ် က ပေါက်ခေါင်း ဒေသမှ သစ်ထုတ်လုပ်ရန် ရည်ရွယ်၍
ဖောက်လုပ်ထားခြင်း ဖြစ်သည်။ ယခုအခါ မော်တော်ယာဉ် အစီးရေ တိုးပွားလာပြီး ကုန်တင်ယာဉ် များနှင့် ခရီးသည်တင် ယာဉ်များ သွားလာမှု များပြားလာသည့် အတွက် ဇုန်ရှောင်လမ်း တစ်ခု မဖြစ်မနေ ဖောက်လုပ်ရန်
စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဇုန်ရှောင်လမ်း ထပ်မံ ဖောက်လုပ်မည် ဖြစ်သော်လည်း လမ်းအဟောင်း အသုံးပြုမှုကို လုံးဝ ပိတ်သိမ်းမည် မဟုတ်ဘဲ ကျေးရွာသုံးလမ်း အဖြစ် ဆက်လက် ထားရှိမည်ဖြစ်ပြီး ယာဉ်ကြီးများ နှင့် အဝေးပြေးယာဉ် များသွားလာ
ခွင့် ကိုသာ တားမြစ်ဖြစ်ပြီး ယခု ဖောက်လုပ်မည့် ဇုန်ရှောင်လမ်း ကိုသာ အသုံးပြု သွားလာရမည် သည်။ လက်ရှိလမ်းသည် ပြည်မြို့မှ ပေါက်ခေါင်းဘက်သို့ သွားရာ လမ်းကြောင်းပေါ်ရှိ ရှေးဟောင်းမြို့ အဝင် နဂါးတွန့်
တံခါးပေါက် အနီးမှစတင်ပြီး တွင်းဗြဲကျေးရွာ အလွန်အထိ ရှိကြောင်း၊ ယခု အသစ်ဖောက် လုပ်မည့် ဇုန်ရှောင်လမ်း သည် ပြည်မြို့ ထန်းပေါက်အုပ်စု ငါးရွာအနီးမှ ပြည်မြို့ PTU အနီးသို့ ဖောက်သွားရန် စီစဉ်ထားကြောင်း
သိရသည်။
.
သရေခေတ္တရာ ရှေးဟောင်းဇုန် သည် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ရှေးဟောင်းဇုန် တစ်ခု ဖြစ်ကြောင်း သိရသည်။
.
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)
.
http://myawady-myawady.blogspot.com/2017/…/blog-post_34.html
.
#Themyawadydaily


Read More...

Monday, January 2, 2017

အတန်းသစ်များကို January 9 , 2017 စမည်

Leave a Comment
အတန်းသစ်များကို January 9 , 2017 စမည် 

အင်္ဂလိပ်စာတကယ် ကျွမ်းကျင်တတ်မြောက်လိုပါသလား ?
ဆရာ ဦးကျော်ဆန်းကျောင်းသို့လာခဲ့ပါ။

## မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်တတ်
မြောက်မှုလိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအ
နေနှင့်Speaking နှင့် Listening Skillsတွေသာမက Reading
နှင့် Writing Skills တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။

@@ နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီး များဖြစ်ကျသော
ဦးခင်မောင်လတ် ဆရာကြီး ဦးသိန်းမောင်(ထင် လင်း)
တို့၏တပည့် ဆရာကြီး ဦးမြကြိုင် ထံတွင်(၉)နှစ်တိုင်တိုင် 
ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A (Psy),TKT
(UK),Dip.In English(YUFL)မှENGLISH 

##တက်ရောက်သင်ကြားနိုင်သော Levels များ 
Basic (4 Skills ) 
Intermediate, 
Advanced 

Level Basic Level (၃) လ Intermediate Level (၃) လ တစ် 

##သင်တန်းကြေးကို သိချင်ပါသလား? တစ်တန်းအတွက်လစဉ် လခ(၇၀၀၀)ထောင်ကျပ် ပေးရုံဖြင့်ကျန်အတန်းများ ကို အခမဲ့တက်
ရောက်ခွင့်ရှိသည်။ 

##ကျောင်းချိန်နှင့်ပတ်သက်ပြီး အခက်ခဲဖြစ်နေလား?

ကျောင်းသားများ အချိန်မရွေး ဆက်သွယ်နိုင်ရန် သင်ခန်းစာများကို 
ပတ်လည်စနစ်ဖြင့်စီစဉ် ထားပါသည်။သီးသန့်ဝိုင်းများ ကိုလည်း စီ
စဉ်ဆောင်ရွက်ပေးပါသည်။ 

##သင်တန်းအချိန်များ သိချင်ရင်တော့! 

% (Monday to Thursday)% 

Reading - 7:00 to 8:00 am 

Basic Leveel - 8:00to 9:30 am
                  - 5:00 to 6:30 pm 
                  - 6;30 to 8:00 Pm 

Intermediate Level-3;30 to5;00 Pm

(Saturday to Sunday) 
Basic Leveel -8:00 to 9:30 Am 
                  -4:30 to 6:00 Pm 

General English-2;30 to 3;30 pm 

Intermediate Leveel-6;00 to7;30 pm 

Advanced level-3:30 to 4:30 pm 
ဖြစ်ပြီးသင်တန်းတည်နေရာမှာ.................. ???????

အမှတ်(၃၄)၊ခရမ်းကုန်းထိပ်၊ရွှေတစ်ချောင်းလမ်း၊ပြည်မြို့၊ 
ပဲခူးတိုင်းဒေသကြီး ဆက်သွယ်ရန်.......
 
Ph ### 09 43131 214 /09 973626165
 
  
 







Read More...

Facebook Like Page