Wednesday, January 4, 2017

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းအား ဆင်စီးကာ လည်ပတ်နိုင်တော့မည် သီဟလွင် (မြစ်မခ)

Leave a Comment

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းအား ဆင်စီးကာ လည်ပတ်နိုင်တော့မည်
သီဟလွင် (မြစ်မခ)
ပြည်၊ ဇန်နဝါရီ(၄)ရက်။
ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်သော သရေခတ္တရာပျူမြို့ဟောင်းအား ဇန်န၀ါရီလမှစတင်ကာ ဆင်စီးခြင်းဖြင့် ပြည်တွင်း ပြည်ပခရီသွားများလည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာ ဌာနစုမှ သိရှိရသည်။
ဇန်န၀ါရီ ၃ ရက်နေ့မှစတင်ကာ ဆင်များဖြင့် ခရီးသွားများအား မြို့ဟောင်းအတွင်းသို့ လည်ပတ်သည့် အစီစဉ်များကို ပြုလုပ်လျှက်ရှိကာ ပျူခေတ်လက်ရာ စေတီပုထိုးများအား ဖူးမျှော်ခြင်း၊ ပျူခေတ် မြို့ရိုး၊ နန်းတော်ရာအစရှိသည့် ရှေးဟောင်းဗိသုကာနေရာများသို့ ဆင်စီးကာ လှည့်ပတ်လေ့လာနိုင်မည့် အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
“သွားမယ့်လမ်းအနေအထား အန္တရာယ်ကင်းနိုင်မယ့်လမ်းကြောင်း ဒေသခံတွေ ပူးပေါင်းပါဝင်နိုင်မှုအတွက် ဆင်တွေနဲ့ လက်တွေ့စမ်းသပ်ပြီးသွားပြီ။ အခုဟာက ဧည့်သည်နဲ့စမ်းသပ်တာပေါ့။ တစ်ကယ် ပိုက်ဆံယူမယ် တကယ်လည်မယ်ပေါ့။ ဒီနေ့စမ်းပြီးတော့ စဆွဲပြီ။˝ဟု ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေ ခေတ္တရာဌာနစုမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။
ဆင်စီးချင်းအတွက် ခရီးတိုတွင် ပြည်တွင်းဧည့်သည်တစ်ဦးအတွက် ငါးထောင်ကျပ်၊ ပြည်ပ ဧည့်သည်တစ်ဦး အတွက် တစ်သောင်းကျပ်၊ ခရီးရှည်အတွက် ပြည်တွင်း ဧည့်သည်တစ်ဦးအတွက် နှစ်သောင်းကျပ်နှင့် ပြည်ပ ဧည့်သည်တစ်ဦးအတွက် ငါးသောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။
နောက်ပိုင်းတွင် ပျူခတ်ယဉ်ကျေးမှုအားကောင်းစေရန်အတွက် ဆင်နှင့်ဆင်ဦစီးများအား ပျူခေတ် အဆောင်အရောင်များ ဆင်မြန်းပေးပြီး ခရီးသွားအနေဖြင့် မြို့ဟောင်းအတွင်း လှည့်လည် လေ့လာမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လည်ပတ်မည့် ဆင်များမှာ ပြည်ဒေသ သစ်ထုတ်လုပ်ရေးမှ ဆင်များဖြစ်ပြီး ပဲခူးရိုးမအား အခြေခံ သစ်ထုတ်လုပ်ငန်း ၁၀ နှစ် ရပ်ဆိုင်ပြီး နောက်ပိုင်း ဆင်များအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဆင်ဝန်ထမ်း မိသားစုများ လူမှုဘ၀ကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး လုပ်ငန်းတွင်းမှ ဆင်များအား ယခုကဲ့သို့ ခရီးသွားရေး လုပ်ငန်းတွင် ပြန်လည်သုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပြည်မြို့နှင့် ငါးမိုင်အကွာ ပြည်-ရန်ကုန် ကားလမ်းကြီးဘေးတွင်  နတ်မှော်ဆင်စခန်း ဆင်အလှပြခြင်း၊ ဆင်အပျော်စီးခြင်းများ ပါဝင်ပြီး ပြည်သူများ လာရောက်လည်ပတ်စရာ ဆင်စခန်းတစ်ခုအား ဖွင့်လှစ်ခဲ့သေးကြောင်း သိရသည်။
သရေခေတ္တရာပျူမြို့ဟောင်း အပါအ၀င် ဟန်လင်းနှင့် ဗိဿနိုးတို့အား ကုလသမဂ္ဂ  ပညာရေးသိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ (၂၂) ရက်က ကာတာနိုင်ငံဒိုဟာမြို့တွင် ပြုလုပ်သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေနှစ်အစည်းဝေးတွင်
သတ်မှတ်လိုက်ကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။
ထိုသို့ကြေငြာခဲ့သည့် နောက်ပိုင်းတွင် ရှေးဟောင်းဇုံများအတွင်းရှိ အဆောက်အဦးများတူးဖော်ခြင်း သုတေသန ပြုခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ခြင်းများ  ပြုလုပ်ခဲ့သည်။
http://myitmakhamediagroup.com/news/tourism-news/11540/


0 comments:

Post a Comment

Facebook Like Page