ခရိုနီထက်ဆိုးသောအရာ
သရ၀ဏ်(ပြည်)
ယခုတလောစာချုပ်တခုခေတ်စားနေသည် ။ မေတ္တာဖြင်.ပေးကမ်းခြင်းစာချုပ်တဲ. ။
အမေကသားကိုပေးသည် ။ အကိုကညီကိုပေးသည် ။ ဦးလေးကတူကိုပေးသည် ။
ခယ်မကခဲအိုကိုပေးသည် ။ မြန်မာသည်မေတ္တာဖြင်.ပေးကမ်းရာတွင်
နံပါတ်တစ်ဆွဲတော.မည်။ ကမ္ဘာပေါ်တွင်
လှူဒါန်းပေးကမ်းမှုအရက်ရောဆုံးနိုင်ငံတွင်မြန်မာသည်
နံပါတ်တစ်ချိတ်ခဲ.ဖူးသည်ဆိုသကိုး ။ ယခုဟာကထိုသို.ဟုတ်မည်မထင် ။ကျွန်တော်.
အသိ အခွန်ဦးစီးတစ်ယောက်ရှိသည် ။
သူသည်နိုင်ငံဝန်ထမ်းအဖြစ်အခွန်ဦးစီးဌာနတွင်တာဝန်ထမ်းဆောင်စဉ်အတွင်း
အလွန်ကြွယ်ဝချမ်းသာလာသည် ။
သူသည်တပ်မတော်မှဗိုလ်ကြီးရာထူးဖြင်.အနားယူခဲ.ပြီး ဤရာထူးသို.
ကူးပြောင်းရောက်ရှိလာသူဖြစ်သည် ။
တိုတိုပြောရလျှင်သူသည်ဝင်ငွေရလမ်းမဖော်ပြနိုင်သောနည်းဖြင်.ချမ်းသာလာ၏ ။
ချမ်းသာလာသောအခါ လူ.သဘာဝအတိုင်း သူရှာဖွေစုဆောင်းခဲ.သော
ငွေမည်းများ၏နောင်ရေးကို စိုးရိမ်လာ၏ ။ ထို.ကြောင်.သူ၏တပည်.ဖြစ်သူကို
အလုပ်မှထွက်ခိုင်းကာ လက်ဘက်ရည်ဆိုင်တဆိုင် အရင်းအနှီးမတည်ဖွင်.လှစ်ပေးသည် ။
ထိုလက်ဘက်ရည်ဆိုင်သည် နေရာမကောင်းခြင်း၊ ဖျော်ဆရာကောင်းကောင်းမရှိခြင်း ၊
စားဖွယ်စုံမရခြင်း စသည်.အကြောင်းများကြောင်. သိပ်မရောင်းရ ။
ကျီးနှင်.ဖုတ်ဖုတ်သာရှိသည် ။ သို.သော်
ကျွန်တော်.သူငယ်ချင်းကားအပြုံးမပျက်ပဲ သူ.ဆိုင်ကို ဆက်ထွက်စေသည် ။
သူ.တပည်.ကျော်အားတပါတ်တခါသူ.ထံသို.လာစေပြီး လိုအပ်သောငွေကြေးကိုလာယူစေသည် ။
သူ.လက်ဘက်ရည်ဆိုင်သည် သိပ်မရောင်းရသော်လည်း ဂြိုဟ်တုစလောင်း ၊
တီဗီနှစ်လုံး ၊ အသံချဲ.စက် ၊ေ၇ခဲသေတ္တာ ၊ ဂက်စ်မီးဖို ၊ ဂက်စ်အိုးများ
အားလုံးပြည်.ပြည်.စုံစုံထားပေးသည် ။ လိုရင်းက ဤလက်ဘက်ရည်ဆိုင်မှ
ဝင်ငွေများရကာ မြတ်စွန်းနေပါသည်ဟု သက်ဆိုင်ရာသို.သတင်းလွှင်.ရန်သာဖြစ်သည် ။
မြတ်သည်ဖြစ်စေ မမြတ်သည်ဖြစ်စေ သက်ဆိုင်ရာသို.တင်ပြစရာဝင်ငွေရရာရကြောင်း
လုပ်ငန်းတခုပြနိုင်ဖို.အဓိကဖြစ်သည် ။ သို.မှသာ အခွန်ဦးစီးမှူးရာထူးဖြင်.
မတရားရယူထားသောဝင်ငွေများကို စာရင်းပျောက်အင်းပျောက်
ငွေမည်းကိုငွေဖြူလုပ်နိုင်မည်ဖြစ်သည် ။
ထို.ကြောင်.
အနှီပုဂ္ဂိုလ်သည် အိမ်တလုံးကို သူ.အမေနာမည်ဖြင်.၀ယ်လိုက်၏ ။ ထို.နောက်
နှစ်အနည်းငယ်ကြာသောအခါ သူ.မိခင်ကသူ.အားထိုအိမ်ကို
အခမဲ.မေတ္တာဖြင်.ပေးကမ်းပါသည် ဟုဆိုကာ
စာချုပ်စာတမ်းတစ်ခုကောက်လုပ်လိုက်လေသည် ။
လာဘ်စားထားသောငွေများနှင်.၀ယ်ထားသောအိမ်တလုံးသည် ဤနည်းဖြင်.
အမည်ပေါက်ဖြစ်သွားလေပြီ ။ သက်ဆိုင်ရာမှလာစစ်လျှင်
ဝယ်သူမရှိသဖြင်.ပြုတ်မတတ်ဖြစနေသော လက်ဘက်ရည်ဆိုင်သည် ပဲရစ်မြို.လည်ကောင်မှ
ရတနာဆိုင်ကြီးသဖွယ် ၀င်ငွေကောင်းနေကြောင်း လည်ဆည်ထွက်ဆိုမည်ဖြစ်သည် ။
အိမ်ကတော. အမွေရသလိုလို ၊
မေတ္တာဖြင်.ပေးကမ်းခံရသလိုလိုလုပ်ချလိုက်မည်ဖြစ်သည် ။
နောက်တယောက်လည်း အခွန်ဌာနမှပင်ဖြစ်သည် ။ တပ်မှလာသူပင်ဖြစ်သည်
။ပြည်မြို.ဇာတိဖြစ်သည် ။ ဘာတွေဘယ်လောက်ရသည်တော.မသိ ၊
သူ.ပုံမှန်ဝင်ငွေကိုဖုံးကွယ်ချင်သောအခါ
စီးပွားရေးလုပ်ငန်းတခုဟန်ပြလုပ်သည်.အနေဖြင်. ဂျာနယ်တစောင်ထုတ်ဝေမည်ဆိုလာ၏ ။
ထိုသို.ဖြင်.ဂျာနယ်တစောင်ထွက်လာသည် ။ ကျွန်တော်.ကိုစာမူတောင်းသဖြင်.
ရေးပေးလိုက်သည် ။ အယ်ဒီတာမှာလည်း တပ်မှထွက်လာသော ကဗျာရူးစာရူးတယောက်ဖြစ်သည်
။ သူတို.လုပ်ကိုင်နေသည်ကိုမြင်သည်နှင်. ဤဂျာနယ်သည်
သက်ဆိုးရှည်မည်.ဂျာနယ်မဟုတ် ။ မကြာမီပြုတ်တော.မည်.ဂျာနယ်ဆိုတာ
ကျွန်တော်ရိပ်မိသည် ။ သို.သော် မျက်နှာနာရမည်.သူဖြစ်သဖြင်.
သုံးလေးလကျွန်တော်စာမူရေးပေးလိုက်သည် ။ ထုတ်ဝေသူငွေရှင် တပ်မတော်အငြိမ်းစား
အခွန်ဦးစီးသည် စာပေ၀ါသနာပါသူမဟုတ် ။ သူ.ကိုယ်စားငွေကိုင်လုပ်နေသော
သူ.ညီအရင်းဖြစ်သူသည် ပြည်မြို.မှပင်ဖြစ်သော်လည်း စာပေနှင်.ဝေးပုံမှာ
ကိုယ်.မြို.မှစာရေးဆရာဖြစ်သော ကျွန်တော်.နာမည်ကိုပင်ကြားဖူးသူမဟုတ် ။
ဖတ်ဖူးဖို.ကားဝေလာဝေး ။ အယ်ဒီတာချုပ်မှာလည်း အယ်ဒီတာလုပ်ဖူးသူမဟုတ် ။
တပ်ထွက်အချင်းချင်းမို.ဆွဲခန်.ခြင်းဖြစ်သည် ။
ထုတ်ဝေသူ၏ရည်ရွယ်ချက်မှဖွင်.မပြောလဲသိသာသည် ။ ငွေမည်းများကို ဖြူဖို.
ဝင်ငွေရလမ်းရပေါက်တခုကိုဖော်ပြခြင်းဖြစ်သည် ။
ငွေဝင်လမ်းတခုကိုပြဖို. အစိုးရကိုလိမ်ချင်သည်ဆိုလျှင်
စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည်အကောင်းဆုံးဖြစ်သည် ။အဘယ်.ကြောင်.ဆိုသော်
စောင်ရေ တထောင်မကုန်သောဂျာနယ်တစောင်သည် ၀င်ငွေကောင်းကြောင်း
အမြတ်ကောင်းကြောင်းပြချင်လျှင်
စောင်ရေတသောင်းရောင်းရပါသည်ဟုပြောလည်း(အတွင်းလူများမှလွဲ၍)
မည်သူကမျှသိမည်မဟုတ်၍ဖြစ်သည် ။ ဤနည်းဖြင်. စာပေလောက၀ယ် ရှုံးသော်လည်း
ပန်းပန်နေသော မဂ္ဂဇင်းများ ၊ ဘယ်သူမှမဖတ်သော်လည်း ပုံမှန်ထွက်နေနိုင်သော
ဂျာနယ်များကို တွေ.မြင်နိုင်ကြမည်ဖြစ်သည် ။ တလက်စတည်းဆက်စပ်စဉ်းစားသောအခါ
မမြတ်သော်လည်း လုပ်နေသော လုပ်ငန်းများစွာ မြန်မာနိုင်ငံတွင်
ရှိနေကြောင်းသတိထားမိလာမည်ဖြစ်သည် ။ လစဉ်ဆိုင်ခန်းငှားရမ်းခပင်တလလျှင်
သိန်း နှစ်ဆယ် ၊ သုံးဆယ်ပေး၍ လုပ်နေနိုင်သော ပါချီပါချက်
အလုပ်ကလေးပေါင်းများစွာ ၊ဆိုင်ခန်းပေါင်းများစွာသည်
အမြတ်အစွန်းရရှိရေးကိုမူတည်၍လုပ်နေသည်ထက် ၊ ငွေမည်းကိုငွေဖြူပြစရာ (
လာဘ်စားထားသော ၊ခိုးထားသော ငွေများကို တရားဝင်အမြတ်ငွေအဖြတ်ပြစရာ )
အလုပ်တခု၇ှိလျှင်ပြီးရောသဘောနှင်. ရောင်းနေ၀ယ်နေ ၊
လုပ်ငန်းလည်ပါတ်နေကြတာတွေများလားဟု တွေးတောမိပါသည် ။
ဒေါ်အောင်ဆန်းစုကြည်က နောက်တက်လာမည်.အစိုးရသည် သန်.ရှင်.သောအစိုးရ ( Clean
Government ) ဖြစ်ရမည် ။ အဂတိလိုက်စားမှုများဖြစ်လာလျှင်
မိမိပါတီဝင်ပင်ဖြစ်စေကာမူ ထောင်ဝင်စာလိုက်တွေ.ရုံကလွဲ၍
အရေးမယူပဲနေမည်မဟုတ်ဟူသောသဘောမျိုးပြောသွားသောအခါ ယခင်အစိုးရအဆက်ဆက်လက်ထက်က
ခိုးခဲ. ၊ ၀ှက်ခဲ. ၊လာဘ်စားခဲ.ကြသူများ အကြီးအကျယ်တုန်လှုပ်သွားကြသည် ။
သူတို.ကံကောင်းသည်မှာ အစိုးရသစ်သည် နိုင်ငံတကာမှာလို
ရွေးကောက်ပွဲပြီးပြီးခြင်း ချက်ခြင်းရောက်မလာ ၊ သုံးလလောက်ကြာမှ
လွှတ်တော်အသစ်ခေါ်မည် ၊အစိုးရဖွဲ.မည် ၊ အာဏာလွှဲမည်ဆိုသဖြင်.
သူတို.၏ခိုးရာပါ ပစ္စည်းများ ၊ လာဘ်စားထားသော ငွေထုပ်များကို ဖျောက်စရာ
၊ဖွက်စရာ အချိန်သုံးလရသွားခြင်းဖြစ်သည် ။ NLD နိုင်ပြီးနောက်တနေ.တွင်
စာရင်းစစ်နှင်.ချက်ခြင်းဝင်စစ်လျှင် စားထားဝါးထားသော မြေပေါ
်မြေအောက်ပစ္စည်းများအားလုံး ခိုးရာပါနှင်.တကွ ပက်ပင်းမိမည်ဖြစ်သည် ။
ယခုတော. နောက်ဆုံးသုံးလ သူခိုးဘဝ
အဖြစ်အချိန်ရလိုက်သောကြောင်.အသက်ရှူပေါက်ချောင်သွားပြီး
အားရအောင်မခိုးရသေးသူများကလည်း နေ.ဆိုင်းညဆိုင်းနှင်.ပို၍ခိုးကြပြီး ၊
ခိုးထားပြီးသားလူအများစုကလည်း ငွေမည်းများကိုဖျောက်ဖျက်ဖို.
အစွမ်းကုန်လုပ်လာကြတော.သည် ။ ထိုအထဲတွင် စင်္ကာပူတွင်
ကွန်ဒိုတိုက်ခန်းများဝယ်ယူထားကြခြင်းလည်းပါဝင်သည် ။ တတ်နိုင်သူများက
နယူယောက် ၊ လန်ဒန်၊ ဆစ်ဒနီတို.တွင် အိမ်များ မြေများဝယ်ထားကြသည် ။ အချို.က
စိန်များ ၊ ပတ္တမြားများ ၊ နီလာများ ကိုဝယ်စုကြသည် ။ အချို.က တပည်.တပန်းများ
နာမည်ဖြင်. အိမ်ခြံမြေများဝယ်ကြသည် ။ ၀ယ်ပြီးပြီးချင်းပင် ထိုတပည်.များက
မေတ္တာဖြင်. ပေးကမ်းခြင်းဟူသောခေါင်းစဉ်ဖြင်. ဆရာအား
ပြန်လည်ပေးအပ်သောစာချုပ်များကိုချုပ်ပေးကြရသည် ။ ထီဆိုင်များနှင်ပေါင်းကာ
သိန်းထောင်ချီသောထီဆုကြီးများ အမြတ်ပေးကာဝယ်ကြ၏ ။
ထို.နောက်ထီပေါက်၍တိုက်ဆောက်ကြသည်.သဖွယ် လုပ်ကြပြန်၏ ။
ကျွန်တော်.အသိ မြို.နယ်ထွေအုပ်မှ အရာရှိတဦးဆိုလျှင်
သူတာဝန်ထမ်းဆောင်ချိန်အတွင်း ဟိုနယ်မြေ သည်နယ်မြေမှရယူထားသော မြေကွက်ပင်
စုစုပေါင်း ၃၇ ကွက် တိတိသူ.လက်ထဲတွင်ရှိသည် ဟူ၏ ။
ထွေအုပ်ဟူသောအာဏာကိုအသုံးပြုကာ မြေကွက်များကို
ကိုယ်ကျိုးအတွက်နာမည်အမျိုးမျိုးဖြင်. ရယူထားခဲ.ခြင်းဖြစ်သည် ။ ထိုသူသည်
ခရိုင်အဆင်.အရာရှိတဦးသာရှိပါသေးသည် ။ တိုင်းအဆင်. ၊ ပြည်နယ်အဆင်. ၊
ပြည်ထောင်စုအဆင်.ဆိုလျှင်တော. မည်မျှ ချမ်းသာကြွယ်ဝမည်ကိုမှန်းဆနိုင်ပါသည် ။
ယခုတလောပေါ်ထွက်လာသော အခွန်ဦးစီးရုံးမှစာရေးကြီးအား လာဘ်ငွေ သိန်းပေါင်း
၁၃၀၀ ယူမှုဖြင်.စစ်ဆေးနေသည်.သတင်းကိုကြားသောအခါ လူမသိသော ၊
အဖြစ်အပျက်များသိန်းနှင်.ချီရှိနေမည်ဟုနားလည်နိုင်ပါသည်
။ဤအဖြစ်အပျက်မျိုးသည် အခွန်ဦးစီးဌာနတခုသာမဟုတ် ၊ တရားသူကြီးများ ၊
ဥပဒေအရာရှိများ ၊ ရဲအရာရှိကြီးများ ၊စည်ပင်အရာရှိများ ၊
စီမံကိန်းများကိုကိုယ်တွယ်ခွင်.ပြုစီမံရသူများ ၊
ဌာနဆိုင်ရာအရာရှိကြီးများအားလုံးနက်နက်ရှိုင်းရှိုင်းပါဝင်ပါတ်သက်နေခြင်းဟုပြောနိုင်ပါသည်
။ မြန်မာနိုင်ငံ ဆင်းရဲသည်.အဓိကအကြောင်းမှာ
ကြီးမားသောအကျင်.ပျက်ခြစားမှုကြောင်.ပင်ဖြစ်ပါသည် ။ လာဘ်ပေးလာဘ်ယူမှုကို
စစ်ဆေးရေးတခုလိုနောက်တက်လာသည်.အစိုးရကဆောင်ရွက်ပါမှသာ
အကျင်.ပျက်ခြစားမှုများကိုဟန်.တားနိုင်မည်ဟု ဝေဖန်သူများကဝေဖန်ကြပါသည် ။
ထိုအချက်သည်မှန်ပေ၏ ။ မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ.မှနယ်ထိန်း
အားလုံးနီးပါးသည် လောင်းကစားဒိုင်များနှင်.ပါတ်သက်မှုရှိနေကြသည် ။
လောင်းကစားဒိုင်များ ၊ သစ်မှောင်ခိုများ ၊
ဥပဒေနှင်.မလွတ်ကင်းသောစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ
၏တရားမ၀င်ပေကမ်းမှုကိုရယူနေကြပါသည် ။ ထို.ကြောင်.
ထိုဒုစရိုက်လုပ်ငန်းများသည် မည်သည်.အခါမှ
လုံးဝကင်းစင်သွားမည်ဆိုသည်မှာမဖြစ်နိုင်ပေ ။
ယခင်က ဌာနဆိုင်ရာများ
၊အဂတိလိုက်စားသူများသည် စသုံးလုံး(ခေါ်) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (
Bureau of Special Investigation ) ကိုထိတ်လန်.ကြသည် ။ ဌာနတခုတွင် B.S.I
ဝင်ပြီဆိုသည်နှင်. တုန်လှုပ်ကြသည် ။ ထိုသို.ထိတ်လန်.ကြအောင်လည်း
စသုံးလုံးသည် သမ္မတတိုက်ရိုက်အုပ်ချုပ်ကွပ်ကဲမှုအောက်တွင်ရှိသည် ။
မည်သည်.၀န်ကြီးဌာနကိုမဆိုစုံစမ်းစစ်ဆေးခွင်.ရှိသည် ။
မည်သည်.ရာထူးကြီးသူကိုမဆိုစုံစမ်းမေးမြန်းခွင်.ရှိသည် ။
တွေ.ရှိချက်ကိုသမ္မတအားတင်ပြပြီး အရေးယူ မှုကိုချက်ခြင်းဆောင်ရွက်သည် ။
ထို.ကြောင်. မ.ဆ.လ ခေတ်တွင် လာဘ်စားမှု ၊ အဂတိလိုက်စားမှု
အချို.ရှိသော်လည်း ယခုခေတ်ကဲ.သို. ရုပ်ပျက်ဆင်းပျက် လွန်လွန်ကဲကဲ
အကျင်.ပျက်ခြစားမှုများမရှိခဲ.ပေ ။
သို.သော် ၁၉၈၈ မှစကာ
တပ်မတော်ထောက်လှမ်းရေး၏အာဏာစက၊်လွန်မင်းစွာချဲ.ထွင်လာခြင်း၏ရလာဒ်အဖြစ်
သမ္မတကွပ်ကဲမှုအောက်တွင် တိုက်ရိုက်တည်ရှိခဲ.သော စသုံးလုံးအဖွဲ.ကို
ပြည်ထဲရေးဝန်ကြီး၏လက်အောက်သို.ပို.ပစ်လိုက်သည် ။ ထို.ကြောင်.
ပြည်ထဲရေးဝန်ကြီးအောက်တွင် ရဲတပ်ဖွဲ.ရော စသုံးလုံးရော
အတူရော၍တည်ရှိသွားသည်ဖြစ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.ကြီး၏အာဏာမှာ
ကျဆင်းသွားခဲ.ပြီး ရဲနှင်.စသုံးလုံးမှာအတူတူလိုဖြစ်သွားခဲ.သည် ။ ၁၉၈၈
နောက်ပိုင်းတွင် စသုံးလုံး ( B.S.I ) ဖော်ထုတ်သဖြင်.ပေါ်ပေါက်လာသော
အဂတိလိုက်စားမှုများ ပြစရာအမှုကြီး တမှုမှမရှိတော.ပေ ။
ဗိုလ်ချုပ်ခင်ညွန်.ကိုပြုတ်ကျစေခဲ.သော နာမည်ကျော် မူဆယ်နယ်စပ်
လာဘ်စားမှုကြီးများမှာ သူတို.အချင်းချင်းအဝေမတည်.သဖြင်.
စစ်တိုင်းမှူးများထံတိုင်ကြားရာမှပေါ်ပေါက်လာခြင်းဖြစ်သည် ။
ယခင်ကအဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် မူလနေရာက ပါဝင်ခဲ.သော
စသုံးလုံးအဖွဲ.မှာ ယခုအခါ အသက်မရှိတော.သော စက္ကူကျားတကောင်ဖြစ်နေချေပေပြီ ။
နောက်တက်လာသောအစိုးရသည် စကာင်္ပူကဲ.သို. အဂတိလိုက်စားမှု တိုက်ဖျက်ရေး ( Anti
Corruption Unit ) ကိုထိထိရောက်ရောက်ဖွဲ.စည်းချင်သည်ဆိုလျှင်
ပြည်ထဲရေးလက်အောက်ခံ BSI အစား သမ္မတကတိုက်ရိုက်အုပ်ချုပ်သောယခင်ပုံစံ
ကိုပြန်လည်ထူထောင်ရမည်ဖြစ်သည် ။စင်္ကာပူအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.သည်
မသင်္ကာသော လူပုဂ္ဂိုလ်အားလုံး ကိုအတားအဆီးမရှိ စာရင်းစစ်ဆေးခွင်.အာဏာ ၊
ငွေပေးငွေယူ အလွှဲအပြောင်း ၊အ၀င်အထွက်များကြည်.ရှုခွင်.အာဏာ ၊
တရားစွဲပိုင်ခွင်.အာဏာရှိသကဲ.သို. အသစ်တက်လာမည်.အစိုးရ၏
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.သည်
လုပ်ပိုင်ခွင်.အာဏာအပြည်.ရှိဖို.လိုအပ်မည်ဖြစ်သည် ။
ယခုအခါ
မြန်မာနိုင်ငံသည် အစိုးရဟောင်းနှင်.အစိုးရအသစ်ကြားတွင်
စပ်ကူးမတ်ကူးကာလအဖြစ် အာဏာ လစ်ဟာမှုကြီး (Power Vacuum ) ဖြစ်နေပေသည် ။
၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ၏အားနည်းချက်ကြောင်. ရွေးကောက်ပွဲ
ကျင်းပသောနေ.နှင်.အာဏာလွှဲပြောင်းမှုကို မလိုအပ်ပဲ
အနည်းဆုံးရက်ပေါင်းကိုးဆယ် ခွာထွားမှု၏ဘေးထွက်ဆိုးကျိုးများအဖြစ်
အဂတိလိုက်စားသော အစိုးရအရာရှိများ မသမာမှုပြုလုပ်ရန် ရက်ကိုးဆယ်
သတ်မှတ်ခွင်.ပြုပေးလိုက်သလိုရှိသည် ။ ထိုရက်ကိုးဆယ်အတွင်း
ဖားကန်.ကျောက်တွင်းတွင် ဝေသာလီပြည်ဘီလူးစီးသလို ကျောက်များကို
လောဘဇောတိုက်ကာ အငမ်းမရ တူးဖော်ကြသည် ။ ၀င်လာထွက်လာ အသုံးပြုလာသော
စက်ယန္တယားများ ၊ ယာဉ်များမှာ တာဝန်ရှိဝန်ကြီးဌာနပင် မသိပဲ
ဝင်တူးနေကြောင်းပေါ်လာကြသည် ။
ဖားကန်.ဒေသသို.ယာဉ်ယန္တယားများနင်သွင်းလာမှုမှာ စီးပွား/ကူးသန်း
ဝန်ကြီးဌာနမှတရားဝင်ခွင်.ပြုမိန်.ဖြင်.သွင်းခဲ.ခြင်းဟုတ်မဟုတ်
ကွင်းဆင်းစစ်ဆေးမည်.အပြင် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေး
စခန်းမှယာဉ်ယန္တယားများ တင်သွင်းခွင်.ကိုလည်းခေတ္တဆိုင်းငံ.ထားမည်ဖြစ်ကြောင်း
ဒီဇင်ဘာ ၁၈ နိုင်ငံပိုင်သတင်းစာများ၌ဖော်ပြထားသည် ။ အံ.သြစရာကောင်းသည်မှာ
အစိုးရသက်တမ်းငါးနှစ်အတွင်းထိုသို.ပွင်.လင်းမြင်သာသောအရေးယူဆောင်ရွက်မှုဘာတခုမှမရှိခဲ.ပဲ
Global Witness အပါအ၀င် NLD နှင်. အတိုက်အခံများ
၊သဘာဝပါတ်ဝန်းကျင်ကာကွယ်သူများကထောက်ပြဝေဖန်လာကာမှ ဤသို.
စုံစမ်းစစ်ဆေးမည်ဟူသောအသံလေးမဖြစ်စလောက်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။
ဤကိစ္စသည် ရွှေသမင်ဘယ်ကထွက်သည်ဟုရေဆုံးရေဖျား
ခုံရုံးဖွဲ.ပြီးလိုက်ရမည်.ကိစ္စဖြစ်သည် ။ ထိုကိစ္စများအား
သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ၊
စီးပွားကူးသန်းဝန်ကြီးဌာန၀န်ကြီး တို.တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်
။မည်သူ.ကိုမည်မျှဖြင်.လုပ်ကွက်ပါမစ်ချထားပေးခဲ.သည် ။ ဘယ်လုပ်ကွက်သည်
ဘယ်ကုမ္မဏီတွေပိုင်သည် ။ ဘယ်လောက်ထုတ်လုပ်၍
နိုင်ငံတော်သို.ဘယ်လောက်အခွန်ဆောင်သည် ။
နိုင်ငံခြားသားများပါဝင်ပါတ်သက်မှုမည်မျှရှိသည်
။ခွင်.ပြုပမာဏထက်ပိုလုပ်သည်မလုပ်သည် ။
စည်းကမ်းသတ်မှတ်ချက်များကိုမည်သို.ဖောက်ဖျက်သည် စသည်တို.ကို
ပွင်.လင်းမြင်သာစွာထုတ်ပြန်ပေးရမည်ဖြစ်သည် ။
ကျောက်စိမ်းမှရသောအကျိုးအမြတ်ကို ရယူခံစားနေသူများတွင်
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ.များ ပါဝင်နေပါကလည်း
ထင်ထင်ရှားရှားထုတ်ဖော်ဖြေရှင်းရမည်ဖြစ်သည် ။
လက်နက်ကိုင်တပ်ဖွဲ.၏ခေါင်းဆောင်အချို.သည် မိမိကိုယ်ကျိုးစီးပွားအတွက်
တိုင်းပြည်သယံဇာတများလောင်မီးကျစေပြီးပြည်တွင်းစစ်ကိုရှည်ကြာစေမည်ဆိုပါက
မဖြစ်သင်.သောကိစ္စဖြစ်သည် ။ နိုင်ငံတော်၏သယံဇာတများသည် လူတစ်စုအတွက်မဟုတ်
မြန်မာနိုင်ငံသားအားလုံးနှင်.ဆိုင်သော ဘုံအကျိုးစီးပွားဖြစ်သည်
။မည်သူတွေသည် ထိုကျောက်စိမ်းလုပ်ငန်းမှ သဘာဝမကျသောဝင်ငွေများရသွားသည်ကို
စုံစမ်းစစ်ဆေးရေးဝင်ရမည်ဖြစ်သည် ။
ယခုအခါမြန်မာနိုင်ငံဝယ်
အချို.က ခရိုနီများ၏ဘေးအန္တရာယ်ကိုလူတွေကထောက်ပြဝေဖန်နေကြသည် ။
ခရိုနီများသည် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်အားဝင်ရောက်
စည်းရုံးပူးပေါင်းနေသည်ဟုပြောကြသည် ။
လွှတ်တော်အမတ်စွမ်းရည်မြင်.သင်တန်းကိုနေပြည်တော်ရှို ဦးတေဇပိုင်
ရွှေစံအိမ်ဟိုတယ်တွင် ပို.ချခဲ.တာလည်း ဝေဖန်မှုကရှိလာသည် ။
ကျွန်တော်.အမြင်ပြောရလျှင် ခရိုနီများသည်
ကိုင်တွယ်တတ်လျှင်တိုင်းပြည်အတွက်ပြသနာမဟုတ်ပေ ။ မြန်မာနိုင်ငံတွင်
ဒိတ်ဒိတ်ကျဲခရိုနီများမှာ ဆယ်ဦးပင်ရှိသည်မဟုတ် ။
သူတို.၏စီးပွားရေးလုပ်ငန်းများ ၊ ၀င်ငွေများ
၊ပိုင်ဆိုင်မှုမျာကိုအချိန်မရွေးစစ်ဆေးလို.ရသည် ။ ဥပဒေနှင်.အညီ
ထိုက်သင်.သော ၀င်ငွေခွန် ၊ ကုန်သွယ်ခွန်များ ကောက်ခံ၍ ရသည်
။ထွက်ပြေးမည်.သူများမဟုတ် ။ စာရင်းပျောက်အင်းပျောက်မဟုတ် ။
ကိုယ်.ဘက်ကသာလာဘ်မစားပဲကိုင်တတ်တွယ်တတ်လျှင် ထိုသူများထံမှ
နိုင်ငံတော်ဘဏ္ဍာထဲသို. အခွန်ငွေများရလာနိုင်စရာရှိသည် ။
ခရိုနီထက်ဆိုးသော သူများမှာ ၁၉၈၈ မှစကာ ယခု ၂၀၁၆ နှစ်ဆန်းချိန်အထိ
ဌာနဆိုင်ရာများတွင် လစာဝင်ငွေနှင်.မမျှအောင်ချမ်းသာခဲ.ကြသော
၊လာဘ်စားခဲ.ကြသော ၊ နိုင်ငံဘဏ္ဍာကိုခိုးခဲ.ကြသော ၀န်ထမ်းများဖြစ်သည် ။
ဝန်ထမ်းများဟုဆိုရာတွင် ၀န်ကြီးအဆင်.မှစကာ အောက်ဖက် လက်ထောက် ၊ မန်နေဂျာ
၊စာရေးကြီး အထိ ၊တရားသူကြီးမှစကာ ရှေ.ဖတ်စာရေးအထိ ပါဝင်ပါသည် ။
အနားယူသွားသူ ၊ အလုပ်ထွက်သွားသူ များလည်းပါဝင်ပါသည် ။ ထိုသူများသည်
နယ်ပါယ်အသီးသီးတွင် မတရားရှာဖွေစုဆောင်းထားသော ငွေမည်းများကို ယခုအခါ
မြန်နှုန်းတင်၍ အမျိုးမျိုး ကဲ.ခြင်း ၊၀ှက်ခြင်း ၊အမည်ပြောင်းခြင်း ၊
မေတ္တာဖြင်.ပေးကမ်းသယောင်စာချုပ်ချုပ်ခြင်း ၊ ပြည်ပသို.ပို.ထားခြင်း ၊
အခြားသူနာမည်ဖြင်.လွှဲပြောင်းခြင်း ၊
စီးပွားရေးလုပ်ငန်းတိုမှမြတ်စွန်းသယောင်ပြုခြင်း တို.ကိုရေပက်မ၀င်အောင်
ပြုလုပ်နေကြပြီဖြစ်သည် ။ ခရိုနီများကို ပြည်သူလူထုသည်မြင်နိုင်သေး၏ ။
ဒါကဦးတေဇပိုင်တဲ.ဟိုတယ် ၊ ဒါကဦးအောင်ကိုဝင်းပိုင်တဲ.ဘဏ် ၊ ဒါက
ဦးဇော်ဇော်ပိုင်တဲ. ဆောက်လုပ်ရေး စသည်ဖြင်. မလွဲနိုင်အောင် ပြလို.ရ၏ ။
ထိုလုပ်ငန်းများကို ဥပဒေအတိုင်းအခွန်ကောက်လို.ရ၏ ။
နိုင်ငံအတွက်အကျိုးဖြစ်နိုင်သေး၏ ။ သို.သော်ခိုးထားသမျှကိုခြေရာဖျောက်ကာ
လစ်တော.မည်. ဗျူရိုကရက်များ ၊ ၀န်ထမ်းဆိုးများ ၊အလီဘာဘာများကိုမူ
မည်သည်.အရပ်သို.လိုက်၍ အခွန်ကောက်ကြမလဲ ။ မည်သည်. ခိုးဝှက်သူက
မတရားယူထားကြောင်းဝန်ခံကာနိုင်ငံတော်သို.ပြန်အပ်မည်နည်း ။
မြင်ရသောခရိုနီကြီးတယောက်မြန်မာနိုင်ငံမှာရှိတိုင်း မမြင်နိုင်သော
ဘီလျံနာပေါက်စ ၀န်ထမ်းလူထွက် သူခိုးသူဌေးလေးများ မရေနိုင်အောင်ရှိ၏
။ထိုလူမျိုး အယောက်ငါးဆယ်ပေါင်းလိုက်လျှင်
ခရိုနီဆိုသောဦးတေဇတစ်ယောက်လောက်ထက်ပိုမို ချမ်းသာနိုင်ပါ၏ ။ ထိုသူမျိုး
အယောက်ငါးရာပေါင်းလျှင် မြန်မာပြည်မှ ခရိုနီအားလုံးထက်ချမ်းသာပေလိမ်.မည်
။မြန်မာပြည်၌ ထိုသို.သော ခေတ်ပျက်သူဌေးများ များစွာရှိ၏။ ထိုသူများသည်
အရိပ်မထွက်သောသူများဖြစ်သည် ။လာဘ်စားခဲ.သည်များ ၊နိုင်ငံ.ဘဏ္ဍာများကို
ကြိတ်၍ သိုဝှက်ထားသောသူများဖြစ်သည် ။ တိုင်းပြည်အတွက်
ဘာအခွန်မှမဆောင်ခဲ.သူများဖြစ်သည် ။
အလွန်ကြောက်စရာကောင်းသောတိုင်းပြည်ကိုဖျက်ဆီးပစ်မည်.ခြများဖြစ်သည် ။
နောက်တက်လာမည်.အစိုးရသည် ထို သူများကိုထိရောက်သောဥပဒေလက်နက်ဖြင်.
ပြင်းပြင်းထန်ထန်စုံစမ်းထောက်လှမ်းကာ၊မိုးအဆုံးမြေအဆုးံလိုက်စေချင်ပါ၏ ။
အချို.ကပြောကြသည်မှာ အမျိုးသားပြန်လည်သင်.မြတ်ရေးအတွက်
ဒါတွေလုပ်နေလို.မဖြစ်ဘူးဟူသည်.သဘောမျိုးပြောကြပါသည် ။ ကျွန်တော်.သဘောကတော.
အမျိုးသားရင်ကြားစေ.ရေးဟူသည်.စကားသည်
ရာဇ၀တ်ကောင်များကိုလွှတ်ပေးဖို.မဟုတ်ပေ ။ ခိုးဝှက်ခြင်း
ကိုယ်ကျိုးအလွဲသုံးစားခြင်းဆိုသည်မှာနိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ.ခြင်းမဟုတ်ပေ
။ မည်သည်.ခေါင်းစဉ်အောက်ကပဲကြည်.ကြည်. လက်သင်.ခံနိုင်စရာမရှိသော
ရာဇ၀တ်မှုသာဖြစ်သည် ။အမျိုးသားရင်ကြားစေ.ရေးဟူသည်ကသပ်သပ် ၊
အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန်နှိမ်နှင်းတာကသပ်သပ်ဆိုတာ အစိုးရသစ်သည်
နားလည်ကျင်.သုံးမည်ဟုမျှော်လင်.ပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၂၅.၁၂.၂၀၁၅ သောကြာ
Read More...