Friday, July 3, 2015

(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသော နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်လွှတ်တော် ဥက္ကဋ္ဌများ တွေ့ဆုံ

Leave a Comment

(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြသော နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်လွှတ်တော် ဥက္ကဋ္ဌများ တွေ့ဆုံ 

 

တိုကျို ဇူလိုင် ၃   
(၇)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် လွှတ်တော် ဥက္ကဋ္ဌများသည် ယနေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
ညနေ ၄ နာရီတွင်  နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ဂျပန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ တာဒါမိုရီ အိုရှီးမာ တို့တွေ့ ဆုံဆွေးနွေးကြသည်။
ဆက်လက်၍ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဂျပန်နိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ မာဆာကီ ယာမဇာကီတို့ တွေ့ဆုံ ဆွေးနွေးကြသည်။
ထို့နောက် သမ္မတနှင့် အဖွဲ့ဝင်များသည် အောက်လွှတ်တော် ကျင်းပရာနေရာကို လှည့်လည်ကြည့်ရှု လေ့လာပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့သည်။

မြ၀တီ.. Written by 

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019 

 

Read More...

Thursday, July 2, 2015

အိမ်ငှားမည်

Leave a Comment

အိမ်ငှားမည်
ပြည်မြို့ ကိုးသောင်းကွက်သစ် B-လမ်းမကြီး
(၃)လမ်းဒေါင့် ပေ30'×70'ရှိသောလုံးချင်းတိုက်
တစ်လုံးငှားရန်ရှိပါသည်။

ဆက်သွယ်ရန် ၀၉ -၄၂၃၆ ၈၄၆၀၂
၀၅၃-၂၇၈၃၆


Read More...

Wednesday, July 1, 2015

အဟောင်းတွေကြားမှာဆက်မနေချင်ဘူး သရ၀ဏ်(ပြည် )

Leave a Comment

အဟောင်းတွေကြားမှာဆက်မနေချင်ဘူး
သရ၀ဏ်(ပြည် )
မြန်မာ.နိုင်ငံရေးအခင်းအကျင်းသည်တဖြည်းဖြည်းနှင်.ဇာတ်ရှိန်မြင်.လာပါသည် ။ ၂၀၁၅ ရွေးကောက်ပွဲကလည်းတဖြည်းဖြည်းနီးလာပါပြီ ။ မြန်မာနိုင်ငံကိုခေါင်းဆောင်မည်. ခေါင်းဆောင်သစ် (သို.မဟုတ် )သမ္မတသစ်သည်မဝေးလှသော ၂၀၁၅ နှစ်ကုန်ခန်.တွင်ပေါ်ပေါက်လာပါတော.မည် ။လက်ရှိအုပ်ချုပ်နေသော သမ္မကြီးဦးသိန်းစိန်သည် မူလက သူ၏သမ္မတသက်တမ်းကုန်လျှင်နောက်ထပ်သက်တမ်း တစ်ခါထပ်ပြီးတာဝန်မထမ်းဆောင်လိုတော.ပါဟုပြောခဲ.ဖူးသည် ။ ထို.နောက်ပြည်ပခရီးစဉ်တစ်ခုတွင်ပြည်သူလူထုကလိုလားလျင် နောက်ထပ်သက်တမ်းတစ်ကြိမ်ထပ်မံတာဝန်ထမ်းဆောင်ပါဦးမည်ဟုဆိုလာပြည်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအပြီးကတည်းက သမ္မတဖြစ်မည်ဟုလူများစုခန်.မှန်းခဲ.ကြပြီးမှ ပြည်သူ.လွှတ်တော်ဥက္ကရာထူးနှင်.ကြေနပ်ခဲ.ရသော (ယခုပြည်ထောင်စုလွှတ်တော်နာယကကြီး ) သူရဦးရွှေမန်းကရော သူသမ္မတဖြစ်ချင်သည်ဟုတရားဝင်ထုတ်ဖော်ကြေငြာထားဖူးသည် ။ မြန်မာကရော ကမ္ဘာကပါ လေးစားလက်ခံသောဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလဲသူသမ္မတလုပ်လိုပါသည်ဟုတရားဝင်ကြေငြာထားလေသည် ။သူတို.သုံးယောက်အပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင်.ဆွေ (ဗိုလ်ချုပ်မြင်.ဆွေ )ကိုလည်း ယခင်က သီဟသူရဦးတင်အောင်မြင်.ဦးနေရာတွင်လစ်လပ်သွားသောဒုသမ္မတရာထူးတွင်ရာထားခဲ.ကြသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေကိုလိုရာဆွဲပြင်လိုက်လျင် သားမက်နှင်.ချွေးမများနိုင်ငံခြားသားဖြစ်သော်လည်းသမ္မတဖြစ်ခွင်.ရသွားပြီး ဦးမြင်.ဆွေသမ္မတဖြစ်ရန် လမ်းပေါက်သွားနိုင်သည်ဟုနိုင်ငံရေးအကဲခတ်များကခန်..မှန်းကြပါသည် ။ထို.အပြင် ယခုလက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သမ္မတဖြစ်လာနိုင်စရာအကွက်များလဲရှိပေသည် ။
တကယ်တော.မြန်မာနိုင်ငံတွင်လက်ရှိနိုင်ငံ၏လိုအပ်ချက်အရ မဖြစ်မနေပြင်ဆင်သင်.သည်မှာ သမ္မတရွေးချယ်ပုံစနစ်ဖြစ်သည် ။ ယခုလက်ရှိကျင်းပနေသော အစုအဖွဲ.သုံးဖွဲ.မှတဆင်.ခံရွေးကောက်သောစနစ်မှအမေရိကန်ပြည်ထောင်စုမှာကဲ.သို. ပြည်သူလူထုကသမ္မတကိုတိုက်ရိုက်မဲပေးရွေးချယ်သော တိုက်ရိုက်သမ္မတရွေးပွဲစနစ်သို.ပြောင်းလဲသင်.ပါသည် ။သို.မှသာမည်သူမဆိုသမ္မတလောင်းအဖြစ်စာရင်းတင်သွင်းပြီး ပြည်သူ.အဆုံးအဖြတ်ကိုခံယူကာ ကြိုက်လျင်ကြိုက်သလိုတက်လာမည် ၊မကြိုက်လျင်မကြိုက်သလို ပြုတ်ကျန်ခဲ.မည်ဖြစ်သည် ။ပြည်သူကြိုက်လျင်ဆက်လုပ်မည်ဟုပြောသူသည် ထိုစနစ်ဖြင်.သာပြည်သူကြိုက်မကြိုက် ပြတ်ပြတ်သားသားသိရပေမည် ။ယခုသမ္မတရွေးပွဲစနစ်သည်ဝေ.လည်ကြောင်ပါတ်နိုင်လွန်းသည်ဟုယူဆမိပါသည် ။ သမ္မတဆိုသည်မှာ ဒုသမ္မတများကိုသူ.စိတ်ကြိုက်ရွေးချယ်ဖွဲ.စည်းကြစမြဲဖြစ်သည် ။မြန်မာနိုင်ငံမှာတော. သမ၀ါယမဆိုင်တွင် ဆီတစ်ပိသာဝယ်လျင် ဆင်ချေးတုံးဆပ်ပြာတစ်တောင်.ရောယူရသောစနစ်လို သမ္မတလုပ်မည်.သူသည် လွှတ်တော်ကရွေးပေးသော ရွေးကျသမ္မတလောင်းနှစ်ယောက်ကိုကြိုက်ကြိုက်မကြိုက် ဒုသမ္မတအဖြစ်လက်ခံရလေသည် ။ နိုင်ငံအတွက်အရေးအပါဆုံးရာထူးပိုင်ရှင်သမ္မတသည် သူ.လက်အောင်တွင် သူနှင်.ငါးနှစ်အတူအလုပ်တွဲလုပ်မည်. ဒုသမ္မတနှစ်ဦးကိုကိုယ်.စိတ်ကြိုက်ရွေးချယ်ခန်.အပ်ပိုင်ခွင်.မရှိခြင်းမှာ အတော်ကို ဒီမိုကရေစီစံနှင်.လွဲချော်နေပါသည် ။ ထိုအချက်ကိုအဓိကပြုပြင်ပြောင်းလဲရမည်.အစား အာဏာရပါတီသည် မယောင်ရာဆီလူးကာအမျိုးသားလွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ်ဟူသော P.R စနစ်ကိုဇွတ်ကြီးပြောင်းလဲရန်ကြိုးစားနေပါသည် ။ ခုတ်ရာတခြား ရှရာတခြားဖြစ်နေပါသည် ။ တကယ်ဖြစ်သင်.သည်က အရည်အချင်း အရှိဆုံးလူတစ်ယောက်ကို တိုင်းပြည်က သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခွင်.ရဖို.ဖြစ်သည် ။ လက်ရှိအခြေအနေတွင်ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို ကန်.သတ်ချုပ်ချယ်ထားသည် ပုဒ်မ ၅၉ (စ)ကို ပြည်ခိုင်ဖြိုးပါတီလွှမ်းမိုးထားသောလွှတ်တော်ကပြင်ဆင်လိုသော ဆန္ဒမရှိပေ ။ ထို.ကြောင်.ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးမှာ ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေပါသည် ။ အရည်အချင်းရှိသောသမ္မတကိုရွေးချယ်မိဖို.အရေးကြီးပါသည် ။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ.သော ၁၉၄၈ ခုနှစ်မှ ယနေ.အချိန်အထိ သမ္မအဖြစ်တာဝန်ထမ်းဆောင်ခဲ.သူ (သမ္မတဦးသိန်းစိန်အပါအ၀င် သမ္မတ ကိုးဦး ရှိခဲ.ပါသည် )
လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတကြီးမှာ စ၀်ရွှေသိုက်ဖြစ်ပါသည် ။ သမ္မတကြီးစ၀်ရွှေသိုက်သည် ညောင်ရွှေစော်ဘွားဖြစ်ပြီး ၁၉၄၈ မှ ၁၉၅၂ အထိသမ္မတ တာဝန်ထမ်းဆောင်ခဲ.ပါသည် ။ သမ္မကြီးသည် ပထမကမ္ဘာစစ်အတွင်း အင်္ဂလိပ်စစ်တပ်တွင်အမှုထမ်းခဲ.ဖူးသော်လည်း ညောင်ရွှေစော်ဘွားဖြစ်လာသော၁၉၂၉ မှစကာစစ်မှုထမ်းမဟုတ်တော.ပေ ။ သမ္မတအဖြစ်ရွေးချယ်ခံရချိန်တွင် အရပ်သားပညာတတ်တစ်ယောက်ဖြစ်သည် ။ မြန်မာ.ပထမဆုံးသမ္မတသည် ရှမ်းတိုင်းရင်းသား ပညာတတ်အရပ်သားတစ်ယောက်ဖြစ်ပါသည် ။ဦးနေ၀င်း၁၉၆၂ တွင်အာဏာသိမ်းသောအခါထိမ်းသိန်းခံရပြီးကွယ်လွန်သည် ။
မြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတအဖြစ်ဆက်ခံသူမှာသမ္မတကြီး ဒေါက်တာဘဦးဖြစ်သည် ။၁၉၅၂ မှ ၁၉၅၇ အထိ တာဝန်ထမ်းဆောင်ခဲ.သည် ။ အင်္ဂလန်နိုင်ငံကိန်းဘရစ်တက္ကသိုလ်မှ မဟာဝိဇ္စာဘွဲ.နှင်.၀တ်လုံစာမေးပွဲအောင်မြင်ခဲ.သူဖြစ်သည် ။ သမ္မတအဖြစ်ခန်.အပ်ခံရချိန်တွင် တရားလွှတ်တော်ချုပ် တရားဝန်ကြီးဖြစ်သည် ။ နောက်ထပ်ပညာတတ်အရပ်သားသမ္မတတစ်ဦးဖြစ်သည် ။
တတိယမြောက်သမ္မတသည် သမ္မတကြီးဦးဝင်းမောင်(ခေါ်)မန်းဝင်းမောင်ဖြစ်သည် ။ကရင်တိုင်းရင်းသားဖြစ်သည် ။၁၉၅၇ မှ ၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းသည်.အချိန်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ.သည် ။ ၁၉၄၁ ဗိုလ်သင်တန်းတက်ခဲ.ပြီးဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်ပါဝင်ခဲ.သည် ။သမ္မတဖြစ်ချိန်တွင်စစ်တပ်နှင်.အဆက်အစပ်မရှိတော.ပဲ အရပ်သားသမ္မတအဖြစ်တက်လာခြင်းဖြစ်သည် ။
မြန်မာ.သမိုင်း၏စတုတ္ထမြောက်သမ္မတမှာ ဗိုလ်ချုပ်နေ၀င်းဟုနာမည်ကျော်သော သမ္မတကြီးဦးနေ၀င်းဖြစ်သည် ။ ဦးနေ၀င်းသည် ပြည်သူကရွေးချယ်တင်မြှောက်၍ခေါင်းဆောင်ဖြစ်လာသူမဟုတ်ပဲ အာဏာသိမ်းဗိုလ်ချုပ်အဖြစ်တိုင်းပြည်ခေါင်းဆောင်ဖြစ်လာသူဖြစ်သည် ။မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ပြီး လက်ညှိုးထောင်ခေါင်းညိတ် လွှတ်တော်က ၁၉၇၄ အခြေခံဥပဒေအရ သမ္မတတင်မြှောက်ခြင်းကိုခံရသူဖြစ်သည် ။ ၁၉၇၄ မှ ၁၉၈၁ အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ.သည် ။ စစ်တပ်ကတိုင်းပြည်ကိုစတင်လွှမ်းမိုးစေသောသမ္မတဖြစ်သည် ။ သမ္မတဖြစ်သော်လည်းဦးနေ၀င်းသည် တပ်မတော်ကို သူ.အာဏာစက်ကွင်းအောက်တွင်ထိမ်းချုပ်ထားနိုင်ခဲ.သည် ။
ဦးနေ၀င်းကိုဆက်ခံသော ပဉ္စမမြောက်မြန်မာ.သမ္မတမှာ ဦးစန်းယုဖြစ်သည် ။ ၁၉၈၁ မှ ၁၉၈၈ အထိသမ္မတာဝန်ထမ်းဆောင်ခဲ.သည် ။ ဦးစန်းယုသည်လည်းတပ်မှလာသူဖြစ်သည် တပ်ရင်းမှူး၊တပ်မမှူး၊တိုင်းမှူး၊ကာကွယ်ရေးဦးစီးချုပ်တာဝန်များကိုထမ်းဆောင်ခဲ.သည် ။ စစ်တပ်မှလာသောနောက်ထပ်သမ္မတတစ်ယောက်ဖြစ်သည် ။
၁၉၈၈ အရေးအခင်းဖြစ်ပွားသောအခါ သမ္မတဦးစန်းယုနုတ်ထွက်သွားပြီး နိုင်ငံတော်ကောင်စီဝင် ဦးအေးကိုက ယာယီသမ္မတအဖြစ် ဇူလိုင် ၂၅ မှ ၂၇ အထိ (၃) ရက် တာဝန်ထမ်းဆောင်သဖြင်. သမိုင်းတွင်သက်တမ်းအတိုဆုံးသမ္မဖြစ်သည် ။ ခြောက်ယောက်မြောက်သမ္မတဖြစ်သောဦးအေးကိုမှာလည်းတပ်မှလာသူပင်ဖြစ်သည် ။သူသည် တပ်မတော်တွင်ဒုတိယဗိုလ်ချုပ်ကြီးအဆင်းအထိတာဝန်ထမ်းဆောင်ခဲ.သည် ။
ဒီမိုကရေစီတောင်းဆိုပွဲလူထုတော်လှန်ရေးအရှိန်မြင်.တက်နေဆဲ ကာလ၀ယ် ကျားကွက်ထဲသို.ထိုးကျွေးခံရသောဦးနေ၀င်း၏နယ်ရုပ်တစ်ရုပ်သဖွယ်ဖြစ်သည် ။ဦးစိန်လွင်သည် ၁၉၈၈ ဇူလိုင် (၂၇)ရက်နေ.တွင် သမ္မတဖြစ်ကာ သြဂုတ်လ (၁၂)ရက်နေ.တွင်တာဝန်မှအနားယူနုတ်ထွက်ခဲ.ရသဖြင်. ဆယ်.ခြောက်ရက်ပဲအုပ်ချုပ်ခဲ.ရသော သမ္မတဖြစ်သည် ။ ဦးစိန်လွင်သည်လည်း တပ်မှလာသောသမ္မတဖြစ်သည် ။ ဗိုလ်မှူးချုပ်အဆင်.အထိတာဝန်ထမ်းဆောင်ခဲ.သူဖြစ်သည် ။ ပညာတတ်တစ်ယောက်မဟုတ်ပဲ ဒီမိုကရေစီဆန္ဒပြသမားများကိုအကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခဲ.သဖြင်. အရေးအခင်းကာလတွင် ပြည်သူလူထုက “ စိန်လွင်ခြောက်တန်း၊တဇောက်ကမ်း ၊စောက်ရမ်းအုပ်ချုပ်တိုင်းပြည်ပြုတ် “ ဟု ကြွေးကြော်ရှုတ်ချခြင်းကိုခံရသူဖြစ်သည် ။
ဦးစိန်လွင်ပြုတ်ကျသွားပြီးသောအခါ ပညာတတ်သမ္မတတစ်ဦးဖြစ်သောဒေါက်တာမောင်မောင်သည် ရှစ်ယောက်မြောက်မြန်မာ.သမ္မတအဖြစ် တက်လာပါသည် ။ဒေါက်တာမောင်မောင်သည် လူတော်တစ်ဦးဖြစ်သော်လည်း ဦးနေ၀င်း၏လူဖြစ်ခြင်း ၊ လူထုမုန်းတီးသော မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီမှဆင်းသက်လာသူဖြစ်ခြင်း၊ တပ်မတော်လူထွက်တစ်ယောက်ဖြစ်ခြင်း ကြောင်.လူကြိုက်နည်းခဲ.ပါသည် ။ သူသည် သမ္မတအဖြစ် ၁၈.၈.၁၉၈၈ မှ ၁၈.၉.၁၉၈၈ စစ်တပ်မှအာဏာသိမ်းသည်.နေ.အထိ တာဝန်ထမ်းဆောင်ခဲ.ပါသည် ။ တပ်မှလာသော်လည်း ကျောင်းသားသမဂ္ဂအဆောက်အဦကိုပြန်ဆောက်ပေးမည် ၊ ကျောင်းသားသမဂ္ဂတရားဝင်ဖွဲ.ခွင်.ပေးမည်ဟုပြောခဲ.သောသမ္မတဖြစ်ပါသည် ။ထိုကတိကိုအစိုးရသည်ယခုထက်ထိမတည်သေးပါ ။ ကျောင်းသားများကိုအကြမ်းဖက်နိပ်ကွပ်ဆဲပင်ဖြစ်သည် ။
ဒေါက်တာမောင်မောင်အလွန်တွင်မြန်မာနိုင်ငံ၌ သမ္မတမရှိတော.ပါ ။သို.သော် ထိုစဉ်ကအာဏာကိုရယူအုပ်ချုပ်ခဲ.သော ခေါင်းဆောင်များသည် သူတို.ကိုယ်သူတို. နိုင်ငံတော်အကြီးအကဲ ဟူ၍မကြာခနညွှန်းဆိုသဖြင်. ဗိုလ်ချုပ်မှူးကြီးစောမောင် နှင်. ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို.သည် (မကြေငြာသော်လည်း ) ၁၉၈၈ မှ ၂၀၁၀ အထိ သမ္မတသဖွယ်ဖြစ်ပါသည် ။ ထိုသူနှစ်ဦးသည်လည်း တပ်မှတိုက်ရိုက်အုပ်ချုပ်သောစနစ်ကိုရွေးချယ်ခဲ.ပါသည် ။ နှစ်ယောက်လုံးသည် ပညာတတ်များတော.မဟုတ်ပါ ။
၂၀၁၀ တွင်တော. သမ္မတဦးသိန်းစိန် အာဏာရလာပါသည် ။မြန်မာနိုင်ငံ၏ (၉) ဦးမြောက်တရားဝင်သမ္မတဖြစ်ပါသည် ။ ဦးသိန်းစိန်သည်လည်းစစ်တပ်မှထွက်လာသော ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပါသည် ။
ဤသည်မှာအတိတ်ကသမ္မတရှစ်ဦးနှင်.လက်ရှိသမ္မတတို.၏ သမိုင်းအကျဉ်းချုပ်ဖြစ်ပါသည် ။ ၂၀၁၅ေ၇ွးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ဆယ်ဦးမြောက်သမ္မတကိုရွေးချယ်ပါမည် ။ စ၀်ရွှေသိုက် ၊ဒေါ်က်တာဘဦး ၊မန်းဝင်းမောင်တို. နောက်ပိုင်းတွင်ပျောက်ကွယ်ခဲ.သော ပညာတတ်သမ္မတမျိုးဆက်ကိုပြည်သူလူထုကတောင်.တနေကြပါသည် ။တစ်ခါလာလည်း မဲပြာပုဆိုးဆိုသလို စစ်ဗိုလ်လူထွက်များ ၁၉၆၂ မှ ပုံစံအမျိုးမျိုးဖြင်.အုပ်ချုပ်နေသည်ကို အားလုံးကစိတ်ကုန်နေပါပြီ ။ အရပ်သားပညာတတ် သမ္မတများလက်ထက်ကမြန်မာနိုင်ငံသည် အာရှတွင် အဘက်ဘက်မှရှေ.ဆုံးတွင်ရှိခဲ.ပါသည် ။နိုင်ငံ.ဂုဏ်သည်ကမ္ဘာတွင်တင်.တယ်ခဲ.ပါသည် ။ယခုအခါတွင်မြန်မာသည် မကောင်းသည်.အရာများစာရင်းပြုစုလိုက်တိုင်းအနဲဆုံး 1 to 10 စွဲပါသည် ။ လူကိုလက်ခံပါသည် ဦးရွှေမန်းလည်းကောင်းပါသည် ။ဦးသိန်းစိန်လည်းကောင်းပါသည် ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်းကောင်းပါသည် ။သို.သော် တပ်မတော်သားများအုပ်ချုပ်နေသည်မှာကြာမြင်.လှပါပြီ ။ပြည်သူလူထုသည်အပြောင်းအလဲကိုလိုချင်လှ မြင်ချင်လှပါပြီ ။ ၂၀၁၅ တွင် မောင်ဖြူပဲတက်တက် ၊ မနီပဲတက်တက် တက်ချင်သည်.သူတက်ပါ ။ သို.သော် စစ်တပ်နှင်.အာဏာရပါတီမှမဟုတ်သော အရပ်သားပညာတတ်သမ္မတစ်ယောက်အုပ်ချုပ်သည်ကိုမြင်တွေ.ချင်တာအပြောင်းအလဲလိုလားသူအားလုံး၏ဆန္ဒဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
ကိုးကား
မောင်ရေစက်
သခင်မျိုးဟေ.ဒို.ဗမာ
Read More...

အခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရန် တ.က.သ ကျောင်းသားများက ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့

Leave a Comment

အခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရန်နှင့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရန် တ.က.သ ကျောင်းသားများက ယနေ့ (ဇွန် ၃၀) မွန်းလွဲ ၂ နာရီ ကျော်မှစ၍ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့သည်။

 7Day News Journal 
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)










Read More...

လိုင်စင်မဲ့ သစ်များအားတိုင်ကြားရာတွင် ပန်းတောင်းသစ်တောအရာရှိမှ ဥပဒေနှင့် အညီ ဖမ်းဆီးမပေး ဟုပြည်သူတစ်ဦးကဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

လိုင်စင်မဲ့ သစ်များအားတိုင်ကြားရာတွင် ပန်းတောင်းသစ်တောအရာရှိမှ ဥပဒေနှင့် အညီ
ဖမ်းဆီးမပေး ဟုပြည်သူတစ်ဦးကဆို

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ငါးဆယ်ပေးကျေးရွာအုပ်စုဘုရားပေါ်ကျေးရွာတွင်၂၈. ၆ .၂၀၁၅
ရက်နေ့ နေ့လည်(၃)နာရီအချိန်ခန့် ပန်တောင်းမြို့နယ်တွင်(လိုင်စင်မဲ့)
ပို့ဆောင်နေသောမော်တော်ယဉ်နှင့်သစ်များအားဥပဒေနှင့်အညီဖမ်းဆီး
ရန်တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ဦး 09-423673356 နတ်မောက်ရွာနေသူကလိုက်လံပြသခဲ့သော်လည်းဥပဒေနှင့်အညီဆောင်
ရွက်ခြင်းမရှိပဲသစ်တောအရာရှိများမှလွတ်ပေးခဲ့သည်ဟုပြည်သတင်းသို့
အကြောင်းခဲ့ပါသည်။

ထို့ကြောင့်၎င်းတိုင်ကြားမှုအပေါ်အရေးယူဆောင်ရွက်မှုမရှိခြင်း၊နိုင်ငံတော်
ဥပဒေများကိုဆန့်ကျင်ပြီးအကျင့်ပျက်ချစားနေသောပန်းတောင်မြို့မှသစ်တော
အရာရှိဦးကျော်ထွန်းနှင့်အဖွဲ့အားဥပဒေနှင့်အညီဆောင်ရွက်ပေးရန် အထက်
လူကြီးများသိစေရန် ၄င်းမှတာဝန်ယူမှုတာဝန်ခံမှုဖြင့်ပေးပို့လာသောအကြောင်း
အရာနှင့်ဓါတ်ပုံအား ပြန်လည်ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ပြည့်သဲမောင်(ပြည်)09 4236 71883
ဓါတ်ပုံ ကိုသန့်ဇင်ဦး





Read More...

Facebook Like Page