Monday, September 1, 2014

ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးသူလား

Leave a Comment
ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးသူလား

ဗုဒ္ဓဘာသာသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရန်ကုန်မြို့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟနက တာဝန်ပေးထားတဲ့ စည်းကမ်းထိမ်းသိမ်းရေး သံဃာတွေနဲ့ ရဲတွေက ညကြီး အချိန်မတော်ဝင်ရောက် စီးနင်း၊ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်၊ ငါးပါးကို အတင်းအကျပ် လူဝတ်လဲ၊ အင်းစိန်ထောင်ပို့တာ ဖြစ်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးကနေ ဖြုတ်ချပြီး အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်ပါတယ်။

ကနဦးသတင်းတွေအရ ဦးဆန်းဆင့်ကို ကျပ်ငွေသိန်း ၁၀၀ လောက်နဲ့ ညီမျှတဲ့ အစိုးရပိုင်ငွေတွေကို မမှန်မကန် ကိုယ်ကျိုးလုပ်တယ်ဆိုပြီး စသုံးလုံးအဖွဲ့က အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု- ၀န်ကြီး ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူတာ အဲဒီပြစ်မှုတွေတင်မကဘူး၊ အစိုးရ အဖွဲ့ခေါင်းဆောင် သမ္မတရဲ့ ညွှန်ကြားချက်ကို မနာခံလို့ ခုလို အရေးယူရတာပါဆိုပြီး ပြောပါတယ်။ ကောင်းပါပြီ။ ၀န်ကြီး ဦးဆန်းဆင့် ဘာကြောင့်အရေးယူခံရသလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါမယ်။

ပထမတစ်ချက်ကတော့ ဦးဆန်းဆင့်ကို ကျပ်ငွေ သိန်း ၁၀၀ လောက်ရှိတဲ့ အစိုးရပိုင်ငွေအလွဲသုံးစား လုပ်မှုနဲ့ အရေးယူ ဖမ်းဆီး အမှုဖွင့်ထားတယ်ဆိုတဲ့ ကိစ္စပါ။ ဒါ သဘာဝမကျပါဘူး။ ဦးဆန်းဆင့်ဟာ အခြား အခြားသော ဗိုလ်ချုပ်ဟောင်းတွေလိုပဲ ချမ်းသာသူတစ်ယောက်ပါ။ ဗိုလ်ချုပ်တွေကို နေရာချထားပေးတဲ့ ကမ္ဘာအေးဗီလာလို နေရာမျိုးမှာလည်း ကိုယ်ပိုင်ခြံနဲ့ တိုက်နဲ့ ရှိပါတယ်။ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ ဆိုရင်တောင် ကျပ်ငွေသိန်းပေါင်း သောင်းချီပြီး အေးအေးဆေးဆေး ပိုင်ဆိုင်ပါတယ်။ သိန်း ၁၀၀ လောက် အဂတိလိုက်စားမှာ မဟုတ်ပါဘူး။ နောက်စသုံးလုံးက ပြောတာ အဲဒီငွေခိုးတာလည်း မဟုတ်ပါဘူး။ ဘုရားမှာ လှူဒါန်းတဲ့ငွေပါ။ ပြောရရင် ဦးဆန်းဆင့်ကို ငွေကြေးအလွဲသုံးစားလုပ်လို့ ဖမ်းရတာဆိုရင် မမှန်ပါဘူး။

နောက်တစ်ခု လက်ရှိဖြစ်ခဲ့တဲ့ မဟာသန္တိသုခကျောင်း ၀င်ရောက်စီးနင်းမှု နဲ့ဆိုင်သလား ဆိုတာပါ။ သမ္မတ အကြံပေး ဦးရဲထွဋ်ကတော့ ဒီကိစ္စပါတယ်လို့ ဆိုပါတယ်။ “သန္တိသုခကိစ္စကလည်း အကြောင်းတစ်ခု ပါဝင်ပါတယ်။ သန္တိသုခဖြစ်တဲ့ အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ ဟိုဘက် ဒီဘက် နှစ်ဖက်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာဒကာတွေအနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။ လက်ရှိ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို ပြန်ကြည့်ရင် မဟာသန္တိသုခကျောင်းတိုက် ၀င်စီးတဲ့ ကိစ္စမှာ နိုင်ငံတော်သံဃမဟာနာယကလို့ ခေါ်တဲ့ မဟန၊ ရန်ကုန်တိုင်း မဟနသာသနာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအားလုံး ပါဝင် ပတ်သက်နေပါတယ်။ ဒီနေရာမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဟာ သြဇာကြီးတဲ့ ရန်ကုန်တိုင်း ၀န်ကြီး ဦးမြင့်ဆွေကို ကျော်ပြီး ညွှန်ကြားလို့ ရမ ရ၊ ပြည်ထဲရေးကို ကျော်ပြီး ရဲတပ်ဖွဲ့ပါလာအောင်လုပ်လို့ ရမရ မေးခွန်းထုတ်စရာရှိပါတယ်။ တကယ်လို့ ဦးဆန်းဆင့်ကို အရေးယူရတာ မဟာသန္တိသုခကိစ္စဆိုရင် အစိုးရတာဝန်ရှိသူတွေ ဒီပြဿနာအစအဆုံး ပြည်သူတွေကို ရှင်းဖို့၊ လင်းဖို့ တာဝန်ရှိပါတယ်။ ဦးဆန်းဆင့် တစ်ယောက်တည်းအပေါ် ပုံချတာကတော့ သိပ်ယုတ္တိမတန်ပါဘူး။

နောက်အရေးကြီးတာတစ်ချက် ဦးရဲထွဋ်ပြောတာ ဦးဆန်းဆင့်ဟာ သမ္မတ စကားနားမထောင်တဲ့အတွက် အကြိမ်ကြိမ် ပြောဆိုဆုံးမ ပဲ့ပြင်မှုတွေရှိခဲ့တဲ့အကြောင်း၊ အခု နောက်ဆုံးအကြိမ်မို့လို့ အရေးယူလိုက်ရတာလို့ ဆိုပါတယ်။ ခြုံပြောရရင် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက် မခံယူလို့ပါ။ ဒါဆိုရင်လည်း ဒီပုဒ်မနဲ့ဘဲ အရေးယူ၊ သမ္မတက ဦးဆန်းဆင့်ကို ဘာတွေ ညွှန်ကြားခဲ့ပြီး ဦးဆန်းဆင့်က ဘာတွေမလိုက်နာခဲ့သလဲ၊ ဘာတွေဆန့်ကျင်ပြီး လုပ်ခဲ့သလဲ” ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့လိုပါတယ်။

အခြားတစ်ဖက်မှာ ကြည့်လိုက်ရင် ဦးဆန်းဆင့်ဟာ အပြောင်းအလဲကာလ ဧရာဝတီတိုင်းရဲ့ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် စသုံးလုံးတွေက ခုလိုပဲ လိုက်ပါနှောင့်ယှက် ကလေးကလားလို လုပ်နေတာတွေကြောင့် အစိုးရအဖွဲ့ကို ပြစ်တင်ရှုတ်ချလုပ်ခဲ့သူပါ။ ပြည်နယ်၊ တိုင်းလွှတ်တော် ၁၄ ခု ရှိတဲ့အနက် အရင်အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ လက်ညှိုးထောင် ခေါင်းညိတ်၊ အတည်ပြုစရာလိုမှ လွှတ်တော်ခေါ်ဆိုတဲ့ လမ်းစဉ်မလိုက်နာဘဲ လွှတ်တော်တကယ် အသက်ဝင်လာအောင် လုပ်ခဲ့တဲ့ တစ်ဦးတည်းသော လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးဖြစ်ပေမယ့် ဦးဆန်းဆင့်ကိုတော့ ဒေသခံတွေရော၊ လွှတ်တော်ထဲက အမတ်တွေကပါ ထောက်ခံကြပါတယ်။

အဲဒီအချိန် သမ္မတဦးသိန်းစိန်က အလွန်အားထားရတဲ့၊ လက်ရှိလည်း သမ္မတဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်တယ်၊ သမ္မတနဲ့ ပါတီကို ထောက်ခံအားပေးရမယ်ဆိုပြီး တရားဝင် အစည်းအဝေးပွဲကြီးတွေမှာ ဗြောင်ထုတ်ဖော်ပြောဆိုရဲတဲ့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကို ဥပဒေကြောင်းအရ ဖြုတ်ချဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဒု-ဥက္ကဋ္ဌ ဦးဌေးဦးလို လူကတောင် ကိုင်တွယ်လို့မရသူ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက လွှတ်တော်ဥက္ကဋ္ဌဖြစ်နေတာကလည်း အဲဒီအချိန် သူ့ကို ပြည်ခိုင်ဖြိုးပါတီကရော၊ အစိုးရကပါ ဘယ်လိုမှ အရေးယူလို့ မရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တာပါ။ နောက်တော့ သိကြတဲ့အတိုင်း သူ့ကို သမ္မတဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးပြီး ငြိမ်သက်အောင် ထိန်းထားလိုက်တာ ဖြစ်ပါတယ်။

အတွင်းသတင်းတွေအရတော့ ဦးဆန်းဆင့်ဟာ လွှတ်တော်နာယကကြီး သူရဦးရွှေမန်းရဲ့လူဖြစ်တယ်၊ နိုင်ငံရေး မဟာမိတ် ဖြစ်တယ်ဆိုပြီးလည်း ပြောဆိုကြပါတယ်။ ဘယ်လောက်မှန်သလဲ အတည်ပြုလို့တော့ မရပါဘူး။ ဒါပေမဲ့ ဦးဆန်းဆင့်ကို သမ္မတဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးလိုက်ချိန် ဒီလိုအဖြစ်မျိုး ဖြစ်လာနိုင်မယ် တွက်ခဲ့ပေမယ့် ဒီလောက်ဆိုးရွားတဲ့ ကံကြမ္မာကြုံလာလိမ့်မယ်လို့တော့ မျှော်လင့်ခဲ့ပုံ မရပါဘူး။ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ် လွန်းမောင်ပြုတ်တဲ့ ကိစ္စ၊ ဖွဲ့စည်းပုံခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး ပြုတ်တဲ့ကိစ္စတွေကို ပြန်ကြည့်လိုက်ရင် သမ္မတဦးသိန်းစိန်ဘက်က လူတွေဖြစ်နေတာကြောင့် ဆိုပြီးလည်း သုံးသပ်ကြပါတယ်။ မှန်ပါတယ်။ အဲဒီ လူတွေရော၊ အခု ဦးဆန်းဆင့်ပါ ဒီမိုကရေစီ ဘက်တော်သားတွေ မဟုတ်ပါဘူး၊ နိုင်ငံတော်ကို တော်လှန်ပုန်ကန်မယ့်သူတွေ မဟုတ်ပါဘူး။

အဂတိလိုက်စားသူတွေလို့လည်း မသတ်မှတ်နိုင်ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ ၂၀၁၅ နီးလာလေ၊ ပိုပြင်း ထန်လာလေဖြစ်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ စစ်တပ်က တစ်ဖက်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့က တစ်ဖက် ဖြစ်ပွားကြတဲ့ ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးကြရရှာသူတွေပဲလို့ ပြောရင် မှားနိုင်မယ်မထင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။






တနင်္လာနေ့၊ ဇွန်လ 23 ရက် 2014 ခုနှစ် မဇ္ဈိမ ဆောင်းပါး - မဇ္ဈိမသတင်းဌာန
Read More...

ပီအာရ်စနစ်ဆိုတာ ဘာလဲ

Leave a Comment
ပီအာရ်စနစ်ဆိုတာ ဘာလဲ


အချိုးကျကိုယ်စားပြုစနစ် (Proportional Representation, PR System)  ကို အောက်ပါအတိုင်း အမျိုးအစားသုံးမျိုး ခွဲခြားကျင့်သုံးလေ့ရှိသည်ကို တွေ့ရသည်။

(၁) ပါတီအလိုက် အမည်စာရင်းကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (List Proportional Representation System)

ယင်းစနစ်သည် ပါတီကိုသာ မဲပေးရွေးချယ်ရခြင်းဖြစ်ပြီး ပီအာရ်တွင် အသုံးအများဆုံးလည်းဖြစ်သည်။ ပါတီများသည် မဲဆန္ဒနယ်မြေတစ်ခုချင်းစီအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းစရာမလိုဘဲ ကိုယ်စားလှယ်အဖြစ် လျာထားသူများကိုသာ အမည်စာရင်းထုတ်ပြန်ပေးရသည်။ မဲဆန္ဒရှင်များက မဲပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးခြင်းမဟုတ်ဘဲ ပါတီ၏ မူဝါဒနှင့် ပါတီကလျာထားသည့် ကိုယ်စားလှယ်စာရင်းကို ကြည့်၍ ပါတီကိုသာ မဲပေးရခြင်းဖြစ်သည်။

ရွေးကောက်ပွဲပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီအလိုက်ရရှိသော လူထုထောက်ခံမှု မဲအရေအတွက်ပေါ် မူတည်ပြီး ပါတီများရသင့်သည့် ကိုယ်စားလှယ်နေရာ ရာခိုင်နှုန်းကို ခွဲဝေပေးရခြင်း ဖြစ်သည်။ ယင်းကိုယ်စားလှယ်ရာခိုင်နှုန်းအတိုင်း ပါတီများ၏ ကိုယ်စားလှယ်လျာထားစာရင်းမှ ဦးစားပေးအဆင့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရသည်။ ပါတီများသည်လည်း ကိုယ်စားလှယ် ရွေးချယ်ခွင့်ရရေးအတွက် အနည်းဆုံးလိုအပ်သော လူထုထောက်ခံမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်ပါသည်။

ယင်းစနစ်အားနည်းချက်မှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု နည်းပါးခြင်း ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေရှိ ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရန်ထက် ပါတီ၏ လျာထားစာရင်းတွင် ပါဝင်ရေးကိုသာ အာရုံစိုက် လုပ်ဆောင်တတ်ကြသည်။ ထို့ပြင် မဲဆန္ဒရှင်များ မကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်များကို ဖယ်ရှားနိုင်သည့် အာဏာသည်လည်း ပြည်သူ့ထံတွင်မရှိဘဲ ပါတီထိပ်ပိုင်းခေါင်းဆောင်များတွင်သာ ရှိနေသည်။ ယင်းစနစ်သည် ဘာသာရေးအစွန်းရောက်ပါတီများကိုလည်း လွှတ်တော်အတွင်း ပါဝင်နိုင်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ပါတီကို ထောက်ခံသူ အနည်းငယ်ရှိရုံဖြင့် လွှတ်တော်အတွင်း အမြဲတမ်း ပါဝင်ခွင့်ရနေမည်ဖြစ်သည်။ အဆိုးဆုံးအချက်မှာ ဤစနစ်ကြောင့် လွှတ်တော်အတွင်း ပါတီငယ်အများအပြားပါဝင်လာပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရနိုင်သည်။

ထိုအခါ တိုင်းပြည်အတွက် အရေးကြီးသော မူဝါဒများ ချမှတ်ရာတွင်လည်းကောင်း၊ ပြည်သူများ၏ နစ်နာမှုများ၊ ပြဿနာများကို ဖြေရှင်းဖော်ဆောင်နိုင်သော ဥပဒေများရေးဆွဲရာတွင် လည်းကောင်း၊ ပြည်တွင်းစစ်ပွဲများ၊ နယ်စပ်နိုင်ငံများနှင့်ဖြစ်ပွားသော စစ်ပွဲများ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကြောင့် ခံစားနေရသော ပြည်သူတို့၏ ဒုက္ခဆင်းရဲများကို ငြိမ်းချမ်းပပျောက်စေရန်လည်းကောင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောတူညီမှု မရနိုင်ဘဲဖြစ်နေတတ်သည်။

အဆိုပါစနစ်အား ကျင့်သုံးနေသည့် အချို့နိုင်ငံများတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း(open list)ကို ထုတ်ပြန်ပြီး အချို့နိုင်ငံများတွင် မထုတ်ပြန်ပါ(closed list)။

(၂) ပေါင်းစပ်ထားသော အချိုးကျ ရွေးချယ်သည့်စနစ် (Mix Member Proportional System)

မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (First Past the Post, FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (Propor tional Representation, PR System) တို့မှ ကောင်းကျိုးများအားလုံးကို ရရှိနိုင်အောင် ဖန်တီးထားသော စနစ်ဟု ဆိုသည်။ လွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ တစ်စိတ်တစ်ပိုင်းကို FPTP စနစ်ဖြင့် ရွေးကောက်ပြီး ကျန်သည့်အစိတ်အပိုင်းကို ပါတီစာရင်းအရ အချိုးကျစနစ် (PR) ဖြင့် ရွေးကောက်ခြင်းဖြစ်သည်။

ဤစနစ်သည် ကိုယ်စားလှယ်နေရာ ခွဲဝေပေးမှု ရှုပ်ထွေးနိုင်ခြင်း၊ မဲဆန္ဒရှင်များကလည်း နည်းလမ်းနှစ်မျိုးဖြင့် မဲပေးရသည့်အတွက် အမှားအယွင်းများရှိနိုင်ခြင်းတို့ကြောင့် လက်ရှိဒီမိုကရေစီနှင့်ထိတွေ့ကာစ မြန်မာပြည်သူလူထုနှင့် ကိုက်ညီမှု မရှိနိုင်ပေ။ ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်သူများသည် နိုင်ငံရေးတွင် ပါဝင်စဉ်းစားရန် အချိန်မရှိသည့်အပြင် စိတ်ပါဝင်စားမှုလည်း အလွန်အားနည်းနေသေးသောကြောင့် ပီအာရ်စနစ်ကို ကျင့်သုံးရန်မှာ လုံးဝမဖြစ်နိုင်ချေ။

ဒေသအဆင့်နှင့် နိုင်ငံအဆင့်များတွင် ထိန်းညှိမှုလုပ်ဆောင်ရန် လူဦးရေများသော နိုင်ငံများတွင် အဆိုပါစနစ်ကို အသုံးပြုသည်။ ပထ၀ီအအခြေအနေ အမျိုးမျိုးရှိသော၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးပုံစံကွဲပြားမှု အမျိုးမျိုးရှိသော နိုင်ငံများတွင် ယင်းစနစ်ကို ကျင့်သုံးသည်။

(၃) လွှဲပြောင်းပေးနိုင်သော မဲတစ်မဲစနစ် (Single Transferable Vote System)

ယခုစနစ်မှာ ပိုမိုရှုပ်ထွေးသည်။ ပါတီများက မဲဆန္ဒနယ်မြေတစ်ခုအတွက် အနိုင်ရနိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို နာမည်စာရင်းတင်သွင်းရသည်။ မဲဆန္ဒနယ်မြေတစ်ခုတွင် ကိုယ်စားလှယ် အမြောက်အမြား ၀င်ရောက်ယှဉ် ပြိုင်နိုင်ပြီး ရရှိသည့်မဲများကို တစ်ဦးချင်း အဆင့်ဆင့်ပြောင်းလဲရသော နည်းဖြစ်သည်။ ဥပမာ-ကိုယ်စားလှယ်လောင်း ခုနစ်ယောက်ရှိလျှင် မဲပေးရမည့်အကွက်များမှာ မိမိကြိုက်နှစ်သက်သူ တစ်ဦးထက်မကဘဲ နှစ်သက်ရာ အစဉ်လိုက် မဲပေးရွေးချယ်ခွင့်ရှိသည်။ မဲအများဆုံးရသော ကိုယ်စားလှယ်လောင်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် သေချာနိုင်သော မဲအရေအတွက်ကို ချန်ပြီး ပိုသောမဲများကို ဒုတိယမဲအများဆုံးရသူ၏ မဲစာရင်းတွင် ထည့်ပေါင်းပေးရသည်။

မဲအရေအတွက် အနည်းဆုံးရသောသူကို ဖယ်ထုတ်ပစ်ပြီး ၎င်းတို့ရရှိသော မဲများအားလုံးကို ဒုတိယ၊ တတိယ မဲအများဆုံးရသူများ၏ မဲစာရင်းတွင် ထည့်ပေါင်းရေတွက်ပေးပြီး ရွေးချယ်သောစနစ် ဖြစ်သည်။

ယင်းစနစ်သည် တွက်ချက်မှုစနစ်များ ရှုပ်ထွေးလွန်းသောကြောင့် ကမ္ဘာပေါ်တွင် တစ်နိုင်ငံလုံးအဆင့်အဖြစ် အိုင်ယာလန်နိုင်ငံနှင့် မော်လ်တာနိုင်ငံတွင်သာ အသုံးပြုလျက်ရှိပါသည်။ ဥရောပနိုင်ငံများတွင် အသုံးပြုနေသည့် ပီအာရ်စနစ်ကို ၁၉၇၀ ပြည့်လွန်နှစ်များမှ စတင်၍ လစ်ဘရယ်ဒီမိုကရက်တို့က မဲအများဆုံးရသည့် ကိုယ်စားလှယ်လောင်း အနိုင်ရသည့် FPTP  စနစ်သည် အင်အားကောင်းသော အစိုးရအဖွဲ့များကို မဖွဲ့စည်းနိုင်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။




သောကြာနေ့၊ သြဂုတ်လ 29 ရက် 2014 ခုနှစ် မဇ္ဈိမ ဆောင်းပါး - မဇ္ဈိမသတင်းဌာန

Read More...

အညတရမှတ်တမ်း သရ၀ဏ်(ပြည်)

Leave a Comment
အညတရမှတ်တမ်း

သရ၀ဏ်(ပြည်)

( နိဒါန်း )
ကျွန်တော်သည် မည်သူ.ထက်မျှထူးခြားပြီးအရေးပါသူတစ်ယောက်မဟုတ် ။ စာတိုပေစရေးသားခြင်း ၊ ဧည်.လမ်းညွှန်လုပ်လုပ်ကိုင်ခြင်းတို.မှတပါးအခြားမည်သည်.အလုပ်ကိုမျှဟုတ်ဟုတ်ညားညားလုပ်ကိုင်တတ်သူတစ်ယောက်မဟုတ် ။တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင်.ပြောရလျင် ကျွန်တော်သည် ၅၁ သန်းကျော်ပြည်သူထဲမှ သာမန်အညတရပြည်သူတစ်ယောက်ဖြစ်ပေသည် ။ ထို.ကြောင်.ကျွန်တော်.အကြောင်းကိုကျွန်တော်၊ ဘ၀အတ္ထုပ္ဖတ္တိ ကိုယ်တိုင်ရေးသောအခါ တိုင်းပြည်ခေါင်းဆောင်လဲမဟုတ် ၊ celebrity လဲမဟုတ် ၊ အားကစားအကျော်အမော်လဲမဟုတ် ၊နိုင်ငံရေးခေါင်းဆောင်လဲမဟုတ်သဖြင်. အညတရမှတ်တမ်းဟုသာ အမည်ပေးလိုက်ရပါသည် ။ ဤစာစုများကိုရေးသားရာတွင်ကျွန်တော်.၌ အကြောင်းပြချက်တစ်ခုသာရှိသည် ။၎င်းမှာမရေးရမနေနိုင်သောစာပေပိုးကတောင်းဆိုသဖြင်. ကျွန်တော်အသက်ရှင်ထင်ရှားဖြတ်သန်းခဲ.သောခေတ်ကာလတစ်ခုကိုနောက်လူတို.သိအောင်မှတ်တမ်းတင်ခဲ. ချင်သောစိတ်ဖြစ်သည် ။ ဤစိတ်သည်ဘယ်လိုဖြစ်ပေါ်လာသနည်းဟူမူ ကျွန်တော်သည် အလွန်စာဖတ်ဝါသနာပါသော လူတစ်ဦးဖြစ်သည်နှင်.အညီ စာအုပ်ပေါင်းထောင်သောင်းနှင်ချီ၍ ဖတ်ရှုခဲ.ပြီးသောအခါ နိုင်ငံကျော်စာရေးဆရာကြီးများ၏ ကိုယ်တိုင်ရေး ဘ၀မှတ်တမ်းစာအုပ်များမှာ ရင်ထဲတွင်မပျောက်မပျက်စွဲကျန်နေခဲ.လေသည် ။ ဥပမာအားဖြင်. ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင်.အတွေးအခေါ်များ ၊ ဆရာဇ၀နရေးသော ဇ၀န၏ဇ၀န ၊ ပီမိုးနှင်း၏ပီမိုးနှင်း ၊ တင်.တယ်၏တင်.တယ် ၊ ဆရာသော်တာဆွေ၏ ကျွန်တော်.ဘ၀ဇာတ်ကြောင်း ၊ ဒဂုန်ရွှေမျှား၏ဒဂုန်ရွှေမျှား ၊ ဦးနု၏ တာတေစနေသား ၊ မှော်ဘီဆရာသိန်းးကြီး၏အရူးလွယ်အိတ် ၊ တင်.ဆန်း၏ ငမိုးရိပ်မှငမိုးရိပ်သို.စသည်.စာအုပ်များဖြစ်သည် ။ ထိုသို.နှစ်သက်သော်လည်းကျွန်တော်သည်အထက်ပါဆရာများနှင်.ကိုယ်.ကိုကိုယ်တစ်တန်းတည်းထား၍ ဤစာစုကိုရေးခြင်းမဟုတ်ကြောင်းထပ်မံ ဖော်ပြပါရစေ ။ ကိုယ်.အကြောင်းကိုယ်ရေးရန်မည်သို.မည်ပုံ အတွေးရခဲ.သည်ကိုဖော်ပြလိုရင်းဖြစ်ပါသည် ။

မြန်မာပြည်၌ကိုယ်.အကြောင်းကိုယ်ရေးရသည်မှာ လွယ်သည်မဟုတ် ကိုယ်.အကြောင်းကိုယ်ရေးသည်နှင်. တနွယ်ငင်တစင်ပါဆိုသလို မိသားစုအကြောင်းကပါလာမည်ဖြစ်သည် ။ညီအစ်ကိုမောင်နှမများအကြောင်း ပါလာမည် ။သူတို.၏ခင်ပွန်းများ ဇနီးမယားများအကြောင်းပါလာမည် ။ သူတို.ကမွေးသော သားသမီးများအကြောင်းပါလာမည် ။ ထိုသူများအားလုံးသည် ဆရာသော်တာဆွေ၏ သားသမီး ဆွေမျိုးညီအစ်ကိုမောင်နှမများကဲ.သို.၊ ဦးနု၏ မိသားစုကဲ.သို. သဘောထားကြီးကြီးထားနိုင်သူများ ဖြစ်လျင်တော်ပေသေး၏ ။ အများအားဖြင်.လူတို.သည် သူတို.အကြောင်း ၊သူတို.ဖခင်အကြောင်း ၊ သူတို.မိခင်အကြောင်း ၊သူတို.ပါက်သက်ရာပါတ်သက်ကြောင်းအကြောင်း မှန်သော်လည်းသူတို.လက်မခံနိုင်သော အရေးအသားတစ်စုံတစ်ရာပေါ်ပေါက်လာပါက ဆတ်ဆတ်ထိမခံတုန်.ပြန်ရန်တွေ.ကြသောဓလေ.မှာ မြန်မာနိုင်ငံတွင်အလေ.အထလိုဖြစ်နေသည် ။ ထို.ကြောင်.စာရေးဆရာသည်လောကလူ.ဘောင်တွင် တွေ.ကြုံရတတ်သော လူ.စရိုက်သဘာဝမှတ်တမ်းကို အရင်းအတိုင်း အပိုအလိုမရှိဖွဲ.ဆိုရာ၌အခက်အခဲများရှိတတ်ပါသည် ။ မခံမရပ်နိုင်ဖွယ်ကိစ္စများကိုအတတ်နိုင်ဆုံးရှောင်ရှားရေးသားရသည်မှာအရှိန်နှင်.ပြေးနေသောမြင်း ဇက်ကြိုးကိုခနခန ဆွဲဆောင်.ရသည်နှင်.တူနေပေသည် ။

ကျွန်တော်.ဘ၀မှတ်တမ်းကိုရေးမည်ကြံသောအခါ အချို.လူများကဝေဖန်ကြသည်မှာ ကျွန်တော်သည်အသက် (၄၇ )နှစ်ပဲရှိသေးသဖြင်.အလွန်ငယ်ရွယ်သေးသောကြောင်. ဤလိုစာမျိုးကိုအသက် (၇၀)လောက်မှရေးဖို.ကောင်းကြောင်း ပြောကြပါသည် ။ သို.သော်အကြောင်းနှစ်ရပ်ဖြင်.သူတို.စကားကိုကျွန်တော်ပယ်ရှားပါသည် ။ပထမအကြောင်းမှာ လူ.လောက၌မည်သူ.တွင်မှ အသက် (၇၀)အထိနေရမည် ၊အသက်ရှည်လိမ်.မည်ဟု အာမခံချက်မရှိ၍ဖြစ်သည် ။ အသက် (၇၀ )ကျော်အောင်ပင်နေရစေဦး ထိုအခါ ရှိလာမည်.မှတ်ဥာဏ်များသည် ယခုအခါလောက်ကောင်းမွန်တော.မည်မဟုတ်ပါ ။ နောက်အကြောင်းအချက်မှာ ဆရာဒဂုန်တာရာသည် သူ၏အတ္ထုပ္ဖတ္တိဖြစ်သော ဒဂုန်တာရာ၏ဒဂုန်တာရာကိုရေးချိန်၌ ကျွန်တော်.အသက်လောက်ပင်ရှိပါသေးသည် ။ အသက်ကြီးခြင်း မကြီးခြင်းသည်အဓိကမဟုတ် အတွေ.အကြုံများခြင်းမများခြင်း ၊လောကကိုဆင်ခြင်နိုင်သောဥာဏ်ရှိခြင်း မရှိခြင်းတို.ကသာ အဓိကနေရာတွင်ရှိကြောင်းကျွန်တော်ယုံကြည်ပါသည် ။ ထို.ကြောင်.ဤမှတ်တမ်းကို အသက် (၄၇ )နှစ်တွင်ကျွန်တော်စရေးပါသည် ။မည်မျှကြာကြာ ရေးရမည်လဲကျွန်တော်မသိပါ ။အကယ်၍ ကျွန်တော်သည် ကျန်းမာရေးကောင်းကာအသက်ရှည်ခဲ.ပါမူ ၊ ဤစာအုပ်ကို အပြီးသတ်ရေးသားထုတ်ဝေနိုင်သည်အထိ ဆောင်ရွက်နိုင်ကောင်းရဲ.ဟုမျှော်လင်.ပါသည် ။နောင်အနှစ်တစ်ရာ တွင်ယခုအသက်ရှင်နေကြသော သူအားလုံး ကွယ်လွန်ကုန်ကြလောက်ပြီဖြစ်ရာ နောက်လာနောက်သားများအားကျွန်တော်.မှတ်တမ်းလေးက ကျွန်တော်တို.ခေတ်နှင်.ပါတ်သက်သောတစ်စုံတစ်ရာကိုပြန်ပြောင်းပြောပြနိုင်မည်ဆိုပါကကျွန်တော.ဘ၀ကိုမ ခြွင်းမချန်အပင်ပန်းခံရေးသားရကျိုးနပ်ပြီဟုဆိုနိုင်ပါသည် ။

သရ၀ဏ်(ပြည်)
၁.၉.၂၀၁၄

* * * * * * * * *
ကျွန်ုပ်၏မိဘဘိုးဘွားများ

ကျွန်တော်၏မိသားစုမှာ ဘိုးစဉ်ဘောင်ဆက်ကပင်အနုပညာသမားများဖြစ်သည် ။ နားရှုပ်မည်စိုးသဖြင်.အဘိုး ကိုလွန်၍ မဖော်ပြတော.ပါ ။ အဘိုး အဘွားများလက်ထက်မှသာစတင်ရေးသားပြပါမည် ။မြင်သာအောင်ဇယားချပြရလျင် ကျွန်တော်တို. မျိုးရိုးဇယားမှာအောက်ပါအတိုင်းဖြစ်ပါသည် ။

(ဦးဝိန် +ဒေါ်သိန်းခင်)........... ( ဦးမြမောင်+ဒေါ်စန်းကြည် )
V V
ဦးပါ (ခ)ဦးခင်ဇော် + ဒေါ်မြင်.မြင်.

(၁) မာလာဝေ
(၂) နီလာဆွေ
(၃) အောင်ကြည်စိုး
(၄) သီတာမေ
(၅) အောင်ရည်မိုး (အောင်အောင်)
(၆) အောင်ညီမျိုး (ညီညီ )
(၇) ကြည်ပြာနွေ

ဤမျိုးရိုးဇယားတွင် လက်ဝဲဘက်တွင်ဖော်ပြထားသည်မှာကျွန်တော်.အဖေ၏ မိဘနှစ်ပါးဖြစ်သည် ။ အဘိုးဖြစ်သူဦးဝိန်သည် အင်္ဂလိပ်စာတတ်တစ်ယောက်ဖြစ်သည် ။ ဓါတ်ပုံပညာကို ငယ်စဉ်မှပင်ဝါသနာပါသည် ။ သူတို.ညီအစ်ကိုသည် ပိုက်ဆံဥစ္စာအလွန်ကြွယ်ဝချမ်းသာသည် ။ သူ၏အစ်ကိုတစ်ယောက်သည် ငွေစာရင်းမင်းကြီးဖြစ်သည် ။ အင်းယားမြိုင်လမ်းထဲရှိ ငွေစားရင်းမင်းကြီးတရားရိပ်သာ (ခေါ်)အပြည်ပြည်ဆိုင်ရာဝိပသနာရိပ်သာ (International Meditation Centre ) မြေနေရာကွက်သည် ကျွန်တော်.အဘိုး၏အစ်ကိုက ဆရာကြီးဦးဘခင်အားလှူဒါန်းခဲ.ခြင်းဖြစ်သည် ။ ညီအစ်ကိုအားလုံး ရန်ကုန်မှာနေသော်လည်း အဘိုးသည် ပြည်မြို.သူဖြစ်သော အဘွားဒေါ်သိန်းခင်နှင်.အိမ်ထောင်ကျကာ ပြည်မြို.မှာပဲ နေသည် ။ သူ၏အစ်ကိုဖြစ်သူ ငွေစာရင်းမင်းကြီးက ပြည်တွင်အဘိုးအတွက်အိမ်တစ်လုံးဝယ်ပေးရာ လူသူရှုပ်ထွေးသော လမ်းမတော်လမ်းရှိနေအိမ်ကိုမနှစ်သက်ပဲ ယခုထက်တိုင်ကျွန်တော်တို.နေထိုင်ဆဲဖြစ်သည်. ပြည်မြို.ရွှေဆံတော်ဘုရား မြောက်ဘက်စောင်းတန်းနှင်.တည်.တည်.လမ်းမှအိမ်ကိုစိတ်ကြိုက်ရွေးချယ်ခဲ.သည် ။ ကျွန်တော်တို.မောင်နှစ်မခုနစ်ယောက်စလုံး ထိုအိမ်မှာပင်မွေးဖွားကြီးပြင်းခဲ.ပါသည် ။

အဘိုးသည် တစ်နေ.တွင်ကင်မရာကက်တလောက်တစ်ခုကိုကြည်.ပြီး ရန်ကုန်မြို. ရိုးကုမ္မဏီသို. စာရေးကာ ဓါတ်ပုံကင်မရာတစ်လုံးမှာလိုက်သည် ။မကြာမီစာတိုက်မှအဘိုးဆီသို. V.P.P ဖြင်. ကင်မရာတစ်လုံးရောက်ရှိလာရာ အင်္ဂလိပ်လိုရေးသားထားသော ကင်မရာလက်စွဲလမ်းညွှန်ကိုဖတ်ပြီး ဓါတ်ပုံစမ်းရိုက်ရာ ရက်အနည်းငယ်အတွင်းမှာပင်အတော်နားလည်တတ်ကျွမ်းသွားလေသည် ။နောက်ပိုင်းတွင်အဘိုးသည် ဓါတ်ပုံပစ္စည်းများကိုထပ်မံမှာယူလိုက်ကာ အိမ်တွင် ခေတ္တရာဓါတ်ပုံဆိုင်ဟူသော ဓါတ်ပုံစတူဒီယိုတစ်ခုကို ( လွတ်လပ်ရေးရပြီးစကာလက ရှားရှားပါးပါး) ပြည်မြို.တွင်ထူထောင်လိုက်လေသည် ။ထိုခေတ်ထိုအခါကပြည်မြို.သူမြို.သားများသည် အရေးပါသောအခမ်းအနားတစ်ခုခုရှိလျင် ခေတ္တရာဓါတ်ပုံတိုက်တွင် ဓါတ်ပုံမရိုက်လိုက်ရပါကခေတ်မမီဟုပင်ပြောစမှတ်ရှိခဲ.သည် ။အဘိုးဓါတ်ပုံဆိုင်လုပ်ငန်းသည်အလွန်တွင်ကျယ်အောင်မြင်ခဲ.၏ ။မည်မျှအောင်မြင်သနည်းဟူမူ ၊အဘိုးဓါတ်ပုံပညာ အလွန်ကောင်းသည်ကိုသိရှိသွားသော ရန်ကုန်မြို. ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္မဏီမှ ဒါရိုက်တာဦးတုတ်ကြီးရိုက်ကူးသော မင်းသားခင်မောင်အေး ၊မင်းသမီးခင်ခင်ရီတို.ပါဝင်သရုပ်ဆောင်သည်. “ ကုတ္ထိယ” ဟူသည်.ဇာတ်ကားတွင် ကင်မရာမင်းအဖြစ်ခေါ်ယူရိုက်ကူးစေခဲ.သည် ။ထိုဇာတ်ကားတွင် ဓါတ်ပုံမောင်ဝိန်ဟုစာတန်းထိုးသည်ကိုမြန်မာ.ရုပ်မြင်သံကြားမှာ ကုတ္ထိယဇာတ်ကားပြန်ပြတော.ကျွန်တော်ကြည်.လိုက်ရပါသည် ။ သို.သော်အဘိုး သည်ရန်ကုန်တွင်မပျော်သဖြင်. ရုပ်ရှင်ဓါတ်ပုံလောကသို.မ၀င်ပဲ ပြည်မြို.သို.ပြန်လာကာ သူ၏ကိုယ်ပိုင်ဓါတ်ပုံဆိုင်လုပ်ငန်းကိုပဲဆက်လက်လုပ်ကိုင်ခဲ.ရာအတော်ပင်စီးပွားဖြစ်ခဲ.ပါသည် ။
( ဆက်ရန် )
Read More...

ကမ္ဘာ့ဘဏ်က မြန်မာတပြည်လုံးက မူလတန်းကျောင်းသားတွေအတွက် ပေးရမဲ့ထောက်ပံ့ကျေးငွေ တွေကို ပဲခူးတိုင်း၊ပြည်မြို့နယ်မှာ မပေးဘဲ အလွဲသုံးစားလုပ်ထားတာကြောင့်ရဲစခန်းမှာအမှုဖွင့်အရေးယူထား

3 comments
ကမ္ဘာ့ဘဏ်က မြန်မာတပြည်လုံးက မူလတန်းကျောင်းသားတွေအတွက် ပေးရမဲ့ထောက်ပံ့ကျေးငွေ တွေကို ပဲခူးတိုင်း၊ပြည်မြို့နယ်မှာ မပေးဘဲ အလွဲသုံးစားလုပ်ထားတာကြောင့်ရဲစခန်းမှာအမှုဖွင့်အရေးယူထား
**************************************************************************

ပညာရေးဌာနက ပြည်မြို့နယ်ကို ၂၀၁၄/ ၂၀၁၅ ပညာသင်နှစ်အတွက်ထောက်ပံ့ငွေနှင့် ကျောင်းဖွဲ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကြေးငွေများကို ကျောင်းများသို့ပေးအပ်ခြင်းမရှိပဲ အလွဲသုံးစားလုပ်သည်ဟု သံသယရှိသူ ယာယီမြို့နယ်ပညာရေးမှူးနှင့် စာရေးတို့အား လက်ရှိမြို့နယ်ပညာရေးမှူးက မြို့မ ရဲစခန်းမှာအမှုဖွင့်တိုင်တန်းထားလိုက်တာဖြစ်ပါတယ်။
ပြည်မြို့နယ် မူလတန်းကျောင်းသားများအတွက် တစ်ဦးကို ထောက်ပံ့ကြေးငွေ ၁၀၀၀ ကျပ်အဖြစ် မေလ ၂၉ ရက်နေ့ကချထားပေးခဲ့သည့် ငွေကျပ် ၁၈၆၅၀၀၀၀ နှင့် ဇွန်လ ၂ ရက်နေ့က ချထားပေးခဲ့တဲ့ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှထောက်ပံ့ကြေးငွေကျပ် ၃၉၆၅၀၀၀၀ တို့ကို လက်မှတ်ရေးထိုးထုတ်ပေးခဲ့သည့် ယခင်တာဝန်ခံမြို့နယ်ပညာရေးမှူးယခု အ.ထ.ကအမှတ်(၁) ကျောင်းအုပ်ကြီး ဦးဇော်မြနှင့် ထုတ်ယူခဲ့သူ စာရေး(၃) ဦးဌေးနိုင်မှ ကျောင်းများကိုပြန်လည် ခွဲဝေချထားပေးခြင်းမရှိတဲ့အတွက် လက်ရှိမြို့နယ်ပညာရေးမှူးဖြစ်သူဦးတင်ဦး ကတရားလိုပြုလုပ်ကာ အမှတ်(၂)မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ပါတယ်။
ဖြစ်သွားတာက ကျွန်တော်မရောက်ခင်မှာဖြစ်သွားတာပါ တရားစွဲဆိုရတာကတော့ အထက်ကညွှန်ကြားချက်နဲ့လုပ်ရတာပါ ကျွန်တော်ကခွဲဝေပေးပြီးပြီလို့တောင်ထင်တာ ကျောင်းတွေကလည်းဘာမှရမရပြန်မတက်လာဘူးလေ။ အခုမှမရဘူးဆိုတာသိရတာပါ။ သိသိချင်းကျွန်တော်တို့ညှိုနိုင်းပါသေးတယ်။ နောက်ဆုံးမရမှ အထက်ကတရားစွဲဆိုကမှစွဲရတာ လက်ရှိမှာကျောင်းအုပ်ကြိးကိုတော့ တာဝန်ထမ်းဆောင်ဆဲပါပဲ စာရေးကတော့ရုံးလာမတက်တော့ဘူး အမှုကိုတော့စစ်ဆေးနေဆဲပါပဲ” လို့တရားစွဲဆိုထားသည့် မြို့နယ်ပညာရေးမှုးက ရှင်းပြပါ
အဆိုပါတိုင်တန်းမှုကို သြဂုတ်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့အမှတ်(၂)မြို့မရဲစခန်းမှ (ပ) ၇၃၅/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၀၉ ဖွင့်အရေးယူစစ်ဆေးလျှက်ရှိကြောင်းသိပြီး။သွားရောက်မေးမြန်းခဲ့ရာမှာတော့ မြို့မစခန်းမှုးက ဖြေဆိုခွင့်မရှိကြောင်းနဲ့ ၀န်ထမ်းတွေဖြစ်တာကြောင့် မဖေါ်ပြသင့်ကြေင်းပြောပြီးငြင်းဆန်လိုက်ပါတယ်။
ပြည်မြို့နယ်တွင်း မူလတန်းအဆင့်ကျောင်းပေါင်း ၁၇၉ ကျောင်းရှိပြီး မူလတန်းကျောင်းသား/သူ ၁၈၆၅၀ ဦးရှိကြောင်း သိပါတယ်။

ကိုမင်းညို(DVB)




Read More...

သရေခေတ္တရာရှေးဟောင်းဇုံအတွင်းက လယ်မြေတွေထဲမှာ အိမ်ဆောက်နေထိုင်သူတွေကို နေရာရွေ့ပြောင်းပေးဖို့အတွက် မြေစာရင်းဦးစီးဋ္ဌာနက အမိန့်တခုထုပ်ပြန်လိုက်ပါတယ်။

Leave a Comment






သရေခေတ္တရာရှေးဟောင်းဇုံအတွင်းက လယ်မြေတွေထဲမှာ အိမ်ဆောက်နေထိုင်သူတွေကို နေရာရွေ့ပြောင်းပေးဖို့အတွက် မြေစာရင်းဦးစီးဋ္ဌာနက အမိန့်တခုထုပ်ပြန်လိုက်ပါတယ်။
*************************************************************************************

သရေခေတ္တရာ ပျူ မြို့ဟောင်း ရွှေတခါးကွပ်သစ် အပိုင်း(၂)နဲ့ အတွင်းက လယ်ယာမြေတွေပေါ်မှာ ဆောက်လုပ်နေထိုင်နေတဲ့အိမ်(၂၃)လုံးကို မြို့နယ်မြေစာရင်းဦးစီးမှုးရုံးက လယ်ယာမြေတွေကို အခြားနည်းဖြင့် တရားမ၀င်အသုံးပြုလုပ်နေထိုင် သည်ဟု သတ်မှတ်ပြီး အဲဒီနေရာတွေက ဖယ်ပေးဖို့အတွက် ပထမအကြိမ် နို့တစ်စါ ထုပ်ပြီး ကျူးကျော်အိမ်တွေကို လာရာက်ကပ်ပြီး နျင်ထုပ်လိုက်ပါတယ်။ျ
ကမ္ဘာ့ရှေးဟောင်းအမွေအနစ်အဖြစ်သတ်မှတ်ထားခြင်းခံရတဲ့ သရေခေတ္တရာ ပျူ မြို့ဟောင်း တည်နေရာကို။ ယူနက်စကိုက Google မြေပုံကနေပြီး ၂၀၁၂ မှာအတည်ပြုထားပြီးတဲ့နောက်မှာ အဲဒီရှေးဟောင်းဇုံ သတ်မှတ်နေရာများအတွင်းမှာ အထက်မြင့်အဆောက်အအုံများဆောက်လုပ်ခြင်းနဲ့ တိုးချဲ့ခြင်းတွေမလုပ်ဖို့တားမြစ်ချက်တွေ ရှိခဲ့ပြီး ဇုံအတွင်းအဓိကကြတဲ့နေရာတွေနဲ့ လယ်ယာမြေတွေပေါ်မှာ အဆောက်အဦးဆောက်လုပ်နေထိုင်ခြင်းတွေကိုလဲပိတ်ပင်တားမြစ်ခဲ့ပါတယ်။
သူ့အနေနဲ့ကတော့ရှိပြီးသားနေသူတွေကိုတော့ ဒီအတိုင်းပဲထားလိုက်ပြီးနောက်ထပ် သာထပ်ပြီးမတိုးချဲ့ဖို့လုပ်စေချင်တယ်။သူ့တို့အနေနဲ့ကလဲ ငွေပေးပြီးဝယ်ယူထားကြသူတွေဖြစ်တယ် ဖယ်ရရွေ့ရမယ်ဆိုရင် သူတို့ ဒုက္ခရောက်ကုန်လိမ့်မယ်လို့ (ရွှေတခါးအုပ်ချုပ်ရေးမှုး ။ဦးတင်ဦး က ပြောပြပါတယ်။
အဲဒီအိမ်တွေကရှေးဟောင်းလက်ရာတွေနဲ့မလွတ်လို့ ဖယ်ဆိုရင်လဲ လူထုက မကျေနပ်လို့ ဆန္ဒထွက်ပြလို့ပြသနာတခုခုဖြစ်ခဲ့ရင်လဲ ယူနက်စကိုက နောက်ဆုပ်သွားရင်လဲ ဒုက္ခပဲ အရင်ကထဲက ဋ္ဌာနဆိုင်ရာတွေ နဲ့ လူတွေရဲ့အမှားကြောင့် အခုလို မဖြစ်သင့်ပဲ ဖြစ်ခဲ့တာတွေ ဖြစ်ရတာဖြစ်တယ်၊အားလုံးကိုတော့ထိမ်းထိမ်းသိမ်းသိမ်း လုပ်မှဖြစ်မယ်လို့ မှော်ဇာဒေသခံ တယောက်က ရှင်းပြပါတယ်
သြဂုတ်လ(၂၃)ရက်နေ့ကပထမဆုံး နို့တစ် စာလာပို့တာ နောက်ဆုံးစာလာပို့ရင် အပြီးသတ်ဖယ်ပေးရမယ်တဲ့ ဒီအနားကအကုန်လုံးကိုဖယ်ခိုင်းတာမဟုတ်ဖူးသူတို့(၄)အိမ်လောက်ကိုပဲဖယ်ခိုင်းနတာဖြစ်တယ်လို့ ဒေသခံတယောက်ကပြပါတယ်။
ပြည်မြိုနယ်မြေစာရင်းဦးစီးမှုးက သူတို့ကလယ်ယာမြေတွေကို အခြားနည်းနဲ့တရားမ၀င်အသုံးပြုနေတာကြောင့် ရွေ့ပြောင်းခိုင်းတာလို့ ဖုန်းဖြင့်ဖြေကြားပေးခဲ့ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် တွင်တည်ရှိခဲ့တဲ့ ဟန်လင်း ၊သရေခေတ္တရာနဲ့ ဗိဿနိုးမြို့ဟောင်းတို့အားကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) က ကမ္ဘအမွေအနှစ်စာရင်းဝင်(World Heritage List) အဖြစ် ဇွန်လ(၂၂)ရက်နေ့ကကာတာနိုင်ငံဒိုဟာမြို့တွင်ကျင်းပသော (၃၈)ကြိမ်မြောက် ကမ္ဘာအမွေအနှစ်အစည်းဝေးတွင်သတ်မှတ်လိုက်ကြောင်း မကြေငြာခင်ကထဲက ကောင်းကင်မြေပုံ Google Map ဖြင့် ရှေးဟောင်းဇုံအတွင်းက သတ်မှတ်နေရာတွေအားလုံးကို (၂၀၁၂)ခုနှစ်ကထဲက မှတ်တန်းတင် ဓါတ်ပုံရိုက်ထားပြီးဖြစ်ပြီး နောက်ထပ်တိုးချဲ့ တာတွေ ကိုပါ စီစစ်ပြီးမှ လက်ခံဖို့ကိုလဲ သတ်မှတ်ပေးပြီးဖြစ်ပါတယ်
အဲဒီခုနှစ်ကထဲက ကန့်သတ်နေမြေတွေ ကို မကျူးကျော်ဖို့သတ်မှတ်ပြီးသားဖြစ်ပေမဲ့ လယ်ယာမြေတွေထဲမှာ အိမ်တွေဆောက်ပြီးနေထိုင်လာမှုတွေနဲ့၊ နောက်ထပ်(လန) (၃၉)လျှောက်ပြီး ရရှိလာသူတွေ ကအခုလိုအိမ်တွေ ဆောက်ပြီးနေထိုင်လာကြတာတွေကြောင့် အိမ် ခန့်မှန်းချေ(၄၀၀)လောက်ဖြစ်လာပြီး အခုလိုပြသနာတွေဖြစ်နေရတာဖြစ်ပြီး၊ ယူနက်စကိုအနေနဲ့ကလဲ အခုလိုမျိုး မလိုလားအပ်တဲ့ ဒေသခံတွေနဲ့ပြသနာတွေဖြစ်ပွားလာခဲ့ရင် လုပ်ငန်းတွေ ရပ်တံ့၊နောက်ဆုပ်သွားမှာတွေ ရှိတာကြောင့်ဒေသခံတွေကဆိုးရိမ် နေကြပါတယ်။

ကိုမင်းညို(DVB)
Read More...

Facebook Like Page