Sunday, February 2, 2014

ယာဉ်ထိန်းရဲများကို ငွေပေးလျှင် ပေးသူနှင့် ယူသူနှစ်ဦးလုံးအား အရေးယူမည်............ ပြည့်သဲမောင်(ပြည်)

Leave a Comment


ယာဉ်ထိန်းရဲများကို ငွေပေးလျှင် ပေးသူနှင့် ယူသူနှစ်ဦးလုံးအား အရေးယူမည်

####################################

ြ      ပြည့်သဲမောင်(ပြည်)

ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ကာ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေသော ယာဉ် ထိန်းရဲများကို စည်းကမ်းဖောက်ဖျက်သူများက ငွေပေးယူကာ အရေးယူခြင်းမပြုလုပ်ရန်လုပ်ဆောင်လျှင် ပေးသူနှင့် ယူသူနှစ်ဦးစလုံးကို အရေးယူသွားမည်ဟု အမှတ်-၁၁ ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)၏ ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူးသိန်းကိုကိုက ဇန်န၀ါရီ ၂၈ ရက်တွင် မဇ်္ဈိမကို ပြောသည်။
“ယာဉ်ထိန်းရဲတွေကို စည်းကမ်းပျက်တဲ့သူတွေအနေနဲ့ ပိုက်ဆံပေးခြင်းကို မပြုလုပ်စေချင်ဘူး။ အဲလိုမရှိ အောင် ပေးသူ၊ ယူသူနှစ်ဦးလုံးကို အရေးယူသွားဖို့ ရှိပါတယ်။ ပေးတဲ့သူမှာလည်း အပြစ်ရှိသလို ယူတဲ့ သူမှာလည်း အပြစ်ရှိတဲ့အတွက်ပါ”ဟု ရဲမှူးသိန်းကိုကိုက ပြောသည်။

စည်းကမ်းလိုက်နာမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိလာနိုင်ခြင်း၊ ၀န်ထမ်းများအနေဖြင့်လည်း အကျင့်ပိုင်း ဆိုင်ရာ ယိုယွင်းမှုများ ဖြစ်လာနိုင်ခြင်း၊ ဥပဒေမဲ့ယာဉ်များ စီးနင်းမှုများ များပြားလာနိုင်ခြင်းနှင့် ပြည်သူလူ ထုအနေဖြင့် ယာဉ်ထိန်းရဲများအပေါ် အမြင်ပြောင်းလဲလာနိုင်ခြင်း စသည်တို့ မဖြစ်ပွားစေရန် ယခုလိုစီစဉ် ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ကာ သက်ဆိုင်ရာယာဉ်ထိန်းရဲများအားလည်း အသိပေးမှုများ လုပ်ဆောင်ထား ရှိကြောင်း၊ အသိပေးတိုင်ကြားမှုများ ကိုလည်း လက်ခံ ဆောင်ရွက်ထားရှိကြောင်းနှင့် တိုင်ကြားမှုများလုပ် ဆောင်ရာတွင် တိကျသော တိုင်ကြားစာများဖြင့် တိုင်ကြားစေလိုကြောင်း သိရသည်။

တိုင်ကြားမှုများ လုပ်ဆောင်လျှင် ပြစ်မှုဥပဒေ ပုဒ်မ၄၁(ဂ)၄၂အရ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ် ကာ ပြစ်ဒဏ်အဖြစ် အပြင်းထန်ဆုံး ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းကိုလည်း ဒု-တပ်ဖွဲ့ခွဲမှူး က ပြောသည်။

ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364

Mizzima - News in Burmese
Read More...

မြန်မာဂျာနယ်လစ်ကွန်ယက်အဖွဲ့အားဝင်ရောက်လိုသူအသင်းသားတစ်ဦးလျှင် ငွေ(5000)ကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းသတင်းရရှိ

Leave a Comment



ပဲခူးတိုင်းဒေသကြီးပဲခူးမြို့တွင်ယနေ့(2.2.2014)ရက်နေ့နံနက်(10)နာရီအချိန်ကပဲခူးတိုင်းဒေသကြီးတွင်မြန်မာဂျာနယ်လစ်ကွန်ယက်ဖွဲ့စည်းရေးအတွက်ပဲခူးမြို့ယာဉ်ဝင်းရှေ့ရွှေမေတ္တာ လ္ဘက်ရည်ဆိုင်တွင်ကျင်းပခဲ့ကြောင်းအဆိုပါအခန်းအနားသို့ မြန်မာအလင်းသတင်းစာမှသတင်ထောက်များကြေးမှုံသတင်းထောက်များအရပ်ဖက်သတင်းစာတိုက်မှသတင်းထောက်များဂျာနယ်သတင်းထောက်များစုစုပေါင်း ၂၅ ဦးခန့်တက်ရောက်ပြီးအဆိုပါမြန်မာဂျာနယ်လစ်ကွန်ယက်အဖွဲ့အားဝင်ရောက်လိုသူအသင်းသားတစ်ဦးလျှင်
ငွေ(5000)ကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းသတင်းရရှိသည်။  ပဲခူးမီဒီယာ



 ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364
Read More...

ဝမ်းနည်းကြေကွဲခြင်း

Leave a Comment


ဝမ်းနည်းကြေကွဲခြင်း
*************
မိသားစုနှင့်အတူထပ် တူထပ်မျှဝမ်းနည်းကြောင်း
ပြည့်သဲမောင်(ပြည်)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ပြည်ခရိုင်ရုံးတွင်တာဝန်ထမ်းဆောင်
နေသောကိုမင်းမင်းစိုး(သတင်းထောက်) ၏မွေးသမိခင် ဒေါ်ဝင်းစိန် (၆၉)နှစ်
သည် ၁.၂.၂၀၁၄ရက်နေ့ နေ့လည်၂နာရီ၃၀မိနစ်အချိန်တွင်မြို့သစ် ၆လမ်း/
၁ကွက် ၄င်း၏နေအိမ်တွင်ကွယ်လွန်သွားပါသဖြင့် ပြည်မြို့နယ်စာရေးဆရာ
အသင်းနှင့်လုပ်ဖော်ကိုင်ဖက်သတင်းထောက်များမှ မိသားစုနှင့်အတူ ထပ်တူ
ထပ်မျှဝမ်းနည်းကြောင်း ၊၃.၂.၂၀၁၄ရက်နေ့နေ့လည် ၃ နာရီတွင်အေးငြိမ်းရာ
သုဿာန်သို့ ပို့ဆောင် မီးသဂြိင်္ုလ် မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

Read More...

ဖိုးဦးတောင်ဘုရားသမိုင်း **************** ဖိုးဦးတောင်စေတီတော်မြတ်ကြီးသမိုင်း...အပိုင်း(၁)

Leave a Comment



ဖိုးဦးတောင်ဘုရားသမိုင်း
****************
ဖိုးဦးတောင်စေတီတော်မြတ်ကြီးသမိုင်း...အပိုင်း(၁)

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စု အတွင်းတည်ထားကိုးကွယ်တော်မူသော ဂေါတမမြတ်စွာဘုရား၏ ဥဏ္ဏလုံမွေးရှင်တော်၊ကုမုဒ၊ပုဏ္ဍရိက၊သုပုပ္ပိတ လေး
မည်ရသော မွေးညင်းတော်မြတ်များ ဌာပနာတည်ထားကိုးကွယ်ခဲ့သော ဖိုးဦးတောင်ဘုရားသမိုင်းအား ရန်ကုန်မြို့၊ကမ္ဘာအေး၊သာသနာရေးဝန်ကြီးဌာန၊သာသနာရေးဦးစီးဌာန၊ကမ္ဘာအေးစာပုံနှိပ်
တိုက်တွင် ညွှန်ကြားရေးမှုး ဦးဝင်းနိုင် မှတ်ပုံတင်အမှတ်(၀၃၈၄၃/၀၂၄၀၅)က ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖိုးဦးတာင်ဘုရား ထီးတော်အသစ်တင်လှူပှုဇော်ရေးနှင့်စာအုပ်ဖြစ်မြောက်ရေး ဆပ်ကော်မတီ
အဖွဲ့များဖြစ်ကြသော....
၁။ဦးပန်းအောင်..............နာယက
၂။ဦးအောင်ခိုင်ကျော်........အဖွဲ့ဝင်
၃။ဦးဇော်မင်းဦး...................။
၎။ဦးသိန်းဦး.......................။
၅။ဦးအေးကြိုင်....................။တို့ကြိုးစားအားထုတ်မှု့နှင့် ဘဒ္ဒန္တ ရာဇိန္ဒ တောင်တော်တာဝန်ခံဆရာတော် ဖိုးဦးတောင်ကျောင်းတိုက် ဖိုးဦးတောင်ဘုရားပဓာနနာယက
ရွာသာယာအုပ်စု ပန်းတောင်းမြို့နယ် ပြည်ခရိုင် ပဲခူးတိုင်း မှ ကိုးကားခဲ့သောကျမ်းများ...........
၁။စေတိယပကာသနီကျမ်း...
၂။မြန်မာရာဇ၀င်ပေါင်းချုပ်...
၃။မြန်မာ့စွယ်စုံကျမ်း...
၎။မှန်နန်းရာဇ၀င်
၅။ရွှေဆံတော်သမိုင်း
 တို့မှတဆင့် ရေးသားထုတ်ဝေခဲ့သော ဖိုးဦးတောင်သမိုင်းစာအုပ်အား ကျွန်တော် ပြည်သတင်းလူငယ်(ပြည်သတင်း) မှတဆင့်ကူးယူဖော်ပြရေးသား ပူဇော်အပ်ပါတယ်။.......

အမှာစာ
*****
ရဟန်းရှင်လူ ပြည်သူများမှ "သရေခေတ္တရာ အစ ဖိုးဦးတောင်က" ဖြစ်သော်လည်း ဖိုးဦးတောင်ဘုရားသမိုင်း စာအုပ်မရှိသောကြောင့် ဆရာတော်အား ရေးသားပြုစုရန် လျှောက်ထားတောင်းပန်
သောကြောင့် လည်းကောင်း၊မြတ်စွာဘုရားရှင်၏ ရည်ရွယ်တော်မှုရင်းဖြစ်သော.......(တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ ၊ သမေ စိတ္တေ သမံ ဖလံ။ စေတောပဏိဓိဟေတူ ဟိ ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။)

အနက်အဓိပ္ပါယ်ဖွင့်ဆိုရသော်....တိဋ္ဌန္တေ၊.သက်တော်ထင်ထင် တည်ရှိစဉ်ဝယ် ဖူးမြင်ရငြား မြတ်စွာဘုရား၌ လည်ကောင်း။ နိဗ္ဗုတေ စာပိ၊..ရွှေပြည်နိဗ္ဗုစံတော်မှုသည့် သုံးလူထွတ်ထား
 မြတ်စွာဘုရား၌ လည်းကောင်း။  စိတ္တေ၊..ဘုရားအာရုံ ကောင်းစွာထုံ၍ တလုံလဲလဲ မှီဝဲ စွဲသုံး စိတ်နှလုံးသည်။ သမေ။..သဒ္ဒါပညာ အရာရာဝယ် မကွာတန်းတူ ညီမျှပါမူကား။ သမံ ဖလံ၊..
အကျိုးပေးဟန် အတန်တန်လည်း ဧကန်ညီမျှ တန်းတူရလေတော့၏။ ဟိ၊..ထိုစကားလျှင် မမှားဧကန် ယုတ္တိတန်လှပါပေ၏။ သတ္တာ၊..ယုတ်မြတ်မဟူ သူငါအစ သတ္တ၀ါဟူသမျှတို့သည်။
စေတောပဏိဓိဟေတု။..စိတ်ရင်းစိတ်ထား ကြီးမားသန့်ရှင်း အကြောင်းရင်းကြောင့်။ သုဂတိံ၊..လူ့ရွာနတ်ထံ နိဗ္ဗာန်အထိ ချမ်းသာရှိကြောင်း အကောင်းဆုံး ဂတိသို့။ ဂစ္ဆန္တိ ၊..ပါရမီစွမ်းသလောက်
 စခန်းထောက်၍ လှမ်းရောက်တော်မှုနိုင်ကြလေကုန်သတည်း။..(၀ိမာနစစတ္ထုပါဋ္ဌိတော်၊ဆဋ္ဌမူ ၆၆။)

ဖိုးဦးတောင်စေတီတော်မြတ်ကြီး သမိုင်းအကျဉ်း(ဧကပိုဒ်-ရတု)
****************************************
မဟာပရမေ၊ ငါးရန်ချွေသား၊စိန္တေမုနိ၊တုမရှိသည့်၊ဗောဓိညောင်ရွှေ၊ပလ္လင်ဗွေ၌၊လေးထွေသစ္စာ၊ ပွင့်လင်းဖြာ၍ ၊သမ္မာသမ္ဗုဒ္ဓ ၊ဖြစ်ပြီးမှလျှင် ၊ပဌမ၀ါ ၊လွန်မြောက်လာ၍ ၊ပြာသိုမာသ ၊ဟေမန္တဟု ၊
ကိုးလမြောက်တွင် ၊နောင်အစဉ်၌၊ ရှင်ပင့်သာသနာ၊ တည်တံ့ရာဟု၊ အနာဂတံသ၊ ဥာဏရှုမြော်၊ မြင်ပြီးသော် လျှင်၊ ကိုယ်တော်ထီးထီး၊ ဈာန်ယာဉ်စီး၍၊ ပြည်ကြီးခေတ္တရာ၊ ပေါ်ထွန်းလာမည့်၊
မြန်မာရဋ္ဌ၊ ရွှေပြည်မရှိ၊ သီဟပဗ္ဗတာ၊ မည်သာတွင်ဆောင်၊ ဖိုးဦးတောင်သို့၊ ဘုန်းခေါင်ကြွလာ၊ နတ်ယက္ခာနှင့် နာဂအများ၊ ပွေးကားဖိုမ၊ တရားပြလျှင်၊ မိန့်ဟဗျာဒိတ်၊ ခတ်နှိပ်မြွက်ဖော်၊ ပြုပြီးသော်
လျှင်၊ တေဇော်ကြီးလှ၊ သမ္ဘူလဟု၊ ယက္ခအမှုး၊ နတ်ဘီလူးအား၊ ကြည်နူးသဒ္ဓါ၊ ကိုးကွယ်ရာဟု၊ ကောင်းစွာပေးတုံ၊ ဥဏ္ဏလမွေးရှင်၊ ထို့ပြင်သုပ္ပိတ၊ ရွန်းပဂုဏ်ပေါ်၊ မွေးရှင်တော်ကို၊ တော်တော်ဖိုး
ဦး၊ ဗွေထွတ်ဖူး၌၊ ရွှင်မြူးကြည်သာ၊ ဌာပနာ၍၊ ကောင်းစွာတည်ထား၊ မြတ်ဘု၇ားသည်၊ ကမ္ဘာတည်လို့ မြဲစေသော်.........။

ဆက်လက်ဖတ်ရူပေးပါရန်.....

ဖိုးဦးတောင်စေတီတော်မြတ်ကြီးသမိုင်း...အပိုင်း(၂) ကိုဆက်လက်ဖတ်ရူပေးပါရန်.....ပြည်သတင်းလူငယ်(ပြည်သတင်း)...


ပြည်သတင်း

https://www.facebook.com/pyaynews

ပြည်အရောင်းအ၀ယ်

https://www.facebook.com/groups/pyaymarket

ပြည်သတင်းများ ဆုံဆည်းရာ

https://www.facebook.com/groups/670687089615364


Read More...

ပြည်မြို့သူ ပြည်မြို့သားတွေအပြင် မြို့နယ်စာရေးဆရာများအားတောင်းပန်တယ်ဟုဆိုသောစကားအား ပြည်သတင်းလူငယ်(ပြည်သတင်း)မှပြန်လည်ဝေဖန်အကြံပြုချက်

Leave a Comment


စာရေးဆရာပေါက်စ. လင်းသိုက်ညွှန့်(မြန်မာ့မြေ) ဘ၀င်မကျပေမဲ့ရင်နာလှအောင် ပေါက်ခေါင်းဟောပြောပွဲအ၀င်ကောင်းအောင် ပေါက်ခေါင်းသတင်း(အွန်လိုင်း မီဒီယာ) မေြးုမန်းတုန်းက ပြည်မြို့သူ ပြည်မြို့သားတွေအပြင် မြို့နယ်စာရေးဆရာများအားတောင်းပန်တယ်ဟုဆိုသောစကားအား ပြည်သတင်းလူငယ်(ပြည်သတင်း)မှပြန်လည်ဝေဖန်အကြံပြုချက်.........

ဒါကလည်း ပေါက်ခေါင်းပွဲအ၀င်ကောင်းအောင်ပြောသွားပုံရပါတယ် ပြည်မြို့တစ်မြို့လုံးကိုဆော်ကားတာဟာ ကျွန်တော့ကိုဆော်ကားတာပါပဲ မှားမယ်မှန်းသိနေတယ်ဆိုရင် အရင်ကမမှားအောင်နေပေါ့ ကျွန်တော်ကတော့မကျေနပ်သေးပါဘူး ခံရတဲ့သူတွေကပိုဆိုးပါတယ် ပြည်မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီးတောင်းပန်ရပါမယ် သို့မဟုတ် သတင်းစာကတရားဝင်ကြေငြာတောင်းပန်ရပါမယ် ပြည်မြို့ဆိုတာ စာဆိုရှင်မွေးဖွားရာ အနုပညာလင်းလက်ရာ ရာဇ၀င်ထဲက အာဇာနည်တွေမွေးထုတ်ရာ မြို့တစ်မြို့ပါ ဒါ့ကြောင့် အထက်ဖော်ပြပါ တောင်းပန်မှသာ နားလည်မှု့ပေးနိုင်ပါမည်။ ပြည်သတင်းလူငယ် (ပြည်သတင်း)်
Read More...

Facebook Like Page