Tuesday, December 16, 2014

ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းနှင့် မြေနီလမ်းခင်းပေးခဲ့သည့် တာဝန် ရှိသူများအား ကျေးရွာသူ/ရွာသားများမှ ကျေးဇူးအထူးတင်ကြောင်းပြောကြား ပြည့်သဲမောင်(ပြည်)

Leave a Comment

ရေဆိုးထုတ်မြောင်းတူးဖော်ခြင်းနှင့် မြေနီလမ်းခင်းပေးခဲ့သည့် တာဝန်
ရှိသူများအား ကျေးရွာသူ/ရွာသားများမှ ကျေးဇူးအထူးတင်ကြောင်းပြောကြား
ပြည့်သဲမောင်(ပြည်)
ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ထန်းပေါက်ကျေးရွာနှင့်ငါးရွာကျေးရွာ မြောက်ဘက်
တွင်မိုးအခါ နှစ်စဉ်လယ်မြေများ၊ အိမ်များ၊ ခြံများစိုက်ပျိုးရေးလုပ်ငန်းများလုပ်
ကိုင်ရာတွင် ရေကြီးရေလျှံမှုများနှင့်ကြုံတွေ့ရပါသည်။

ယခုအခါတွင် ပြည်မြို့မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဆည်မြောင်းဌာ
နမှ တာဝန်ရှိသူများ၊ ငါးရွာအုပ်စုမှ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးနှင့်အဖွဲ့
ဝင်များ၊ ငါးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်/ထောက်/ကူအဖွဲ့များ၊ ပြည်မြို့
စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၏ ကူညီပံ့ပိုးပေးမှုကြောင့် ထန်းပေါက်ရွာမြောက်ဘက်ရှိ ရေဆိုးထုတ်မြောင်းအား တူးဖော်နိုင်ခဲ့ပြီး
ငါးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာမှ ပေ (၃၀၀၀)ရှိ မြေသားလမ်းအား မြေနီ
ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ပေးခဲ့သည့်အတွက် ကူညီပံ့ပိုးပေးခဲ့ပါသော လွှတ်တော်
ကိုယ်စားလှယ်ကြီးများ ဆည်မြောင်းဌာနမှတာဝန်ရှိသူများ၊ ငါးရွာအုပ်စု
မှ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များအားလုံးကိုထန်းပေါက်
ကျေးရွာနှင့်ဥယျာဉ် ကျေးရွာမှ လယ်သမားများ၊ ရွာမိ/ရွာဖများ၊ ရွာသူ/ရွာ
သားများမှ အထူးပင်ကျေးဇူးတင်ရှိကြောင်း သိရသည်။

သတင်း ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page