Showing posts with label တိုင်စာ. Show all posts
Showing posts with label တိုင်စာ. Show all posts

Saturday, May 30, 2015

သို့ ခရိုင်ဦးစီးမှူး ပို့ဆောင်ရေးစီးမံကိန်းဦးစီးဌာန

Leave a Comment

သို့
ခရိုင်ဦးစီးမှူး
ပို့ဆောင်ရေးစီးမံကိန်းဦးစီးဌာန

အကြောင်းအရာ။     ။”ရွှေကမ္ဘာ” ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်
                            အသင်းသည်သတ်မှတ်ခရီးစဉ် အတိုင်း ပြေးဆွဲခြင်း
                            မရှိကြောင်းတိုင်ကြားခြင်း။

၁။”ရွှေကမ္ဘာ” ခရီးသည် ပို့ဆောင်ရေးမော်တော်ယာဉ်အသင်းသည်
“ပုသိမ်-ကွင်းကောက်-ပြည်” ခရီးစဉ် ပြေးဆွဲရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
၂။သို့သော်လည်း “ရွှေကမ္ဘာ” ခရီးသည်ပို့ဆောင်ရေးမော်တော်အသင်းသည် ခရီးစဉ်စဖြစ်သော်”ပုသိမ်”မှ စတင်ထွက်ခွာခြင်းမရှိဘဲ “ကွင်းကောက်”မှ အခြေပြု၍ ထွက်ခွာကြောင်း တွေ့ရှိရပါသည်။ ၃။”ကမ္ဘာကျော်သန့်သန့်လေး” ခရီးသည်ပို့ဆောင်ရေးအသင်းသည် ကွင်းကောက်မှ ပြည်သို့ပြေးဆွဲရန် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါသည်။ သို့ပါ၍ ကွင်းကောက်မှယာဉ်အသင်း(၂)ခု
အပြိုင်ထွက်ခွာခြင်းကြောင့်မလိုလားအပ်သောပြသာနာများဖြစ်လာသောေ
ကြာင့် ရွှေကမ္ဘာ ခရီးသည်ပို့ဆောင်ရေးအသင်းသည် ခရီးစဉ်အဖြစ်သော “ပုသိမ်”့ မှစတင်ပြေးဆွဲစေရေးကိုဆောင်ရွက်နိုင်ပါရန် တိုင်ကြားအပ်ပါသည်။

ဦးတင်ဝင်း
တာဝန်ခံ
ကမ္ဘာကျော်သန့်သန့်လေးခရီးသည်
ပို့ဆောင်ရေးအသင်း

Read More...

Wednesday, May 20, 2015

သို့/ သက်ဆိုင်ရာ ဌာနဆိုင်ရာမှလူကြီးမင်းများထံသို့ ပြည်သတင်း မှတဆင့်တင်ပြခြင်း

Leave a Comment

သို့/
သက်ဆိုင်ရာ ဌာနဆိုင်ရာမှလူကြီးမင်းများထံသို့ ပြည်သတင်း မှတဆင့်တင်ပြခြင်း
မေလ ၁၈ ၂၀၁၅ရက်နေ့
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ရွှေတောင်မြို့က စည်ပင်ဦးစီး ဦးဟန်ရှိန်သည် ဖြစ်ရပ်(၂)ခုအပေါ် တစ်ယောက်တစ်မျိုး နှစ်မျိုးလုပ်သည်ကို ထိရောက်စွာ အရေးယူပေးပါရန် ပြည်သတင်းမှတဆင့်တင်ပြအပ်ပါသည်။
ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် ကြာနီကန်လမ်းနှင့် စိန်ဇရပ်လမ်းထောင့်တွင် တည်ရှိသော အိမ်တစ်အိမ်ကို ၂၀၁၂ခုနှစ်မှဝယ်ယူခဲ့ပါသည်။ ယခင်လူမနေသော အိမ်နှင့်ခြံဖြစ်ပါသည်။ ယင်းလမ်းထောင့် စည်ပင်မြေပေါ်တွင် ကိုအောင်သူ + မနွဲ့နွဲ့ဝင်းတို့ ဈေးဆိုင်ဖွင့်ထားပါသည်။ ကျွန်တော်တို့က ၂၀၁၂ခုနှစ်မှ၂၀၁၄ ခုနှစ်အထိ လူမှုရေးအရ မကန့်ကွက်ခဲ့ပါ။ သို့သော် ၆.၆.၂၀၁၄ ခုနှစ်ရက်နေ့တွင် မြို့နယ်စည်ပင်သို့ တင်ပြကန့်ကွက်ခဲ့ပါသည်။ ၄-လကြာသည်အထိ မည်သို့မျှ မထူးသဖြင့် စည်ပင်ဦးစီးကို ကိုယ်တိုင်တွေ့ဆုံမေးတော့ မြို့နယ်တရားရုံးမှာ တရားစွဲမည်ပြောပါသည်။ မြို့နယ်တရားရုံးတွင် ၄-လကျော်စစ်ဆေးပြီးနောက် ၁၃.၂.၂၀၁၅ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် ကိုအောင်သူ + မနွဲ့နွဲ့ဝင်း တို့ကို ဒဏ်ငွေ (၅၀၀၀၀)ကျပ်ဖြင့် ပြစ်ဒဏ်ချခဲ့ပါသည်။
ယင်းသို့ပြစ်ဒဏ်ချသော်လည်း ဈေးဆိုင်ကတော့မဖယ်ရှားသဖြင့် စည်ပင်ဦးစီးနှင့်တွေ့ရာ အယူခံ ၄၅-ရက် စောင့်ရမည်ဟုဆိုပါသည်။ အယူခံရက်ပြည့်တော့ ဦးစီးနှင့်ထပ်မံတွေ့ဆုံရာ တရားရုံးသို့ ပြန်တင်ရဦးမည်ဟုပြောပါသည်။စည်ပင်ဥပဒေသစ်ပြဌာန်းချက်တွင် တရားရုံးက ပြစ်ဒဏ်ထင်ရှားစီရင်ပြီး မဖယ်ရှားပါက တနေ့လျှင် ၁၀၀၀၀-ကျပ် ဒဏ်ငွေဆောင်စေရမည်ဟု သိရပါသည်။သို့သော် စည်ပင်ဦးစီးကကြတော့ မည်သည့်အရေးယူဆောင်ရွက်မှုမျှမလုပ်ပါ ၁၇.၅.၂၀၁၅-ရက်နေ့က မနွဲ့နွဲ့ဝင်သည် ဈေးဆိုင်ကို အမိုးအကာအသစ်များထပ်မံပြုလုပ်သည်ကိုတွေ့ရပါသည်။
ကျွန်တော်တို့ ခြံဝန်းခတ်သည်ကို စည်ပင်မြေပေါ်တစ်တောင်ခန့် ရောက်သည်ဟု ကိုအောင်သူတို့က ၄.၁၁.၂၀၁၄ ရက်နေ့တိုင်သည်ကို ၅.၁၁.၂၀၁၄-ရက်စွဲဖြင့် ၈.၁၁.၂၀၁၄ ရက်နေ့ အပြီးဖယ်ရှားရန် စာထွက်ပါသည်။ ၃-သိန်းကျော်တန်ဖိုးရှိ ခြံတန်းကို ၈.၁၁.၂၀၁၄ ရက်အတွင်း ကျွန်တော်အပြီးဖယ်ရှားပေးခဲ့ပါသည်။ ကျွန်တော်တို့ကို တိုင်ကြားမှုအား ချက်ခြင်းဆောင်ရွက်ခဲ့သော်လည်း ကျွန်တော်တို့က တိုင်ကြားသည့်ကိစ္စ တရားရုံးကလည်း ပြစ်ဒဏ်ထင်ရှားစီရင်ပြီးကိစ္စကိုတော့ ယခု တစ်နှစ်ပြည့်ရန် နှစ်ပတ်ခန့်သာလိုတော့သည်အထိ မည်သို့မျှဆောင်ရွက်မပေးသည့် တစ်ယောက်တစ်မျိုး နှစ်မျိုးလုပ်နေသည့် မမျှမတဆောင်ရွက်သော ရွှေတောင်မြို့နယ် စည်ပင်ဦးစီး ဦးဟန်ရှိန်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး အရေးယူဖို့ ပြည်သတင်း(အွန်လိုင်းမီဒီယာ)မှတဆင့် တင်ပြလိုက်ပါသည်။တာဝန်ရှိ အခြေခံဝန်ထမ်းတွေ မျှမျှတတ ဆောင်ရွက်မှ တိုင်းပြည်အေးချမ်းသာယာရှိပါမည်။
ကိုမင်းမင်းထွန်း--- ၇/ပတန(နိုင်)၀၈၄၇၃၇---ကြာနီကန်လမ်း/ကြာနီကန်ရပ်ကွက်/ရွှေတောင်မြို့ မှ တိုင်ကြားအပ်ပါသည်။
Read More...

Friday, March 13, 2015

အကြောင်းအရာ။ ။ အုပ်ချုပ်ရေးမှူးဟူသော အခွင့်အာဏာကို အလွဲသုံးစားပြုလုပ် ၍အများ ပြည်သူထိခိုက်နစ်နာအောင် ပြုလုပ်နေသောကိစ္စအား တင်ပြခြင်း။

Leave a Comment



သို့
ဝန်ကြီးချုပ်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူးမြို့

အကြောင်းအရာ။ ။ အုပ်ချုပ်ရေးမှူးဟူသော အခွင့်အာဏာကို အလွဲသုံးစားပြုလုပ် 
၍အများ ပြည်သူထိခိုက်နစ်နာအောင် ပြုလုပ်နေသောကိစ္စအား တင်ပြခြင်း။ 


အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါက်ခေါင်း မြို့နယ်၊
အင်ငါးခွအုပ်စ၊ အင်ငါးခွကျေးရွာတွင် ဒေသဖွိ့ဖြိုးရေးအတွက် လျှပ်စစ်မီးလင်းရေးလုပ်ငန်း စဉ်တွင် ဥက္ကဌအဖြစ် လုပ်ဆောင်ခဲ့သော ကျွန်တော်မောင်ရဲနိုင်ပိုင် ခြံမြေအတွင်း၌ ကံအားလျော် စွာဖြင့် တိုင်းတာတွက်ချက်၍ MTC ကုမ္ပဏီမှ ဖုန်းတာဝါတိုင်တစ်ခုကို တစ်လလျှင် (၂)သိန်းကျပ်၊ (၁)နှစ် (၂၄)သိန်းကျပ်ဖြင့် (၁၅)နှစ်စာချုပ် ချုပ်ဆို၍ လာရောက်ငှားရမ်းခဲ့ပါသည်။ ထိုသို့ငှားရမ်းခြင်းတွင် အင်ငါးခွအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ( အင်ငါးခွကျေးရွာနှင့်နှစ်မိုင် ခန့်အကွာ ) တာကောက်ကျေးရွာနေ ဦးဇော်လင်းအောင်သည် သူပိုင်ခြံမြေအတွင်း၌ ပြောင်းရွှေ့ တည်ဆောက်စေလိုသဖြင့် ကျွန်တော်နှင့်ခြံချင်းကပ်လျှက်ရှိသော ဦးဝင်းနိုင်၊ ဒေါ်ဖြူဖြူသွယ်၊ ဒေါ် တင်မာဆွေ၊ ဒေါ်အမာကြည်တို့
 လေးဦးအား အန္တရာယ်ကိုကြောက်ရွံ့သည်ဟု အကြောင်းပြစေ ကာကန့်ကွက်စေခဲ့ပါသည်။ 
၎င်း(၄)ဦးသည် တစ်အိမ်တည်းအတူနေ မိသားစုဝင်များ၊ ဆွေမျိုး သားချင်းများ၏အမည်များ၊ နိုင်ငံခြားတွင်သွားရောက်လုပ်ကိုင် နေသောသူများ၏အမည်များကို လူ ဦးရေ(၅၀)စာရင်းပြုလုပ်ကာ ကန့်ကွက်စေခဲ့ပါသည်။ ထို့အပြင် အုပ်ချုပ်ရေးမှူးလက်မှတ် ရေးထိုး မှဆောက်လုပ်ခွင့်ရသည့် အချက်ကိုနားလည်ပြီး အုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်း လက်မှတ်ရေး ထိုးပေးခဲ့ခြင်းမရှိခဲ့ပါ။ ထိုကန့်ကွက်ခြင်းကို အင်ငါးခွကျေးရွာတွင် အမှန်တကယ်နေထိုင်ပြီး ဒေသဖွိ့ဖြိုးရေးအ တွက်အမှန်တကယ် လိုလားသောပြည်သူလူထု (၁၆၉)ဦးမှ မှတ်ပုံတင်နံပါတ်များနှင့်တကွ ကိုယ် တိုင်လက်မှတ်ရေးထိုး၍ မြို့နယ်အုပ်ချုပ် ရေးရုံး၊ ခရိုင်အုပ်ချုပ်ရေးရုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ များထံသို့ တာဝါတိုင်ဆက်လက်တည်ဆောက်ခွင့် ပြုပေးပါရန် တင်ပြခဲ့ပါသည်။ 
ထိုသို့တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်မှခရိုင်အုပ်ချုပ်ရေးရုံး၊ မြို့နယ်အုပ်ချုပ်ရေးရုံးများထံသို့ မဲခွဲ စနစ်ဖြင့် ဆုံးဖြတ်ပေးရန် မှတ်ချက်ချထားကြောင်းကို သိရှိရပါသည်။ သို့သော်လည်း ယနေ့အချိန် အထိမြို့နယ်အုပ်ချုပ်ရေးရုံးမှ ဆောင်ရွက်ပေးခြင်းမရှိပါ။ ယခုအခါ MTC ကုမ္ပဏီမှ ဖုန်းတာဝါတိုင် အမြန်ဆောက်လုပ်လိုခြင်းကို အကြောင်းပြု၍ ကြိုတင်ကြံစည်ထားသည့်အတိုင်း အုပ်စုအုပ်ချုပ် ရေးမှူး ဦးဇော်လင်းအောင်သည် မြို့နယ်အုပ်ချုပ်ရေးရုံး၊ စီမံရေးရာကော်မတီအဖွဲ့၏ မဲခွဲစနစ်ဖြင့် ဆုံးဖြတ်ချက်ချထားပေးခြင်း မရှိသော်လည်း မိမိကိုယ်ကျိုးအတွက် အုပ်ချုပ်ရေးမှူးဆိုသော အခွင့် အရေးကို အလွဲသုံးစားလုပ်ကာ ကျွန်တော်ပိုင်ခြံမြေအတွင်း၌ ကံအားလျော်စွာကျရောက်လာသော ဖုန်းတာဝါတိုင်ဆောက်လုပ်ခြင်းကို မပျက် ပျက်အောင်ဖျက်ဆီးပြီး တာကောက်ကျေးရွာရှိ သူပိုင်ခြံ မြေအတွင်းသို့ပြောင်းရွှေ့ ဆောက်လုပ်စေခဲ့ပါသည်။ထို့အပြင် အုပ်ချုပ်ရေးမှူးဦးဇော်လင်းအောင် သည်ကျွန်တော်ခြံ မြေအတွင်းရှိ ဖုန်းတာဝါတိုင်တည်ဆောက်ရန် တူးထားသော်(၃၂)ပေ ပတ်လည် အကျယ်၊ အနက်(၁၀)ပေရှိသော မြေကျင်းကိုမြေဖို့ကားခေါ်ယူလာကာ ပြန်လည်ဖို့ပစ်မည်ဟု ကျူးကျော်၍ ခြံအတွင်း ၀င်ရောက်လာပြီး ကျူးကျော်စော်ကားခဲ့ပါသည်။ ထိုနည်းတူစွာ ဦးဇော်လင်းအောင်သည် ၄င်း၏အာဏာကို အလွဲသုံးစားပြုလုပ်၍ အင်ငါးခွသကြားစက်(မြန်မာ့စီး ပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်) ၀န်းအတွင်း၌ တိုင်းတာတွက်ချက်၍ ရောက်ရှိလာသော Telenor ကုမ္ပဏီမှ တာဝါတိုင်ကိုလည်း မိမိကိုယ်ကျိုးအတွက် သူပိုင်ယာမြေအတွင်းသို့ ပြောင်းရွှေ့ဆောက် လုပ်စေခဲ့ပါသည်။ သို့ဖြစ်ပါ၍ အုပ်ချုပ်ရေးမှူးဟူသော အခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ တစ်လလျှင် ( ၂ )သိန်း (၁)နှစ် (၂၄)သိန်း၊ (၁၅)နှစ်တိတိ ရရှိမည့်အခွင့်အရေးအတွက် အများပြည်သူကိုထိ ခိုက်နစ်နာစေပြီး မိမိကိုယ်ကျိုးအတွက် မသမာသောနည်းလမ်းများဖြင့် ပြုလုပ်နေပြီး တာဝါတိုင် များကို အမြန်ဆုံးပြီးမြောက်အောင် တည်ဆောက်နေပြီဖြစ်သည့် အတွက်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ ၀န်ကြီးချုပ်အနေဖြင့် ဖြစ်ရပ်မှန် ပေါ်ပေါက်စေနိုင်ရေးအတွက် အမြန်ဆုံးစစ်ဆေးဆောင်ရွက် ပေးပါရန် ကျွန်တော်မောင်ရဲနိုင်နှင့် တကွ အင်ငါးခွကျေးရွာနေ ပြည်သူများက လေးစားစွဖြင့် အသနားခံတင်ပြအပ်ပါသည်။

တိုင်ကြားသူ
မောင်ရဲနိုင် ၇/ပမန(နိုင်) ၁၂၅၃၅၆
အင်ငါးခွကျေးရွာ အင်ငါးခွအုပ်စု






Read More...

Tuesday, January 6, 2015

ပြည်ထောင်စုဝန်ကြီးလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသို့ ကြံတောင်သူများ၏ နစ်နာချက်များအား အချိန်မှီဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခြင်း

Leave a Comment

ပြည်ထောင်စုဝန်ကြီးလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသို့ ကြံတောင်သူများ၏ နစ်နာချက်များအား အချိန်မှီဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခြင်း

ကျွန်တော်တို့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကြံစိုက် တောင်သူဦးကြီး များဖြစ်ကြပါသည်။ အစကနဦးတွင် ကျွန်တော်တို့သည် လယ်ယာ စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူ လယ်သမားများဖြစ်ကြပြီး လယ်ယာလုပ်ငန်း၏ ၀င်ငွေနည်းပါးမှုကြောင့် ကြံလုပ်ငန်းကို ၁၉၈၀ ခုနှစ်ကတည်းက အခြေချစိုက်ပျိုး လုပ်ကိုင်သူများဖြစ်ကြပါသည်။ သို့ရာတွင် ၁၉၉၈ ခုနှစ်အရောက်တွင် နိုင်ငံတ်ာအစိုးရ၏ စီမံကိန်းတစ်ရပ်ဖြစ်သည် ကြံတောင်သူများအနေဖြင့် နိုင်ငံတော်အစိုးရသို့ ရောင်းချရေး စီမံချက်အရ ပြည်မြို့နယ်၊ မြရွာရှိ န၀ဒေးသကြားစက်သို့ ကျွန်တော်တို့မှ နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ၁၉၉၈ခုနှစ်က ကြံ(၁)တန် (၂၇၅၀)ကျပ် မှ ၂၀၀၃-ခုနှစ် တွင် ကြံ (၁)တန်လျှင် (၂၀၀၀၀ိ/-)ကျပ်သို့လည်းကောင်း၊ ၂၀၁၁-ခုနှစ်တွင် ကြံ (၁)တန် လျှင် (၃၀၀၀၀ိ/-)ကျပ်သို့လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှဈေးနှုန်းတိုးမြှင့် သတ်မှတ်ပေးခဲ့ပါသည်။
    သို့ရာတွင် မနှစ်ကကြံရာသီဖြစ်သော ၂၀၁၃ ခုနှစ်အထိ ကြံရောင်းချရသည်မှာ အဆင်ပြေသော်လည်း ယခုနှစ် ၂၀၁၄ခုနှစ်၊ ကြံရာသီတွင် ကြံတောင်သူများအနေဖြင့် န၀ဒေးစက်ရုံ၊ ပြည်မြို့သို့ရောင်းချရာတွင် အောက်ပါအခက်အခဲများနှင့်နစ်နာမှုများကြုံ တွေ့နေရပါသည်။
(က)     သဲကုန်းမြို့နယ်မှ ကြံသယ်ကားများသည် ပြည်မြို့နယ်ရှိ န၀ဒေးသကြား စက်သို့ သွားရောက်ကြံရောင်းချရာတွင် အနည်းဆုံး (၃-၄)ရက် ကားတစ်စီး တစ်ခေါက် သာရပါသည်။ ကြံကားတစ်စီးအတွက် တစ်လလျှင် ခုနှစ်ခေါက်၊ ရှစ်ခေါက်သာ ရရှိပါ  သည်။ ထို့ကြောင့် ကြံတောင်သူများအနေဖြင့် ကြံခုတ်လုပ်သား၊ ကြံတင်လုပ်သားများ ငှားရမ်း၍ စောင့်ဆိုင်းလုပ်ကိုင်နေရသဖြင့် အလုပ်သမားစရိတ်၊ ကြီးမားစွာခံစားနေရခြင်း
ကြောင့် များစွာထိခိုက်နစ်နာလျှက်ရှိပါသည်။
(ခ)    အထက်ပါကဲ့သို့ခေါက်ရေနည်းစွာရရှိသဖြင့် အငှားကားများ စီးပွားရေး တွက်ခြေ မကိုက်ဟု အကြောင်းပြကာ ကြံဆက်မတိုက်နိုင်ဘဲ ပြန်ထွက်သွားကြပါသည်။ ထို့ကြောင့် ကြံတောင်သူများအနေဖြင့် ရာဦအမှီကြံရောင်းချနိုင်ရေးအတွက် ကားတစ်စီး လပြတ်အဖြစ် တစ်လလျှင် (၁၀)သိန်း မှ (၁၅)သိန်းအထိပေး၍ ငှားရမ်းရသဖြင့် ထပ်မံ၍ ထိခိုက်နစ်နာရပြန်ပါသည်။
(ဂ)    ကြံတောင်သူများအနေဖြင့် ယခုနှစ်ကြံရာသီကြံစတင်ရောင်းချသည့် ပထမ(၁၀)ရက်ခန့်အတွင်း (၁၀)တန်ပါကား (၁)စီးပေါ်တွင် စက်ရုံမှ (၁)တန်ခန့် အလေး ချိန်လျှော့၍  ကတ္တားချိန်သဖြင့် တောင်သူများတန်ပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရ ပါသည်။
၃။    အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ စိစစ်လေ့လာရာတွင် ထိုင်းနိုင်ငံမှလာ ရောက်၍ အစိုးရနှင့်ဖက်စပ်ပြုလုပ်နေသော စူးတက်ကုမ္ပဏီမှ ထိုင်းလူမျိုး အမွန်လတ် နှင့် ယမန်နှစ်အစိုးရဝေစုအား အခြားပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ရောင်းချလိုက်သည့် အခြေအနေပေါ်မူတည်၍ အပြောင်းအလဲများဖြစ်ပေါ်လာကာ ကြံတောင်သူများဘက်မှ ယခုကဲ့သို့ ထိခိုက်နစ်နာဆုံးရှုံးရသည်ကို လေ့လာတွေ့ရှိရပါသည်။ ယခင်က အစိုးရနှင့် ဖက်စပ်လုပ်ကိုင်နေစဉ်အတွင်း ပြေလည်မှုရှိခဲ့ပါသည်။ ထို ထိုင်းလူမျိုးနှင့်ကြီးကြပ်သူ များမှ  ၄င်းတို့စက်ရုံပိုင်ကြံများကိုလည်းကောင်း၊ ၄င်းတို့နှင့်အကျိုးတူပူးပေါင်းဆောင် ရွက်နေသည့် ငွေရှင်၊ကြေးရှင် ကြံတောင်သူ (၅၀)ဦးခန့်၏ ကြံများကိုလည်းကောင်း၊ နေ့စဉ်ကားအစီး (၁၀၀)ဖြင့် ဦးစားပေးပြေးဆွဲနေခြင်းကြောင့်ဖြစ်ပါသည်။ ထိုကားများမှာ တစ်နေ့လျှင် (၁)ခေါက်ကျသတ်မှတ်ရက်ရရှိ၍ ကျွန်တော်တို့သဲကုန်းမြို့နယ်မှ ကြံတောင် သူများအတွက် (၄-၅)ရက်ကြာမှ ကြံ (၁)ခေါက်သာ ရရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
၎။    သဲကုန်းမြို့နယ်မှ ကြံတောင်သူများအနေဖြင့် မူလကနဦး စက်ရုံလည်ပတ်နိုင်ရန် နိုင်ငံတော်စီမံကိန်းသီးနှံအတွက် အနစ်နာခံလုပ်ကိုင်ဆောင်ရွက်ခဲ့ရသော ကြံတောင်သူ များဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် အခွင့်အရေးမရဘဲ  ကြံဈေးကောင်း၍ လတ်တလော ၀င်ရောက်လုပ်ကိုင်လာသော ငွေရှင်၊ကြေးရှင်ကြံတောင်သူများကို ဦးစားပေးခြင်း စက်ရုံ ပိုင် ကြံခင်းများကို ဦးစားပေးခြင်းဖြင့် ကျွန်တော်တို့ကြံတောင်သူများမှာ များစွာနစ်နာ လျှက်ရှိပါသည်။ အမှန်တကယ်တွင်မူလကကားများစာချုပ်ချုပ်စဉ်က ကားအစီးရေ (၃၈၀)သာ ရှိခဲ့ပြီး ၄င်းကားအစီးရေ (၃၈၀)သာစွဲခဲ့လျှင် စက်ရုံ၏ကြံကြိတ်ဝါးနိုင်မှုအရ ကားတိုင်း (၂)ရက်လျှင် (၁)ခေါက်နှုန်းရရှိခဲ့ပါသည်။ ထို့ကြောင့် ကားတစ်ခေါက်လျှင် ရက်များစွာ ကြန့်ကြာခြင်းအားဖြင့် မူလကြံစိုက်တောင်သူများဖြစ်သော ကျွန်တော်တို့မှာ လုပ်သားအခက်အခဲ၊ ငွေကြေးအခက်အခဲစသော စရိတ်စကများ ကုန်ကျမှုများစွာဖြင့် ကြုံတွေ့နေရပါသောကြောင့် ၀န်ကြီးအနေဖြင့် အဖြစ်မှန်အခြေနေမှန်ကို လေ့လာစုံစမ်း ၍  တရားမျှတစွာ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေလေးစားစွာ အစီရင်ခံတင်ပြ အပ်ပါသည်။

မှတ်ချက်။         ။ကြံစိုက်တောင်သူများ မှပေးပို့ထားပါသည်
ဖော်ပြသူ ပြည့်သဲမောင်(ပြည်) 09 4236 71883






Read More...

Facebook Like Page