Saturday, July 20, 2013

ကွန်ပျူတာဖြင့် “ခြင်” နှိမ်နှင်းနည်း

Leave a Comment

တကယ်အသုံးဝင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ခြင်ဆေးခွေ နဲ့၊ ခြေဆေး ရည်ဘူး အနံ့များနဲ့ ခြင်ကို နှိမ်နှင်းတာ ထက်စာရင်အများကြီး အကျိုးရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပိုက်ဆံလည်း မကုန်၊ ကျန်းမာရေးလည်း ညီညွတ်စေပါတယ်။ ကွန်ပျူတာနဲ့ Sound box ရှိရင် လုပ်လို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

တုန်ခါမှု - Vibration အသံနဲ့ခြင်တွေကို အခန်းတွေကနေ နှင်ထုတ်နိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပုဇင်းရင်ကွဲ တစ်ကောင်ရဲ့ အသံ တုန်ခါမှုပမာဏ ရှိတဲ့ Audio file ကိုဖွင့်ပေးလိုက်ရင် ခြင်များ သူ့အလိုအလျောက် ထွက်ပြေး မှာ ဖြစ်ပါတယ်။ဒီတော့ အခန်းတစ်ခန်းလုံး ကြားရလောက်အောင် မြည်မယ့် စပီကာတော့ လိုအပ်ပါတယ်။ နည်းစနစ်ကျကျဆိုရင် အခန်းရဲ့ လေး ဘက်လေးတန်မှာ စပီကာလေးလုံးချပြီး တစ်လုံးနဲ့တစ်လုံး ကြားနိုင်လောက်တဲ့ အနေအထားလို့ဆိုပါတယ်။အမှန်တော့ စပီကာတစ်လုံးတည်းရှိလည်း တစ်ခန်းလုံး ကြားနိုင်လောက်တဲ့အသံထိ မြင့်တင်ပေးရင် ရပါတယ်။ စပီကာပိုရှိလေကောင်းလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အဆင့်အတိုင်းသွားရန် လိုအပ်ပါတယ်။

၁။ အောက်ပါ လခ့်မှ tonegen ဆော့ဖ်ဝဲအား ဒေါင်းလုခ်ဆွဲပါ။
http://adf.ly/SF2uL
(Download လုပ်နည်း
** Step-1.ပေးထားသော လင့် ကိုနှိပ်လိုက်ပါ
** Step-2."5sec". လောက်စောင့်ပေးပါ။
** Step-3." > Skip Addပေါ်လာလိမ့်မည် နှိပ်လိုက်ပါ။
** Step-4.Download Link ကျလာပါလိမ့်မယ်။)

၂။ ပြီးတော tnsetup ကို click နှိပ်ပြီး Install လုပ်နိုင်ပါတယ်။
(software က file size လည်းမကြီးတဲ့အတွက် Install လုပ်တာ အင်မတန်မြန်ပါတယ်။)

၃။ Install လုပ်ချိန် ပေးထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ NCH Tone Generator ကိုတော့ အမှန်ခြစ်ပေးရပါမယ်။
အားလုံး အမှန်ခြစ်ပြီး ကူးလည်း ရပါတယ်။ ကျန်တာကတော့ အခြား နေရာမှာ အသုံးပြုရတဲ့ ဆော့ဖ်ဝဲများ ဖြစ်ပါတယ်။

၎။ NCH Tone Generator ကို Install လုပ်ပြီးပြီဆိုရင် သူ့ရဲ့  icon လေးကို Double click နှိပ်ဖွင့်နိုင်ပါတယ်။

၅။ Application မြင်နေရပေမယ့် ဘာမှမလုပ်ပဲ Enter တစ်ချက်ခေါက်ပါ။

၆။ Frequency ဘယ်လောက်ထားမလဲလို့ မေးတဲ့ Box လေးပေါ်လာပြီး 57.00HZ ဖြည့်ပေးရပါမယ်။

၇။ Play လုပ်နိုင်ပါပြီ။ Play လုပ်လိုက်ရင်တော့ Vibration 57Hz အဆင့်ရှိတဲ့ အသံထွက်လာမှာ ဖြစ်ပါတယ်။
ဒီတော့ တစ်ခန်းလုံးကြားရလောက်တဲ့ အသံအနေအထားကို ကိုယ်တိုင်ချိန်ဆ ယူနိုင်ပါတယ်။

ဒီတော့ အိမ် ပြတင်းပေါက်၊ တံခါးပေါက်များထားပြီး ယင်း Audio ကိုဖွင့်ပေးရမှာ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ဖွင့်ပြီးခြင်
မရှိလောက်တော့ဘူးဆိုရင် ပြန်ပိတ်နိုင်ပါပြီ။ ယင်း Application ကိုအခြား အော်ဒီယို စမ်းသပ်မှုတွေမှာလည်းလိုသလို အသုံးပြုနိုင်ပါသေးတယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော် လင့်ပါတယ်။

0 comments:

Post a Comment

Facebook Like Page