Tuesday, January 17, 2017

စစ်ကားတစ်စီး တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ ဆိုင်ကယ်အားတိုက်မိရာ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

Leave a Comment




စစ်ကားတစ်စီး တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ ဆိုင်ကယ်အားတိုက်မိရာ

တစ်ဦးသေ တစ်ဦးဒဏ်ရာရ
 
ရွှေတောင် ဇန်နဝါရီ (၁၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်
စစ်ကားတစ်စီးမှတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ေ
မာင်းနှင်လာသောဆိုင်ကယ်အားနွားမယံအုပ်စု၊ရွာကု
တင်(၁၀၀)ဆေးရုံရှေ့တွင်ဇန်နဝါရီ(၁၆)ရက်နေ့နေ့လ
ည်(၁း၃၀)အချိန်ခန့်တွင်ဝင်ရောက်တိုက်မိခဲ့ကြောင်းသိ
ရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင်အမှတ် ၁၇၄/၂ နှင့်
၁၇၄/၃အကြားတွင် မျက်မြင်သက်သေ နွားမယံအုပ်စုစာရေး ဦး
သိန်းဇော်၏ပြောပြချက်အရ ပြည်ဘက်မှရန်ကုန်သို့ တသ သန်း
မြတ်စိုး (ခလရ-၈၀) အင်းမမြို့နေသူ မောင်းနှင်ပြီး ဘေးမှ ဗိုလ်
မှူးအောင်ဇော်ထိုက် ပါလာသောကြယ်…..(မ) GRAND TIGER
စစ်စိမ်းရောင်ယာဉ်မှာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ရန်
ကုန်ဘက်မှ ပြည်ဘက်သော မောင်းနှင်လာသော ဖြိုးကြီးပန်းရံလုပ်
၊ရွှေတောင်မြို့နယ်နေသူ မောင်းနှင်၍နောက်မှ ကိုဇော်မျိုးဦး(၄၀)
နှစ် (ဘ)ဦးလှရွှေ၊ပန်းရံလုပ်၊အင်းမမြို့ ၊ကူကြီးရပ်ကွက်နေသူတို့စီး
နင်းလိုက်ပါလာသော ၃-ယ………. KANBO အနက်/ပြာရောင်ဆို
င်ကယ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း ပြောပြသိရှိရ။

ထိုသို့ ကားဖြင့်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ ဖြိုးကြီးမှာ
ယာမျက်ခုံးကွဲ၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်၊၀မ်းဗိုက်ပွန်း
ပြဲ၊ ၀ဲခြေထောက်ပွန်းပြဲဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်နောက်မှစီးနှင်း
လိုက်ပါလာသူ ကိုဇော်မျိုးဦးမှာ ၀ဲခြေထောက်ကျိုး၊သတိလစ်၊ ၀ဲမျက်
ခုံးခွံ ပွန်းပြဲဒဏ်ရာများရရှိ၍ ပြည်မြို့ အထွေထွေကုရောဂါကု ပို့ေ
ဆာင်ရာလမ်းတွင် ဖြိုးကြီးမှာ သေဆုံးသွားပြီး ဇော်မျိုးဦးမှာ ပြည်
မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေး
ကုသမှု ခံယူလျှက်ရှိကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ၃ယ/…..KANBO အနက်/ပြာရောင်
ဆိုင်ကယ်မှာ ရှေ့ဘီးပြုတ်ထွက်၊ ရှေ့မဏ္ဍတိုင်ပြတ်ရှေ့/နောက်မီး
အုံပြုတ်ထွက်၊ ၀ဲ/ယာဒူးကာကြေမွ၊ ဖင်ထိုင်ခုံ ပြုတ်ထွက် ဆုံးရှုံးမှုတ
န်ဖိုးငွေ တစ်သိန်းခွဲခန့်၊ ယာဉ်/ယာဉ်မောင်းကြယ်………-မ KANB
O စစ်စိမ်းရောင်ယာဉ်မှာ ရှေ့မှန်ကွဲ၊ ဘန်ဘာပိန်ချိုင့် ၊ဘယ်ဘက်ေ
ရှ့ဘီးပေါက် ဆုံးရှုံးမှုတန်ဖိုးငွေ တစ်သိန်းခွဲခန့် အသီးသီးဆုံးရှုံးမှုဖြစ်
ပွားခဲ့သည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ်နေဇော်မှ တစ်ဖက်ယဉ်
ကြာသို့ရောက်ရှိပြီး ဆိုင်ကယ်အားဝင်ရောက်တိုက်မိကာ လူသေ
ဆုံးသွားသဖြင့်ယာဉ်မောင်းနှင်သူတပ်သားသန်းမြတ်စိုးအား ဥပ
ဒေအရအရေးယူ ပေးပါရန်တိုင်စာပေးပို့တိုင်တန်းသဖြင့် ရွှေတော
င်မြို့မရဲစခန်းယာဉ် (ပ)၂/၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က/၃၃၈
ဖြင့် အမှုဖွင့်၍ အမှုအား ဒုရဲအုပ်နေဇော်မှစစ်ဆေးလျှက်ရှိပြီး စစ်
ကားမောင်းနှင်သူသန်းမြတ်စိုးမှာ စစ်သည်ဖြစ်၍ စစ်ဆေးနိုင်ရေး
သက်ဆိုင်ရာတပ်သို့ ဆက်သွယ်အကြောင်းကြား ဆောင်ရွက်လျှက်
ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ .....ရွှေတောင် ပရဟိတနာရေးကူညီမှုအသင်း


0 comments:

Post a Comment

Facebook Like Page