Monday, September 26, 2016

ပြည်မြို့ တွင် WY ဆေးပြားများဖမ်းဆီးရပီ

Leave a Comment

ပြည်မြို့ တွင် WY ဆေးပြားများဖမ်းဆီးရပီ


ပြည် စက်တင်ဘာ(၂၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွာဘဲရပ်ကွက်၊ရွှေတစ်ချောင်း
လမ်းရှိဆံသဆိုင်တွင် တရားမ၀င်မူးယစ်ဆေးဝါးများ စက်တင်ဘာ(
၂၅)ရက်နေ့ကဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၂၅)ရက်နေ့ ည(၇)နာရီ(၃၀)အချိန်ခန့်တွင်ပြည်
ခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ပြည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် 
စိုးမင်း၊ ဒုရဲအုပ်လှမင်း၊ ရဲတကက မင်းသိန်းထက်၊ရဲတက အောင်ဆန်းဦး၊
ရဲတက နိုင်လင်းအောင်၊ပြည်မြို့မရဲစခန်းမှ န/ထ ခေါင်းဆောင်ဒုရဲအုပ် 
ဝေဇော်အောင် နှင့် အဖွဲ့သည် သက်သေ ဆံတော်ရပ်ကွက် ရာအိမ်မှူး 
ဦးသိန်းဆွေ၊ န၀င်းကွက်သစ်နေ ဦးဝင်းသိန်း တို့နှင့်အတူ ရဲစခန်းအရှေ့
မြောက်(၁)မိုင်ခန့် ၊ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းရှိ နှုတ်
သီး(ခ) ဇော်လင်းဦး (၂၅ )နှစ်(ဘ) ဦးမြင့်ဦး ၊orange ဆံသဆိုင်တွင် တ
ရားမ၀င်မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိဖြန့်ဖြူးရောင်းချနေကြောင်း 
သတင်းအရ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးအိမ်သို့ ၀င်ရောက်
ရှာဖွေဖမ်းဆီးခွင့်ဝရမ်း အမှတ်(၅/၂၀၁၆) ဖြင့် ၀င်ရောက်ရှာဖွေခဲ့သည်
ဆို၏။

ထိုသို့ ဝင်ရောက်ရှာဖွေရာ ၄င်းဆံသဆိုင်အတွင်း၌ဆိုင်ရှင်နှုတ်သီး(ခ)
ဇော်လင်းဦး နှင့် ၄င်းဆိုင်သို့ ရောက်ရှိနေသူ ဇင်မင်းထက်အောင် (၁၉
)နှစ်၊ (ဘ) ဦးသန်းထွဋ်၊ သမိုင်း(ပထမနှစ်၊ အဝေးသင်တက္ကသိုလ်)ခုံအ
မှတ်- ၁သ/၅၉၈၊ ၀က်ထီးကန်ကျေးရွာ၊ ပြည်မြို့နယ်နေသူအား တွေ့ရှိ
ရပြီး ဆိုင်အတွင်းဘုရားစင်အောက်ရှိ ပစ္စည်းတင်သည့် စင်၏အောက်
ထပ်မှန်ပြားပေါ်မှ eclipse စာတမ်းတံဆိပ်ပါ အနီရောင်သံဗူးအတွင်း 
အပြာရောင်ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းေ
ရာင်စိတ်-ကဆေးပြား(၅၆)ပြား စုစုပေါင်းအလေးချိန်(၅.၆) ဂရမ်ခန့်
ကာလတန်ဘိုး (၅၆×၅၀၀၀ိ/-) (၂၈၀၀၀၀ိ/-)ဖိုး အား တွေ့ရှိဖမ်းဆီး
ရမိသဖြင့် ဒုရဲအုပ်လှမင်းမှ သက်သေများရှေ့တွင် ဆိုင်ရှင်နှုတ်သီး
(ခ) ဇော်လင်းဦး နှင့် ဆိုင်သို့ရောက်ရှိနေသူ ဇင်မင်းထက်အောင် တို့
ထံမှ ရှာဖွေပုံစံဖြင့် ချိတ်ပိတ် သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါးများလက်
ဝယ် ထားရှိဖြန့်ဖြူး/ရောင်းချသူ နှုတ်သီး(ခ)ဇော်လင်းဦး နှင့် ဇင်မင်းထ
က်အောင် တို့အား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် လှမင်း မှ တိုင်
ကြားစာပေးပို့ တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း မယ(ပ)၁/၂၀၁၆၊မူး
/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး
အမှုအားဒုရဲအုပ် ခင်မောင်ဦးမှလက်ခံစစ်ဆေးကာ အမှုနှင့်ပတ်သက်
၍ နောက်ဆက်တွဲ ပြစ်မှုကျူးလွန်သူအားလိုက်လံဖမ်းဆီးဆောင်ရွက်
လျှက်ရှိကြောင်းရဲမှတ်တမ်းအရသိရသည်။

မှတ်ချက်။ ။အမှုဖြစ်စဉ်အား ယခုမှတင်ပြရခြင်းမှာ မှုခင်းသတင်းေ
ထာက်တစ်ယောက်၏စည်းမျဉ်းစည်းကမ်းများအရ မိဘပြည်သူများ
ထံသတင်းတင်ပြမှုနှောင့်နှေးရခြင်းအား နားလည်ပေးပါရန်မေတ္တာ
ရပ်ခံအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page