Monday, September 26, 2016

လိုင်စင်မဲ့ စူပါကာစတန်နှစ်စီး ပေါင်းတလည်မြို့တွင်ဖမ်းဆီး

Leave a Comment

လိုင်စင်မဲ့ စူပါကာစတန်နှစ်စီး ပေါင်းတလည်မြို့တွင်ဖမ်းဆီး

ပေါင်းတလည်မြို့ စက်တင်ဘာ(၂၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ်၊ပေါင်းတလည်အပိုင်တွင်
စက်တင်ဘာ(၂၅)ရက်နေ့ ညနေ(၄)နာရီ(၄၅)မိနစ်အချိန်ခန့်၌ စူပါကာ
စတန်(၂)စီးးဖမ်းဆီးရမိကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြည်မြို့ဘက်မှ ပေါက်ခေါင်းမြို့ဘက်သို့ လိုင်စင်မဲ့စူပါ ကာစတန်
(၁)စီးမောင်းနှင်လာကြောင်း ဖုန်းဖြင့်သတင်းပေးတိုင်တန်းချက်အရ ပေါင်း
တလည်စခန်းမှူးရဲအုပ် မြတ်မင်းသူ နှင့် အဖွဲ့သည် သက်သေ အရှေ့ပိုင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်အောင်၊ တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေး
မှူး ဦးကျော်စိန်လင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပေါင်းတလည်မြို့၊တပ်
စုမှူး ဦးပြည့်ဖြိုးသူ တို့နှင့်အတူပေါင်းတလည်အရှေ့ပိုင်းရပ်ကွက်၊ ပြည်-
ပေါက်ခေါင်းကားလမ်း၊ ဖောင်တော်လှည့်ဘုရားလမ်းဆုံအနီးတွင် ပြည်
ဘက်မှ ပေါက်ခေါင်းဘက်သို့ မောင်းနှင်လာသော 8I/5468 အဖြူရောင်
စူပါကာစတန်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ရာ ယာဉ်မောင်း ဝေ
ယံနိုင် (၂၄)နှစ်၊ (ဘ)ဦးချိုတွေး၊ သာယာကုန်းလမ်း၊ အရှေ့ပိုင်းရပ်ကွက်၊
ပေါင်းတလည်မြို့နေသူအားယာဉ်နှင့်ပတ်သက်သည့် တရားဝင်မှတ်ပုံတင်
ထားသော စာရွက်စာတမ်းများအား စစ်ဆေးရာ ပြသနိုင်ခြင်း။

ထပ်မံ၍ ပြည်ဘက်မှ ပေါက်ခေါင်းဘက်သို့ မောင်းနှင်လာသော 8I/3174
အဖြူရောင်စူပါကာစတန်ယာဉ်အားနောက်တစ်စီးအား ရပ်တန့်ရှာဖွေစစ်ေ
ဆးခဲ့ရာ ယာဉ်မောင်း အုန်းသွင်(ခ)ချိုကြီး (၅၆)နှစ်၊ (ဘ)ဦးလှတင်၊ ဘုရား
ငါးဆူအုပ်စု၊ ဘုရားငါးဆူကျေးရွာ၊ ပေါင်းတည်မြို့နေသူအား ယာဉ်နှင့်ပတ်
သက်သည့် တရားဝင် မှတ်ပုံတင်ထားသော စာရွက်စာတမ်းများအား စစ်ေ
ဆးရာ ပြသနိုင်ခြင်းမရှိခဲ့ဟုဆို၏။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမ၀င်တင်သွင်းထားသော ယာဉ်အား
လက်ဝယ်တွေ့ရှိသူ ဝေယံနိုင် အား ဥပဒေအရ အရေးယူပေးရန် တရားလိုပြု
လုပ်တိုင်တန်းသဖြင့် ပေါင်းတလည်နယ်မြေရဲစခန်း(ပ)၉၈/၂၀၁၆၊ ပို့/သွင်း ဥ
ပဒေပုဒ်မ-၈ ဖြင့်လည်းကောင်း ၊ကိုအုန်းသွင်(ခ)ချိုကြီး (၅၆)နှစ်၊ (ဘ)ဦးလှတ
င်၊ ဘုရားငါးဆူအုပ်စု၊ ဘုရားငါးဆူကျေးရွာ၊ ပေါင်းတည်မြို့နေသူကိုယ် ပေါင်း
တလည်နယ်မြေရဲစခန်း (ပ)၉၇/၂၀၁၆၊ ပို့/သွင်း ဥပဒေပုဒ်မ-၈ ဖြင့်လည်းေ
ကာင်း အမှုရေးဖွင့်ဆောင်ရွက်ကာ အမှုအားဒုရဲအုပ် ထွန်းထွန်းဦး မှလက်ခံ 
စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page