Saturday, July 30, 2016

ပြည်မြို့တွင်ဆေးခြောက်ဖမ်းဆီးရမိ

Leave a Comment

ပြည်မြို့တွင်ဆေးခြောက်ဖမ်းဆီးရမိ
 
 
ပြည် ဇူးလိုင်(၂၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့နယ် ၊တောင်ကုန်းကျေးရွာ၊
ငါးခူအိုင်အုပ်စုတွင်နေအိမ်အတွင်းရှိ သစ်သားကြောင်အိမ်အတွင်းမှ
သတင်းစာစက္ကူဖြင့်ထုပ်လျှက် အနက်ရောင်ပလပ်စတစ် ကြွပ်ကြွပ်
အိတ်နှင့်ထည့်ထားသော အရွက်၊အရိုး၊အစေ့များနှင့်ငွေစက္ကူများဖမ်း
စည်းရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ကြည်၏ ညွှန်ကြား
မှုဖြင့် ပြည်ခရိုင်မှုခင်းနှိမ်နှင်းရေးဌာနစုမှ ရဲအုပ် စိုးမင်း၊ဒုရဲအုပ် လှမင်း၊
တပ်ကြပ်ကြီး မင်းသိန်းထက်၊ တပ်ကြပ် အောင်ဆန်းဦး၊ တပ်ကြပ် ဇော်
ဇော်၊ တပ်ကြပ် နိုင်လင်းအောင်၊တပ်ကြပ် မျိုးဝင်းထွန်း၊ တသ ဇာနည်
ထွန်း တို့သည် သက်သေများနှင့်အတူ (၂၉-၇-၂၀၁၆)ရက်နေ့ ညနေ
(၆)နာရီ(၃၀)အချိန်ခန့် ပြည်မြို့နယ်၊ တောင်ကုန်းရွာကျေးရွာ၊ ငါးရွာ
အုပ်စုနေထွန်းထွန်း(၃၈)နှစ်၏ နေအိမ်တွင်မူးယစ်ဆေးဝါး ရောင်းချေ
နကြောင်းသတင်းအရ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ နေအိမ်၌ ကိုထွန်း
ထွန်းနှင့် ၄င်းအိမ်သို့ရောက်ရှိနေသူ ကိုမင်းမင်းအားတွေ့ရပြီး နေအိမ်အ
တွင်းရှိ သစ်သားကြောင်အိမ်အတွင်းမှသတင်းစာစက္ကူဖြင့်ထုတ်လျှက် အနက်ရောင်ပလပ်စတစ်ကြွပ်ကြွပ်အိတ်နှင့်ထည်းထားသော အရွက် ၊
အရိုး၊အစေံပါ အလေးချိန်(၉)ဂရမ်ရှိသော ဆေးခြောက်ထုပ်(၁)ထုပ်၊
တန်ဘိုး တစ်ဂရမ် ၂၁၀x၃၀=၆၃၀၀ တို့အားလည်းကောင်း၊သစ်သားေ
ကြာင်အိမ်ပေါ်မှ09965899361 နံပါတ်ဖြင့် SIM CARDပါ KENBOအမျိုး
အစား အနက်ရောင်လက်ကိုင်ဖုန်း(၁)လုံးအားလည်းကောင်း၊နေအိမ်ပေါ်
ရှိကြိတ်သားဘီရိုအောက်မှ MOW အင်္ဂလိပ်စာလုံးများပါ ကာကီရောင်ဇစ်
ဆွဲသားရေ ပိုက်ဆံအိတ်ဖြင့်ထည့်ထားသော မြန်မာငွေစက္ကူရောရာ(၃၃၇
၀၀၀ိ/)ကျပ်တို့အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့ ရှာဖွေပုံစံသိမ်း
ဆည်းခဲ့ကြောင်းရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။

ထို့ကြောင့် အမှုနှင့်ပတ်သက်၍ ကိုထွန်းထွန်းနှင့်ကိုမင်းမင်းတို့အား ထပ်မံ
စစ်ဆေးရာဖမ်းဆီးရမိသော ဆေးခြောက်များကိုခရမ်းကုန်းတာရိုး၊ပြည်သာ
ယာရပ်ကွက်နေ ကိုအောင်ကြီး(ခ)သူရအောင်(၃၅)နှစ်၊သုံးဘီးအဌားယာဉ်ေ
မာင်း(ပြည်(၃)ရဲစခန်း မယ(ပ)၁/၂၀၁၆ မူးစိတ်တား ပုဒ်မ ၁၅/၁၉(က)/၂၀
(က)အမှုမှပြစ်မှုကျုးလွန်သူ)ထံမှ ၂၀၁၆ခုနှစ်၊ဖေ လပိုင်းကဆိုင်ကယ်နှင့်နေ
အိမ်သို့လာရောက်ရောင်းချသဖြင့်ဝယ်ယူသုံးစွဲခဲ့ကြောင်းစစ်ဆေးသိရှိရသည်
ဟုဆို၏။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများရောင်းချရန်အလို့ဌါ လက်ဝယ်သုံးစွဲ
သူ ကိုထွန်းထွန်းနှင့်ကိုမင်းမင်းတို့အား အရေးယူပေးပါရန် ဒုရဲအုပ်လှမင်းမှတ
ရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်(၃)နယ်မြေရဲစခန်း မယ(ပ)၂/၂၀၁၆ မူး
စိတ်တားပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိေ
ကြာင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page