Monday, August 1, 2016

မြေလတ်ဒေသမှာရှိသည့် နယ်သတင်းထောက်များစုပေါင်း၍ မြေလတ်ဒေသတင်းထောက်များကွန်ရက်ဖွဲ့စည်း

Leave a Comment

မြေလတ်ဒေသမှာရှိသည့် နယ်သတင်းထောက်များစုပေါင်း၍ မြေလတ်ဒေသတင်းထောက်များကွန်ရက်ဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)ရုံးတွင် ဇူလိုင်(၃၀)ရက်နေ့ နံနက် (၉း၃၀)အချိန်ခန့်က မြေလတ်ဒေသ သတင်းထောက်များကွန်ရက် ဖွဲ့စည်းနိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ နှင့် မြေလတ်ဒေသရှိ သတင်းထောက်များတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြေလတ်ဒေသသတင်းထောက်များကွန်ရက်အား စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါ မြေလတ်ဒေသသတင်းထောက်များကွန်ရက်အား ဖွဲ့စည်းနိုင်ရန် အခမ်းအနားအစီစဉ်နှစ်ခုဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး စည်းဝေးခေါ်ယူရသည့် ရည်ရွယ်ချက်များ နှင့် နယ်သတင်းထောက်များ၏ တွေ့ကြုံနေရသည့် အခက်ခဲများ၊လိုအပ်ချက်များအား ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုကောင်းမြတ်မင်းက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

“မြေလတ်ဒေသမှာရှိတဲ့ တရားဝင်မီဒီယာတစ်ခုခုမှာ သတင်းထောက်အဖြစ် သတင်းရေးသားနေတဲ့နယ်သတင်းထောက်တွေစုပေါင်းပြီး ဒီကွန်ရက်ကိုဖွဲ့စည်းလိုက်တာပါ။ဒေသတွင်းကသတင်းသမားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့နဲ့ဒေသတခုနဲ့တခုကြားသတင်းရရှိမလွယ်ကူစွာချိတ်ဆက်ဆက်သွယ်နိုင်ဖို့၊သတင်းသမားအချင်းချင်းစည်းလုံးညီညွှတ်ဖို့၊သတင်းသမားတွေရဲ့ သာရေး၊နာရေးလူမှုရေးကိစ္စတွေပှုးပေါင်းကူညီပေးဖို့၊သတင်းဌာနကြီးက မျက်နှာသာပေးဖြေကြားပြောဆိုတာတွေမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အပံ့ရရှိတဲ့အခါတွေမှာ သာတူညီမျှ တန်းတူအခွင့်အရေးရရှိစေဖို့၊ဒေသအတွင်းသတင်းသမားတွေကိုခြိမ်းခြောက်ပြောဆိုနေတာတွေကာကယ်ဖို့ဒီကွန်ရက်ကိုဖွဲ့စည်းလိုက်တာဖြစ်ပြီး ကျင့်ဝတ်နဲ့မညီတဲ့သတင်းသမားတွေကို ကွန်ရက်ကထုတ်ပယ်သွားမှာပါ။”ဟု မြေလတ်ဒေသသတင်းထောက်များကွန်ရက် အထွေထွေအတွင်းရေးမှူး ကောင်းမြတ်မင်း(ဧရာဝတီ-သတင်းဌာန)ကပြောသည်။

အဆိုပါအခမ်းအနားတွင် မြေလတ်ဒေသသတင်းထောက်များကွန်ရက် အလုပ်အမှုဆောင်များရွေးချယ်ခြင်း၊တက်ရောက်လာသည့်သတင်းထောက်များမိမိတို့ ကြုံတွေ့ခဲ့ရသည့် အခက်ခဲများအား အပြန်အလှန်မျှဝေခြင်း၊ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းကိစ္စများအပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

“အသင်းရံပုံငွေအတွက်မန်ဘာမြေလတ်သတင်းထောက်တွေကိုလစဉ်ငွေသုံးထောင်ကျပ်ကောက်ခံပြီး မြေလတ်နယ်သတင်းထောက်တွေ သာရေးနာရေးအခြားကိစ္စတွေမှာ CEC-အဖွဲ့နဲ့တိုင်ပင်ပြီးသုံးစွဲသွားမယ်။မျိုးဆက်သစ်အနာဂတ်သတင်းထောက်တွေကိုသေချာပြုစုပျိုးထောင်ပြီး ဒီကွန်ရက်ကမွေးထုတ်သွားမယ်။မြေလတ်ဒေသမှာရှိတဲ့ သတင်းထောက်တွေရဲ့ သတင်းရေးသားတဲ့နေရာမှာ ကွန်ရက်အနေနဲ့ဖြေရှင်းကူညီဆောင်ရွက်သွားဖို့ရှိတယ်။သတင်းအချက်အလက်တွေနဲ့လိုအပ်ချက်တွေရှိရင် ကွန်ရက်အနေနဲ့ထုတ်ပြန်ကြေငြာချက်တွေထုတ်မယ်။မြေလတ်ဒေသအတွင်းမှာရှိတဲ့သတင်းထောက်တွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေမဆုံးရှုံးအောင် နဲ့ သတင်းယူတဲ့နေရာမှာ ဥပဒေနဲ့အညီသတင်းကို လွတ်လပ်စွာရယူရန်အတွက် ကွန်ရက်အနေနဲ့ကျိုးစားသွားမယ်။”ဟု မြေလတ်ဒေသသတင်းထောက်များကွန်ရက် CEC-တစ်ဦးဖြစ်သူ ကိုမင်းညို(DVB)ရုပ်သံသတင်းဌာန ကပြောသည်။

အဆိုပါအခမ်းအနားသို့ မြေလတ်ဒေသများရှိ DVB(ရုပ်သံသတင်းဌာန)၊7-Day(သတင်းစာ)၊ဒီမိုကရေစီတူဒေး(သတင်းစာ)၊News Warth(စောင့်ကြည့်ဂျာနယ်)၊Eleven(သတင်းစာ)၊သူရိယအလင်း-ဂျာနယ်၊ဧရာဝတီ(သတင်းဌာန)၊မြစ်မခ(သတင်းအေဂျင်စီ)၊MCN-(မြန်မာကေဘယ်လ်ရုပ်သံသတင်းဌာန)၊D.K(သတင်းအေဂျင်စီ)စသည့် သတင်းဌာနများမှ နယ်သတင်းထောက်များ နှင့် အရပ်ဘက်အဖွဲ့အစည်းများစုစုပေါင်း အင်အား ၂၀-ခန့်တက်ရောက်ခဲ့ကြောင်းသိရပြီးအခမ်းအနားအား ထိုနေ့ နေ့လည်(၁)နာရီခန့်တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

K3(pyay) နှင့် WT(LPN)ဒီမိုကရေစီတူဒေးသတင်းစာ

0 comments:

Post a Comment

Facebook Like Page