Thursday, June 23, 2016

ခေတ်မှီကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်းကစားဆိုင်များအား ယခုလကုန်အပြီးပိတ်သိမ်းရန် မြို့နယ်စည်ပင်မှ ထုတ်ပြန်ကြေငြာသွားမည်

Leave a Comment



ခေတ်မှီကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်းကစားဆိုင်များအား ယခုလကုန်အပြီးပိတ်သိမ်းရန် မြို့နယ်စည်ပင်မှ ထုတ်ပြန်ကြေငြာသွားမည်

 

ပြည်၊ဇွန်၊၂၃

 

 

ကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်းကစားဆိုင်များ ယခုလကုန်တွင်အမြန်ဆုံးပိတ်သိမ်းရန် ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ပုလဲသီတာခန်းမတွင် သက်ဆိုင်ရာဌာနများ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊အကြွေစေ့ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားအား ဇွန် ၂၃-ရက်နေ့ နေ့လည် ၁-နာရီအချိန်မှာစတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ရှင်းလင်းပွဲတွင် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ သူရဦးမြင့်သူ မှ ပြည်မြို့ပေါ်အတွင်းရှိ ကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်ကစားဆိုင်များအား ယခုလကုန်တွင် အပြီးပိတ်သိမ်းရန် စာထုတ်ပြန်သွားမည်ဖြစ်ကြောင်း စာထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဆက်လက်လုပ်ကိုင်ဖွင့်လှစ်နေပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်သာ သက်ဆိုင်ကြောင်း ယင်းအခမ်းအနားတွင်ပြောဆိုလိုက်သည်။

 

“ဒီအကြွေစေ့ဆိုင်ကိစ္စကို တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးမှာ အဆိုတင်ပြခဲ့ပြီး တပ်တော်သားလွှတ်တော်ကိုယ်စားများအပါဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံး ကန့်ကွက်သူမရှိသောကြောင့် လွှတ်တော်ကလည်း အတည်ပြုခဲ့ပါတယ်။ပြည်မြို့အတွင်းမှာ ဒီလိုဆိုင်တွေ ငါးဆိုင်လောက်ရှိတယ်။ဒီဆိုင်ပိုင်ရှင်တွေအနေနဲ့ နိုင်ငံရဲ့ အပြောင်းအလဲမှာ လူငယ်မျိုးဆက်သစ်တွေအတွက် လူမှုပတ်ဝန်းကျင်ကောင်းမွန်အောင်ဖန်တီးခဲ့ရသည့်အတွက် ပှုးပေါင်းပါဝင်ဖို့မေတ္တာရပ်ခံပါတယ်။ ဒီနေ့ဆုံးဖြတ်ချက်ကိုလည်း ပှုးပေါင်းပါဝင်ကူညီတယ်လို့လက်ခံပေးစေလိုပါတယ်။”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ-ကပြောသည်။

 

အဆိုပါကလေးကစားကွင်းအမည်ခံ လောင်းကစားအကြွေစေ့ဆိုင်ကိစ္စများ နှင့်ပတ်သက်ပြီး ၂၀-၄-၂၀၁၆ရက်နေ့တွင် အမှတ် ၁-တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြည်မြို့နယ်မှ ဦးကျော်ဇေယျက တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးမှာ ခေတ်မှီကလေးကစားကွင်းအမည်ခံ အကြွေစေ့လောင်းကစားဆိုင်များအား လုပ်ငန်းလိုင်စင်ချထားပေးနေခြင်းမှာ မသင့်တော်ပါကြောင်း အဆိုအားတင်သွင်းခဲ့ပြီး ယင်းအဆို နှင့်ပတ်သက်၍ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးမှ ကန့်ကွက်ခြင်းမရှိသဖြင့် ယင်းအဆိုအား လွှတ်တော်မှလက်ခံအတည်ပြုခဲ့ပြီး ယင်းအဆို နှင့် ပတ်သက်၍ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယခုလကုန်တွင် အပြီးပိတ်သိမ်းရန် မျက်နှာစုံညီရှင်းလင်းပွဲအခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ပြည်သူတင်မြောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီးတွေက ကျွန်တော်တို့ဆိုင်တွေကို ပြည်သူကအကြည်အညိုပျက်တယ်။ ပဲခူးမြို့မှာဆို လိုင်စင်တွေအကုန်ချပေးထားပြီးဖြစ်တယ်။ ပိတ်သိမ်းမယ်ဆို တစ်တိုင်းပ်ြလုံးပိတ်သိမ်းသင့်တယ်။ ကလေးတွေအကျင့်ပျက်တယ်ဆိုပြီး ရပ်ဆိုင်းစေရန်အတါက်ခုလိုရှင်းလင်းပွဲလုပ်ကြတယ်။ပြည်သူတွေ ကလေးတွေပျက်စီးတယ်။စီးပွားရေးတွေပျက်စီးတယ်။ဒီဆိုင်တွေကြောင့် စီးပွားရေး အလုပ်အကိုင် အကျင့်စာရိတ္တတွေပျက်ယွင်းတယ်ဆိုရင် ဘုရားအနီးမှာ ပြည့်တန်ဆာလုပ်ငန်းတွေပေါ်တင်လုပ်နေတာရှိတယ်။သူတို့တွေကို ကျွန်တော်တို့လိုတွေ့ရှိပြီး ပြုပြင်ပေးစေလိုပါတယ်။ကျွန်တော်တို့မှာ ရင်းနှီးမြှပ်နှံမှုတွေရှိတယ်။အခန်းတွေငှးထားရတယ်။စက်ပစ္စည်းတွေအများကြီးရင်းနှီးမြှပ်နှံထားရတာ။ ဆိုင်က ၀န်ထမ်းတွေလစာတွေရှိနေတယ်။ဒါတွေဆုံးရှုံးနစ်နာတယ်။ဒါ့ကြောင့်အခုသတ်မှတ်ပေးထားတဲ့ ရက်စွဲအချိန်ကို ထပ်မံတောင်းဆိုသွားမယ်။”ဟု တွတ်ပီ ခေတ်မီကလေးကစားကွင်းမှတာဝန်ရှိသူ ဦးခင်မောင်ဆွေ-ကပြောသည်။

 

အဆိုပါ ကလေးကစားကွင်းအမည်ခံ လောင်းကစားအကြွေစေ့ဆိုင်ကိစ္စများ နှင့်ပတ်သက်ပြီး ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးအေးချိုမှ အကြွေစေ့လောင်းကစားဆိုင်တါကိစ္စ ပြည်သူလူထုအသံတွေအရမ်းကျယ်ပြန့်လာလို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်မှာအဆိုတင်သွင်းတာ ကန့်ကွက်သူမရှိလို့ အဆင့်ဆင့်ညွှန်ကြားချက်အရ ဒီအကြွေစေ့လောင်းကစားဆိုင်တွေကို ပိတ်သိမ်းဖို့ ဒီပွဲကိုကျင်းပရတာ။ဒီလကုန်အကုန်ပိတ်သိမ်းဖို့ စည်ပင်ကစာထုတ်ပြန်မယ်။ကလေးတွေ ပြည်သူတွေ ဒီလောင်းကစားဆိုင်တွေကြောင့် အကျင့်ပျက်ကြတယ်။အလုပ်ပျက်ကြတယ်။စာရိတ္တပိုင်းတွေထိခိုက်ပျက်စီးလာတယ်။ဒါ့ကြောင့်ပိတ်ရတော့မယ်။သူတို့ဝန်ထမ်းကိစ္စတွေ စက်ပစ္စည်းကိစ္စတွေရွေ့ဖို့ သိမ်းဖို့အတွက် ခုလကုန်အထိသတ်မှတ်ပေးလိုက်ပါတယ်။စည်ပင်ကော်မတီအနေနဲ့ ဒီနှစ်အတွက်ကြိုတင်ပြီးလိုင်စင်ဆက်ချပေးတာမရှိဘူး။ဆိုင်းငံ့စီစစ်နေတယ်။စည်ပင်ကပိတ်သိမ်းဖို့ စာထုတ်ပြီးနောက်ပိုင်ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် စည်ပင်နဲ့မဆိုင်တော့ဘူး။ ဥပဒေလမ်းကြောင်းအတိုင်း ရဲတပ်ဖွဲ့နဲ့ပဲသက်ဆိုင်ပါတော့တယ်။ဟုယင်းကပြောဆိုခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ နှင့် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊မြို့နယ် လ.၀.က၊မြို့နယ်ပညာရေး၊မြို့နယ်စိုက်ပျိုးရေး၊မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊မြို့နယ်စည်ပင်ကော်မတီ၊မြို့နယ်ကျေးလက်ဦးစီးဌာန၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အင်အား ၃၀-ကျော်တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားအား ထိုနေ့ နေ့လည် ၂-နာရီတွင်အောင်မြင်စွာပြီးဆုံးသွားခဲ့ကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်(ပြည်သတင်း)၀၉-၂၅၃၃၁၁၀၁၉

 

 

 





0 comments:

Post a Comment

Facebook Like Page