Thursday, June 23, 2016

စာသင်ကျောင်းနှစ်ကျောင်းအကြား ပေ ၆၀၀-ကျော်ချောင်းခြားနေသဖြင့် ကျောင်းသား/သူများသွားလာရေခက်ခဲနေ

Leave a Comment


စာသင်ကျောင်းနှစ်ကျောင်းအကြား ပေ ၆၀၀-ကျော်ချောင်းခြားနေသဖြင့် ကျောင်းသား/သူများသွားလာရေခက်ခဲနေ
 
သရက်၊ဇွန်၊၂၂
 
 
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊သရက်မြို့နယ်အတွင်းရှိ ကြီးတိုင်းရွာရှိ အခြေခံပညာအလယ်တန်း နှင့် ညောင်ဇစ်ကျေးရွာ မှ ဘ.က ဘုန်းတော်ကြီးကျောင်း တို့ကို နှစ်ဘက်ရွာမှ ကျောင်းသား/သူ ကလေးသူငယ်များ နှင့် စာပေသင်ကြားပေးနေသည့် ကျောင်းဆရာ/မများသည် စာသင်ကြားနိုင်ရန် အကျယ်ပေ-၆၀၀-ခန့်ရှိသည့် ပွန်ချောင်းအားကျော်ဖြတ်ကာ စာသင်သွားရောက်နေကြသည့်အတွက် တံတားမရှိ၍ ချောင်းအတွင်းမှဖြတ်ကျော်ကာ သွားလာနေရကြောင်းသိရသည်။
 
အဆိုပါ ပွန်းချောင်းသည် မင်းတုန်းမြို့နယ်ဘက်မှ စီးဆင်းလျှက် ဧရာဝတီမြစ်ကမ်းအတွင်းသို့ ဆက်သွယ်စီးဆင်းလျှက်ရှိသော အကျယ်ပေ-၆၀၀-ခန့်ကျယ်ဝန်းပြီး နှစ်စဉ် မိုးတွင်းအခါမှာ ရေစီးအလွန်ကြမ်းလှသည့်ချောင်းတစ်ခုအဖြစ်တည်ရှိ၍ တောင်ကျရေများ မကြာခဏဆိုသလို စီးဆင်းလျှက်ရှိကာ တစ်ဘက်ရွာမှ တစ်ဘက်ရွာသို့ စာသင်ကျောင်းများသို့ အသွား/အပြန်သွားရောက်ခဲ့သည့် ကလေးငယ် ကျောင်းသားများ နှင့် ဆရာ/မများအားလုံးတို့သည် ယင်းပွန်းချောင်းရေပြင်မှ ဖြတ်ကျော်ပြီးစာသင်နေရသည့်အတွက် တံတားမရှိ၍ ကလေးငယ်ကျောင်းသား/သူများ၏ အသက်အန္တရာယ်စိုးရိမ်ပှုပန်စရာများ နှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံကသိရသည်။
 
“ချောင်းရေအရမ်းကျနေရင်တခါတလေလူတစ်ရပ်ကျော်တယ်။ ပြန်လို့မရတော့ဘူး။ ကျောင်းမှာပဲအစဉ်ပြေသလိုအိပ်နေရတယ်။ မိဘတွေ နဲ့ ကလေးတွေပါဒုက္ခရောက်ရတယ်။ ချောင်းရေတွေအရမ်းများလာရင် ညောင်ဇစ်ရွာဘက်ကကျောင်းသား/သူတွေကျောင်းလာမတက်ရတော့ဘူး။ချောင်းရေကျချိန်ကျမှ ချောင်းကို ခြေလျှင်ကလေးတွေတန်းစီဖြတ်ပြီး ဒီမှာစာလာသင်နေကြရပါတယ်။ အဲဒါကြောင့်အခက်အခဲတော့ရှိပါတယ်။ ချောင်းရေတက်နေချိန် ကျွန်မတို့ပြန်ရင်လဲ အရမ်းအရေးကြီးတဲ့အစည်းအဝေးတွေဆိုရင်လဲသွားလို့မရတော့ဘူး။ဒီဘက်ကမ်းကနေဟိုဘက်သွား ကျောင်းတက်ရတဲ့သူတွေ နဲ့ ဟိုဘက်ကမ်းကနေဒီဘက်လာပြီးစာသင်နေရတဲ့ ကျောင်းသားကလေးငယ်တွေရှိတာကြောင့် တံတားလေးထိုးပေးနိုင်ရင်ကောင်းမှာပါ။”ဟု ကြီးတိုင်းကျေးရွာ မှုလတန်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကပြောသည်။
 
အဆိုပါ အကျယ်ပေ ၆၀၀-ခန့်ရှိသည့် ပွန်းချောင်း၏ တောင်ဘက် ညောင်ဇစ်ရွာတွင် ဘ.က-အလယ်တန်း-ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ရှိနေပြီး ယင်းပွန်းချောင်း မြောက်ဘက် ညောင်ဇစ်ရွာတွင် အစိုးရသင်-မှုလတန်းစာသင်ကျောင်းတို့တည်ရှိနေပြီး တစ်ဘက်ရွာ မှ တစ်ဘက်ရွာသို့ အပြန်အလှန် ပွန်းချောင်းအား ခြေလျှင်ဖြတ်ကျော်ကာ ချောင်းအတွင်းမျာသွားလာနေရကြောင်းသိရပြီး ချောင်းရေတက်လာသည်နှင့် ကျောင်းသား/ကျောင်းသူများ စာသင်ရန်သွားလာ၍ မရတော့သဖြင့် ရက်ရှည်ကျောင်းပိတ်ထားခြင်း နှင့် ကျောင်းပုံမှန်ဖွင့်ထားသော်လည်း တက်ဖက်ရွာဘက်မှာ ကျောင်းသား/သူများ စာသင်လာရောက်နိုင်ခြင်းမရှိကြောင်းဒေသခံများထံကသိရသည်။
 
“ပွန်းချောင်းကိုဖြတ်ပြီးမှ ဒီဘက စာသင်ကျောင်းမှာ စာသင်ကျောင်းသာကလေးတွေအများကြီးရှိပါတယ်။ချောင်းရေဖြတ်ပြီးလာရတဲ့ရွာတွေက ကွမ်းအုန်း၊သပြေစမ်း၊မကျီးတန်း၊ကြီးတိုင်း အဲဒိရွာဘက်တွေကကျောင်းသားတွေစာလာသင်တယ်။ချောင်းရေတက်ချိန်တွေဖြစ်တဲ့ မိုးကြီးတဲ့အချိန်၊တောင်ကျရေစီးဆင်းတဲ့အချိန်တွေဆို ကျောင်းလာတက်တဲ့ကလေးတွေမရှိသလောက်ဖြစ်သွားတယ်။ရေတအားတက်နေချိန်ဆို ဒီကျောင်းကို ရက်ရှည်ပိတ်ထားရသည်အထိရှိနေတယ်။ချောင်းရေကိုဖြတ်ပြီးစာသင်နေရတဲ့ကလေးတွေအတွက် ရေထဲမှာအန္တရာယ်ဖြစ်မှာဆိုးရိမ်လို့ ဒီကဆရာတွေ နဲ့ရွာသားတွေပှုးပေါင်းပြီး ကလေးတွေကိုတွဲပို့ တွဲကြိုလုပ်ပေးရတယ်။ရေကြီးချိန်ဆို ဘယ်သူမှအဲဒိလိုမလုပ်ပေးနိုင်တော့ပါဘူး။တံတားလေးတစ်စင်းလောက်ဆောက်ပေးနိုင်ရင်အရမ်းအဆင်ပြေသွားမှာပါ။ဒေသခံရွာသူရွာသားလူကြီးတွေပှုးပေါင်းပြီးသက်ဆိုင်ရာ ကိုယ်စားလှယ်များ နှင့် ဌာနများသို့ အကူညီတောင်ခံစာတော့တင်ပြပါအုံးမယ်။”ဟု ညောင်ဇစ်ကျေးရွာ ဘ.က-ဘုန်းတော်ကြီးသင် အလယ်တန်းပညာရေးမှ ကျောင်းဆရာ-ဦးကြည်မောင်-ကပြောသည်။
 
ယင်းကိစ္စများ နှင့် ပတ်သက်ပြီး သရက်မြို့နယ်ပညာရေးမှူး ဦးသိန်းဆု(ဆလိန်ဖြင့်ဆုသည်။)အားသွားရောက်တွေ့ဆုံးမေးမြန်းခဲ့ရာ ယခုဖြစ်နေတဲ့ရွာတွေထက်စိုးတဲ့နေရာတွေအများကြီးရှိတယ်။ဒီချောင်းတစ်လျှောက်ဖြတ်သွားရာနေရာတွေတိုင်းလိုလိုအခုလိုတွေကြုံတွေ့နေရတယ်။တံတားဆောက်တဲ့ကိစ္စက ပညာရေးဌာနနဲ့မဆိုင်ဘူး။ဆောက်လုပ်ရေးနဲ့ဆိုင်တယ်။ဘယ်ပညာရေးဌာနတိုင်းကမှ တံတားဆောက်ပေးတာမရှိဘူး။ဒီထက်ဆိုးတဲ့နေရာတွေအများကြီးရှိတယ်။ဒီကိစ္စကို တင်ပြထားတာလည်းမရှိသေးကြောင်း ၄င်းကပြောဆိုခဲ့သည်။
 
 
အဆိုပါ ညောင်ဇစ်ရွာရှိ ဘုန်းတော်ကြီးသင် အလယ်တန်းပညာရေးကျောင်းတွင် ကျောင်သားဦးရည် ၁၃၀-ခန့် နှင့် စာသင်ဆရာ/မ ၆-ဦးရှိနေပြီး ကြီးတိုင်းကျေးရွာရှိ အခြေခံပညာမှုလတန်းစာသင်ကျောင်းတွင် ကျောင်းသားဦးရည် ၆၉-ဦး နှင့် ဆရာမ-၄ဦးတို့ဖြင့်စာသင်ကြားမှုများရှိနေပြီး ညောင်ဇစ်၊ကြီးတိုင်း၊ကွမ်းအုန်း၊သပြေစမ်း၊မကျီးတန်း၊ဥသျှစ်ကုန်း၊ကြီးကုန်း၊မဒင်းရွာ စသည့်ကျေးရွာများအတွင်းမှ ကျောင်းသား/သူ ဆရာ/မများနှင့် ဒေသခံပြည်သူများ ပွန်းချောင်းအားဖြတ်ကျော်ကာသွားလာနေကြရသဖြင့် သွားလာရေးအခက်ခဲများရှိနေကြောင်းဒေသခံများအနေဖြင့် တံတားတစ်စင်းလောက်တည်ဆောက်ပေးလိုကြောင်း ဒေသခံရွာသူရွာသားများထံကသိရသည်။
 
ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)
 
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)
 



 

0 comments:

Post a Comment

Facebook Like Page