Saturday, June 25, 2016

နေအိမ်ခြံဝန်းအတွင်းသို့ဝင်ရောက်ကာခွင့်ပြုချက် မတောင်းဘဲဓါတ်ပုံရိုက်သူနှင့်ရာအိမ်မှူးအားအမှု ဖွင့်တိုင်ကြားထားကြောင်းသိရ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

နေအိမ်ခြံဝန်းအတွင်းသို့ဝင်ရောက်ကာခွင့်ပြုချက်
မတောင်းဘဲဓါတ်ပုံရိုက်သူနှင့်ရာအိမ်မှူးအားအမှု
ဖွင့်တိုင်ကြားထားကြောင်းသိရ

ပြည် ဇွန်လ(၂၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့ ၊နဝဒေးရပ်ကွက်တွင်
နေအိမ်ခြံဝန်းအတွင်းသို့ဝင်ရောက်ကာခွင့်ပြုချက်မတောင်ဘဲ ဓါတ်ပုံရိုက်သူနှင့်ရာအိမ်မှူးအား နေအိမ်ပိုင်ရှင်မှ ရဲစခန်းသို့တိုင်
တန်းအမှုဖွင့်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊နဝဒေးရပ်ကွက်၊မြေပဒေသာရပ်နေ မတင်
တင်မူ(၃၉)နှစ်၊ဈေးရောင်းသူသည်ဇွန်လ(၂၃)ရက်နေ့နံနက်
(၁၁)နာရီခန့် ၄င်းနေအိမ်တွင်ရှိနေစဉ် ၄င်းထံတစ်စုံတစ်ရာ
ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ၄င်းနှင့်ခြံခြင်းကပ်နေ ဦးစိုးမြင့်
နှင့်နဝဒေးရပ်ကွက်၊သဇင်လှရပ်နေ ရာအိမ်မှူး ဦးကျော်သက်
တို့မှာ မတင်တင်မူတို့ အိမ်ခြံမြေအတွင်းသို့ဝင်ရောက်လာကြ
ကာ မတင်တင်မူ၏နေအိမ်အား ဓါတ်ပုံရိုက် ကြောင်း၊မတင်တင်
မူ၏အိမ်ခြံမြေမှာဝါးတိုင်စိုက်ပြီးဝါးတန်းဖြင့်ကာရံထားခြင်းဖြစ်ေ
ကြာင်းနှင့်လူဝင်ထွက်၍ ရကြောင်း၊မည်သည့်အတွက် အိမ်ခြံ မြေ
အတွင်းသို့ဝင်ရောက်ပြီး နေအိမ်အား ဓါတ်ပုံရိုက်သည်ကိုမသိရ
ကြောင်း သိရှိရသည်။

ထို့ကြေင့်ဖြစ်စဉ်နှင့်ပတ်သက်၍ မတင်တင်မူမှ ဦးစိုးမြင့်နှင့်ဦးကျော်
သက်တို့အား အရေးယူပေးပါရန် ဇွန်လ(၂၄)ရက်နေ့ ရဲစခန်းသို့လာ
ရောက်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)၇၂၆/၂၀၁၆၊ရာဇသတ်
ကြီးပုဒ်မ-၄၄၇ အရ အမှုဖွင့်ဆောင်ရွက်ကာ အမှုအား ဒုရဲအုပ် လှိုင်မိုး
ဝေမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page