Sunday, June 26, 2016

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား မျှဝေခြင်း-စီမံချက်အရ စာရေးကရိယာများပေးအပ်

Leave a Comment



နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား မျှဝေခြင်း-စီမံချက်အရ စာရေးကရိယာများပေးအပ်

 

ပြည်၊ဇွန်၊၂၆

 

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ချို့တဲ့သည့် ကျောင်းသားကျောင်းသူများအား မျှဝေခြင်း-စီမံချက်အရ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ပေါ်ရှိ ဆံတော်ရပ်ကွက်အတွင်းမှာ ဇွန်-၂၆ ရက်နေ့တွင် ဆံတော်ရပ်ကွက်အတွင်းရှိ ဆင်းရဲသားကျောင်းသားကျောင်းသူများအား စာရေးကရိယာများ မျှဝေခြင်းအစီစဉ်အား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဆံတော်ရပ်ကွက်အတွင်းရှိ ဆင်းရဲချို့တဲ့သည့် ကျောင်းသားကျောင်းသူတွေကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မျှဝေခြင်း-စီမံချက်အရ ရပ်/ကျေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊စေတနာရှင်ပြည်သူများပှုးပေါင်းပြီး  စာရေးကရိယာများအား လှူဒါန်းပေးအပ်ခြင်းအခမ်းအနားအား ဇွန်-၂၆ ရက်နေ့ နံနက် ၈နာရီမှာစတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“ခုလိုစာရေးကရိယာတွေအခမဲ့ရလို့ ၀မ်းသာပါတယ်။ကျေးဇူးလည်းတင်ပါတယ်။စာအုပ်ဝယ်ဖို့အခက်အခဲမရှိပေမယ့် အခုလို စာရေးကရိယာအစုံရတော့ပိုပြီးအဆင်ပြေတာပေါ့။နောက်နောင်များမှာဒီလိုစနစ်လေးတွေဆက်လုပ်ပေးမယ်ဆိုရင် ဆင်းရဲတဲ့ ကျွန်မတို့ပြည်သူတွေအတွက် တစ်ဘက်တစ်လှမ်းက ကူညီမှုရတော့ ပိုအဆင်ပြေတာပေါ့။”ဟု စာရေးကရိယာများ လာရောက်ထုတ်ယူသူ ကျောင်းသားမိဘ မစန်းစန်းဝင်း-ကပြောသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ်ရုံးမှ ဆံတော်နယ်မြေအတွင်းမှာရှိသည့် ဆင်းရဲ ချို့တဲ့ကျောင်းသားများအတွက် ဗလာစာအုပ် ၁-အုပ်၊ဘောလ်ပင် ၁-ချောင်း၊ခဲတံ ၁-ချောင်းနှုန်းဖြင့် ကျောင်းသားဦးရည် ၂၀၀-ကျော် စာရင်းကောက်ယူထားပြီး ပြန်လည်မျှဝေသွားမှာဖြစ်သောကြောင့် ဆင်းရဲချို့တဲ့သည့် ကျောင်းသားပေါင်း သုံးရာခန့်အတွက်လုံလောက်မှုမရှိ၍ ရပ်/ကျေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စေတနာရှင်များဖြင့်ပှုးပေါင်းကာလှူဒါန်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

 

“မြို့နယ်ကချပေးတဲ့ စာရေးကရိယာကမလုံလောက်ဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တိုင်ပင်ပြီး ဆံတော်ရပ်ကွက်အတွင်းက စေတနာရှင်တွေပေါင်းဖြည့်စွပ်ပြီးလှူဒါန်းမျှဝေပေးခဲ့တာ။အခုတစ်ခေါက်မှာမပါတဲ့သူတွေ နောက်တစ်ခေါက်ကြရင် ဦးစားပေးစနစ်နဲ့ထပ်မံမျှဝေပေးအပ်သွားအုံးမှာပါ။ ဆံတော်ရပ်ကွက်အတွင်းက စေတနာရှင်တစ်ချို့လှူဒါန်းထားတဲ့ စာအုပ်အဟောင်တွေနဲ့စာရေးကရိယာတစ်ချို့ကို မိဘမဲ့ကျောင်းတွေမှာထပ်မံလှူဒါန်းသွားမှာဖြစ်ပါတယ်။”ဟု ဆံတော်ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပွဲဖြစ်မြောက်ရေးစီစဉ်သူ ကိုမင်းမင်းထွန်း-ကပြောသည်။

 

အဆိုပါ အခမ်းအနားတွင် ဆံတော်ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့၊တို့မှဖြည့်စွပ်အလှူငွေများထည့်ဝင်ခဲ့၍စေတနာရှင်တွေဖြစ်သည့် ဦးဇင်ကို မိသားစုမှ ကွန်ပါဗူး-အလုံး ၆၀-၊ဦးကျော်ကိုကိုမိသားစုမှ အလှူငွေ ငါးသောင်းကျပ်၊ဦးအေးဝင်းထွန်း နှင့် ဦးထွန်းလင်းအောင် မိသားစုတို့မှ အလှူငွေ ငါးသောင်းကျပ်ဖြည့်စွပ်လှူဒါန်းခဲ့ပြီး ဆံတော်ရပ်ကွက်အတွင်းမှာရှိသည့် ဆင်းရဲချို့တဲ့ကျောင်းသားပေါင်း ၃၀၀-ကျော်အား ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် ၆-အုပ်၊ကွန်ပါဗူး ၁-ဗူး၊ကော်လက်ရှင်ဘယ် ၁-ဗူး၊ခဲတံ၊ပေတံ၊ခဲချွန်စက် နှင့် ဘောလ်ပင်များကို ပြန်လည်မျှဝေလှူဒါန်းခဲ့ကြောင်းသိရပြီး ယခုတစ်ကြိမ်တွင်မရှိသေးတဲ့ ကျောင်းသားတွေအတွက် နောက်တစ်ကြိမ်တွင် ထပ်မံ၍ ဦးစားပေးစနစ်ဖြင့် လှူဒါန်းရန်ရှိနေကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)

 

 




0 comments:

Post a Comment

Facebook Like Page