Saturday, June 25, 2016

ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာရှိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင်ဆရာ/ဆရာမဦးရေနည်းပါးသဖြင့် ပညာသင်ကြားရေးအခက်အခဲရှိနေ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာရှိအခြေခံပညာ
အလယ်တန်းကျောင်းခွဲတွင်ဆရာ/ဆရာမဦးရေနည်းပါးသဖြင့်
ပညာသင်ကြားရေးအခက်အခဲရှိနေ

ပန်းတောင်းမြို့နယ် ဇွန်လ(၂၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပန်းတောင်မြို့နယ် ၊ဥသျှစ်ပင်မြို့ ၊
ညောင်ခြေထောက်ကျေးရွာရှိအခြေခံပညာအလယ်တန်းကျောင်းခွဲ
တွင် ဆရာ/ဆရာမဦးရေ နည်းပါးသဖြင့် ပညာသင်ကြားရေး အခက်
အခဲရှိနေကြောင်းသိရသည်။

“ကျောင်းဆရာ/ဆရာမက ကျောင်းအုပ်အပါဝင် (၁၁)ဦးပဲရှိတယ်။
သူငယ်တန်းမှာသင်ကြားမှုအတွက်လက်ရှိ(၂)ယောက်ပဲရှိတယ်။
တကယ်လိုအပ်တာက (၃)ယောက်လိုတာ။ထိုနည်းတူပဲ ပထမ
တန်းမှာ(၁)ယောက်ထဲသင်နေရတယ်။လိုတာကနှစ်ယောက်လို
နေတာပါ။ဒုတိယတန်းမှာဆို ကျောင်းသားကျောင်းသူက(၆၀)
ယောက်ရှိတယ်။သင်နေတဲ့ဆရာက (၁)ယောက်ထဲရှိတယ်”ဟု
ညောင်ခြေထောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ
ကျောင်းအုပ်ဆရာကြီး ဦးဝင်းကလေး ကပြောသည်။
အဆိုပါကျောင်းတွင် ဆရာ/ဆရာမလိုအပ်ချက်ကြောင့် ၂၀၁၅/
၂၀၁၆ ပညာသင်နှစ်တွင် မြို့နယ်ပညာရေးမှူးရုံးကို တင်ပြစာ
တင်တောင်ခံခဲ့သော်လည်းမရရှိခဲ့ကြောင်း ၊မူလတန်းမှာ (၃၆၃)
ယောက် အလယ်တန်းမှာ(၁၃၈)ယောက်ရှိပြီး ဆရာ/ဆရာမ
လိုအပ်ချက်ကြောင့် တတိယတန်းကလေးတွေကို သင်ပြရန်
ကျေးရွာထဲက စေတနာရှင်ဆရာတစ်ဦးကိုခေါ်ထားရကြောင်း
ကျောင်းအုပ်ဆရာကြီး ဦးဝင်းကလေး ကဆက်လက်ပြော
သည်။

“ရွာကလဲ ကျယ်ပြန့်လာတယ်။လုပ်ငန်းနဲ့ပြောင်းရွှေ့လာတဲ့သူတွေ
လဲများလာတော့ ကျောင်းသားဦးရေကလဲများ လာတယ်။ကျောင်း
သားဦးရေများလာတဲ့အတွက် စာသင်ဆောင်မလုံလောက်တာတွေ ၊
ဆရာ/ဆရာမ ဦး ရေမလုံ လောက်တာတွေရှိတယ်။ဒါကြောင့်သင်ကြား
ရတဲ့နေရာမှာ ဆရာ/ဆရာမတွေဘက်ကလဲ အခက်အခဲ ရှိသလိုသင်
ကြားခံရတဲ့ကျောင်းသား/ကျောင်းသူတွေဘက်ကလဲ စာသင်ကြားရာမှာ
ထိရောက်မှုနည်းတယ်။ ကျွန်တော်တို့ကျေးရွာအတွက် ဆရာ/ဆရာမဦး
ရေထပ်တိုးပေးဖို့လို အပ်တယ်”ဟုညောင်ခြေထောက် ကျေးရွာ အခြေခံ
ပညာအလယ်တန်းကျောင်းခွဲ မိဘဆရာအသင်း အတွင်းရေးမှူးက ပြော
သည်။

ဆရာ/ဆရာမဦးရေကနည်းတော့ ကလေးတွေရဲ့ပညာရေးသင်ကြားရာမှာ
ထိရောက်မှုနည်းတဲ့အတွက် (၄) တန်းအောင်တောင် ပညာရေးအဆင့်မမှီ
ကြောင်း ၊ ကျောင်းဆောင်တွေကလဲ ရွာကကိုယ်ထူကိုယ်ထနဲ့ဆောက် လုပ်
ထားရကြောင်း၊အရင်အစိုးရလက်မှာရော အခုအစိုးရလက်ထက်မှာရောအခု
အချိန်အထိဘာတစ်ခုမှမရသေး ကြောင်း၊ဒါပေမဲ့လဲ ကျေးရွာကဝိုင်းဝန်း
ဆောင်ရွက်နေကြောင်းနှင့်အလယ်တန်းကျောင်းခွဲအဆင့်အနေ အလယ်
တန်းကျောင်းအဆင့်ကိုတိုးမြှင့်ချထားပေးစေလိုကြောင်း ၄င်းကဆက်လက်
ပြောကြားခဲ့သည်။

ကျောင်းသားကျောင်းသူနည်းနည်းနဲ့ဆိုတော့ နိုင်နိုင်နင်းနင်းနဲ့ထိထိရောက်
မှုစွာသင်ကြားနိုင်မယ်။ပိုပြီးတော့လဲဂရုစိုက်နိုင်မယ်။တစ်ယောက်ချင်းရဲ့အ
ရည်အချင်းကိုလဲအကဲဖြတ်ပေးလို့ရမယ်။ကိုယ့်အသံကို အားလုံးကြားတဲ့
အတွက် သင်ကြားမှုလဲထိရောက်သလိုရှိမယ်။Kg မှာကျောင်းသားကျောင်း
သူ (၁၂၂)ယောက်ရှိတယ်။သင်တဲ့ဆရာက (၂)နှစ်ယောက်ပဲရှိတယ်။အမှန်
တကယ်လေးဆယ် လေးဆယ် ဆိုရင်(၃)ယောက်ရှိရမယ် အခုတော့(၂)
ယောက်ထဲနဲ့ပဲဖြစ်အောင်လုပ်နေရတယ်။ကလေးတွေက အပေါ့အပါး
သွားတာကအစ နောက်ကလိုက်ကြည့်နေရတော့ အခက်အခဲတော့ရှိတယ်
ဟုသူငယ်တန်းသင်ကြားနေသော ဆရာမဒေါ်နီနီအောင်က ပြောကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page