Sunday, May 22, 2016

မိုးရေချော်၍ ကြက်စာတင်သည့် ကားတစ်စီးလမ်းဘေးရေမြောင်းသို့ ထိုးကျ၍တိမ်းမှောက်

Leave a Comment



မိုးရေချော်၍ ကြက်စာတင်သည့် ကားတစ်စီးလမ်းဘေးရေမြောင်းသို့ ထိုးကျ၍တိမ်းမှောက်

 

အောင်လံ၊မေ၊၁၉

 

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်အတွင်းရှိ ပြည်/အောင်လံ သွားရာလမ်းမကြီး ကွမ်းလောင်းကျေးရွာအနီး မိုင်တိုင်အမှတ်(၂၀၃/၁)တွင်  မေ-၁၉-ရက်နေ့ နံနက်လင်းအားကြီးချိန် ၂း၃၀ မိနစ် အချိန်ခန့်က မိုးအနည်းငယ်ရွာသွန်းမှုကြောင့် လမ်းချော်ကာအရှိမထိန်းနိုင်ဘဲ  ကြက်စာတင်ဆောင်ကာသည့် ကုန်တင်ကားတစ်စီးသည် လမ်းဘေးရေမြောင်းအတွင်းသို့ တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ကြက်စာများတင်ဆောင်လာသည့် K9-xxxx ကောင်တာ(အဖြူရောင်)အမျိုးအစား ၆-ဘီးယာဉ်သည် မိုင်တိုင်အမှတ်-၂၀၃/၁ အရောက်တွင် လမ်း၏ အရှေ့ဘက်ခြမ်း လမ်းညာဘက်ရေမြောင်းအတွင်းသို့ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရသည်။

 

“ညက နှစ်နာရီခွဲလောက်ကဖြစ်တာ။မိုးရွာလို့ လမ်းဘေးချော်ကျသွားခဲ့တာလို့သိရတယ်။တစ်ဘက်နဲ့တစ်ဘက်တိမ်းရှောင်းရင်းနဲ့ဖြစ်တာမဟုတ်ပါဘူး။ခရီးသည်မပါဘူး။ယာဉ်မောင်းနဲ့စပယ်ယာပဲပါတော့ ဘယ်သူမှဘာမှမဖြစ်ပါဘူး။ကားကရေမြောင်းထဲကျသွားတော့ ရေတွေတော့စိုသွားတာတော့ရှိပါတယ်။စခန်းမှူးကအောင်လံကိုအမှုသွားဖွင့်တယ်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေတော့ကျွန်တော်မသိပါဘူး။ကြက်စာတွေဖြစ်လို့ကားကလွဲလို့ကျန်တာသိပ်မရှိပါဘူး။” ဟု တာဝန်ရှိသူ  တပ်ကြပ်-တင်မောင်ထွန်း-ကပြောသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှု နှင့် ပတ်သက်ပြီး ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့် ယာဉ်မောင်းဖြစ်သူ တောင်းတွင်းကြီးမြို့၊ရွှေကြာအင်း(၁)ရပ်ကွက်၊ဦးစိုးသန်းညွှန့်(၄၄)-နှစ်အား အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ

သတင်း-K3(pyay) နှင့် HT

ဓါတ်ပုံ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း

၀၉-၂၅၃၃၁၁၀၁၉

 






0 comments:

Post a Comment

Facebook Like Page