Thursday, May 26, 2016

နိုင်ငံသားတစ်ယောက်၏ခံစားချက်များ သရ၀ဏ်(ပြည်)

Leave a Comment

နိုင်ငံသားတစ်ယောက်၏ခံစားချက်များ
သရ၀ဏ်(ပြည်)
မြန်မာပြည်သူလူထုသည် အာဏာရှင်စနစ်ကိုစိတ်ပျက်ငြီးငွေ.နေကြပြီး ပို၍ကောင်းမွန်သော အနာဂါတ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကိုရွေးချယ်ခဲ.ကြသည် ။ ချွတ်ခြုံကျနေသောတိုင်းပြည်ကို စစ်အာဏာရှင်လက်ထဲမှလွှဲယူရလိုက်သောပြည်သူ.အစိုးရအဖြစ် ပြည်သူလူထု၏မျှော်လင်.ချက်မှာ အလွန်ကို မြင်.မားနေပါသည် ။ မျှော်လင်.ချက်မြင်.မားလွန်းသူတို.ထုံးစံအတိုင်း မျှော်လင်.သည်.အတိုင်းချက်ခြင်းဖြစ်မလာသောအခါ စိတ်ပျက်မှု ၊ အားမလိုအားမရမှု ၊ မကြေနပ်မှုတို.ဖြစ်ပေါ်လာတော.သည် ။ ကျူးကျော်အိမ်အဖျက်ခံလိုက်ရသော ဆင်းရဲသားတစ်ဦးက NLD ကိုမဲပေးမိတာမှားပြီဟုကျွန်တာ်.ကိုလာပြောသည် ။ လက်သန်းတွေကိုဖြတ်ပစ်ရတော.မှာလားဟုဆိုသူကဆိုသည် ။ NLD အစိုးရတက်လာမှ မီးမမှန်တာသည် အဆိုးဆုံးပြောစရာကိစ္စဖြစ်နေသည် ။ အရင်ကလည်းမီးပျက်သည် ။ယခုလည်းမီးပျက်သည် ။ သိပ်တော.မထူး ။ သို.သော် ထူးသည်က ယခင်က မီးပျက်သည်မှာစစ်ဗိုလ်ချုပ်တွေ ၊ဗိုလ်ချုပ်လူထွက်တွေအုပ်ချုပ်သောအစိုးရ။ ယခုမီးပျက်သည်မှာ ပင်နီတိုက်ပုံဝတ်တွေအုပ်ချုပ်သောကာလ ။ ထို.ကြောင်. မီးပျက်သည်.အပေါ်တွင် အမျိုးမျိုးတုန်.ပြန်ကြသည် ။ တည်မည်.သည်.ဘုရားလင်းတပဲနားနားပေါ.ကွာ ။အမေစုမျက်နှာနဲ.မပြောတော.ပါဘူးဟုဆိုလာသူတွေလည်းမရှားပေ ။ မီးပျက်တာတော.မကြိုက်ဘူး ဒါပေမယ်. NLD ဆိုတော. မဝေဖန်ရဲဘူးဟုဆိုသူများလည်း ရှိသည် ။ မြင်ရဲ.လား နင်တို.ရွေးချယ်လိုက်တဲ.အစိုးရ မီးမှန်မှန်လာအောင်တောင်မလုပ်နိုင်ဘူးဟု ပွဲလန်.တုန်းဖျာဝင်ခင်းချင်သူတွေလဲရှိနေသည် ။
တကယ်တော. မြန်မာနိုင်ငံသည် အသက်ငင်နေသောလူမမာကြီးနှင်.တူသည် ။ထိုလူမမာကြီးကို ကြံ.ခိုင်ရေးဆိုသော ဆရာဝန်လက်ထဲမှ NLD ဆိုသော သမားတော်လက်ထဲသို. ကူးပြောင်းလက်လွှဲယူလိုက်ရခြင်းဖြစ်သည် ။အသက်ငွေ.ငွေ.သာရှိတော.သော လူမမာကိုကုသရန် အပ်နှင်းချင်းခံရသော သမားတော်တစ်ယောက်လိုဖြစ်နေသည် ။ ကိုယ်.လက်ထဲကျမှသေသွားလျှင်လည်းနံမည်ပျက်ဦးမည် ။ မကုဘူးဆိုပစ်ထားလို.လည်းမရ ။ အရင်ဘာဆေးတွေကျွေးထားခဲ.သလဲဆိုတာလည်း ယခင်ဆရာဝန်ကိုမေးမြန်း၍မရ ။ လူမမာ၏အရိပ်အခြေကိုကြည်.ကာ မီးစင်ကြည်.ကနေရခြင်းဖြစ်မည် ။ အရင်ဆရာဝန်သည် မတည်.တာတွေကျွေးခဲ.သလား ။ လူမမာဓတ်စာကျွေးမည်ဟုတောင်းယူထားသည်.ပိုက်ဆံထဲက ဓာတ်စာမ၀ယ်ကျွေးပဲဖြတ်စားထားသလား မသိရသည်.ဘ၀ဖြစ်သည် ။ အဆိုးဆုံးက လူမမာကိုလက်မလွှဲခင် မတည်.သောဆေးတွေတမင် အမြင်ကပ်ကပ်နှင်.ကျွေးသွားသလား ၊ ထိုးသွားသလားမိရခြင်းဖြစ်သည် ။ လူမမာ အသက်ငင်သလိုဆန်.ငင်ဆန်.ငင်ဖြစ်တော. နောက်တက်လာသော ဆရာဝန် အဆဲခံရပြီဖြစ်သည် ။
ယခုမြန်မာနိုင်ငံမှာဖြစ်နေတာလည်းဒါမျိုးဆန်ဆန်ဖြစ်သည် ။ နောက်တက်လာသော NLD အစိုးရသည် အရင်အစိုးရလက်ထက်က ရှုပ်ခဲ.သမျှပြသနာများကိုဒိုင်ခံဖြေရှင်းနေရသည် ။ ဘာဆေးပေးရကောင်းမလဲကြည်.တုန်းမှာပင် လူမမာကဆန်.ငင်ဆန်.ငင်ဖြစ်နေသည် ။ ၀ိုင်းကြည်.နေသူတွေကလည်း လူမမာကြီးငေါက်ကနဲထထိုင်ပြီးအကောင်းပကတိမဖြစ်ရကောင်းလားဆိုပြီး အားမလိုအားမရဖြစ်နောကပေ၏ ။ ဟိုဟာလုပ် သည်ဟာလုပ်ဖြင်. အကြံပေးသူများလည်းမရှားပေ ။
နိုင်ငံသားတစ်ယောက်အနေနှင်. ကျွန်တော်လည်း ကိုယ်.နိုင်ငံကိုတိုးတက်စေချင်လှသည် ။သို.သော် ၁၉၉၈ မှစရေတွက်လျှင် ၂၇ နှစ်ကျော် ၂၈ နှစ်ခန်. စီမံခန်.ခွဲမှုတွေလွဲလာသမျှကိုချက်ချင်းဥုံဖွဆို၍ရပ်တန်.သွားအောင်လုပ်ဖို.လွယ်ကူမည်မဟုတ်မှန်းသိပါသည် ။ ကျွန်တော်တို.သည် စိတ်ရှည်ရမည် ၊ ကျွန်တော်တို.သည် သည်းခံရမည် ။ မှန်ပါသည် ။NLD အစိုးရ သက်တမ်း သုံးကြိမ်လောက် ပြန်အရွေးခံ ၁၅ နှစ်လောက်အုပ်ချုပ်ခွင်.ရပါမှ တိုင်းပြည်သည် တိုးတက်မှု၏အသီးအပွင်.များကိုဝေေ၀ဆာဆာတွေ.နိုင်ပါမည် ။ ယခုသော်ပြသနာပေါင်းသောင်းခြောက်ထောင်က ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကိုစောင်.ကြိုနေပါ၏ ။ လောလောဆယ်ပင် ဖားကန်.၌ မြေစာပုံပြိုကျသဖြင်. လူတွေအစုလိုက်အပြုံလိုက်သေးဆုံးသည်.ပြသနာ ၊ ဖားကန်.တွင် NLD ပါတီဝင် လမ်းမှူးအမျိုးသမီးတစ်ယောက် သေနတ်ဖြင်.ပစ်သတ်ခံရသောပြသနာ ၊ ဖားကန်.၌ပင် ဥပဒေစိုးမိုးမှုမရှိသောပြသနာ ၊ ချင်းပြည်နယ်တွင်တောင်ပြိုကျ၍လမ်းပိတ်သည်.ပြသနာ ၊ရှမ်းပြည်နယ်တိုက်ပွဲအတွင်းအရပ်သားများသေဆုံးရသည်.ပြသနာ ၊ ကျောက်မဲမြို.နယ်တွင်မီးရှို.ခံထားရသောအလောင်းများပြသနာ ၊ လူ.အခွင်.အရေးပြသနာ ၊စပယ်တောင်၊ကြေးစင်တောင် ၊လက်ပံတောင်းတောင် ပြသနာ ၊ ဆန္ဒပြအလုပ်သမားများပြသနာ ၊ မီးမမှန်သည်.ပြသနာ ၊ ရေရှားပါးသည်.ပြသနာ ၊ စစ်ဘေးရှောင်ဒုက္ခသည်များပြသနာ ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြသနာ ၊ ကျူးကျော်အိမ်ယာပြသနာ စသည်. မဖြေရှင်းရသေးသောပြသနာပေါင်းသောင်းခြောက်ထောင်ကို အမွေဆက်ခံထားရပါ၏ ။ထိုအထဲကမှ တောင်သူလယ်သမားများ၏ဘ၀ကိုမစာမနာပြောဆိုသောဝန်ကြီးကပေါ်လာသေးသဖြင်.အချို.NLD များပင်စိတ်ပျက်ရသေး၏ ။
NLDအစိုးရသည် အလှမ်းကျယ်အလယ်မလတ်ပဲ အောက်ခြေလူတန်းစားများပြေလည်စေသောဆင်းရဲနွမ်းပါးမှုလျှော.ချရေး ၊အလုပ်အကိုင်ရှာဖွေပေးရေး ၊ တရားဥပဒေစိုးမိုးရေးကိစ္စများကိုဦးစားပေးဆောင်၇ွက်စေချင်၏ ။ သူများရက် ၁၀၀ ဆိုတိုင်း ဖုတ်ပူမီးတိုက် လုပ်ပြသော ဌာနဆိုင်ရာအချို.၏ရက် ၁၀၀ စီမံကိန်းများကိုသိပ်ပြီးအလွန်အကျွံ မလိုက်ပါစေချင်ပါ ။ ဆင်းရဲသားများကိုပြေလည်စေချင်သည်ဆိုလျှင် စည်ပင်သာယာမှ ဈေးသည်များကိုကောက်ခံနေသော ဈေးကောက်စနစ်ကို ရက် ၁၀၀ အတွင်းဖျက်သိမ်းပစ်သင်.သည် ။ လမ်းကြေးတံတားကြေး ကောက်ခံနေမှုအားလုံးကိုချက်ခြင်းရပ်တန်.ပစ်သင်.ပေသည် ။ ဈေးကောက်များသည် ခေါင်းရွက်ဗျပ်ထိုးဈေးသည်များကိုအဓိကနှိပ်စက်နေသောကိစ္စဖြစ်သည် ။ သရက်သီးဗန်းကလေးတစ်ဗန်းချရောင်းလျှင်ပင်ဈေးကောက်ခ တနေ.ငွေ ၃၀၀ ကျပ်တောင်းနေခြင်းက လမ်းဘေးဈေးသည်များကိုအဓိကနှိပ်စက်လျက်ရှိပေသည် ။ ဈေးကောက်ခမှာများလွန်းကြောင်းပြောလျှင်လည်း ကျုပ်တို.ကနိုင်ငံတော်ကိုလေလံကြေးတွေအများကြီးပေးထားရတာဟုသာပြန်ပြောလေ.ရှိသည် ။ထို.ကြောင်.ဈေးကောက်ခလေလံပစ်ခြင်းကိုလည်းဖျက်သိမ်းပစ်ရပေမည် ။ မီးမှန်အောင်လည်းလိုအပ်တာမှန်သမျှရေတိုရေရှည်စီမံကိန်းများချမှတ်ကာ ရဲရဲဝံ.၀ံ.ဆောင်ရွက်ရပေမည် ။ အစိုးရယန္တယားတွင် ယခင်ကအပြုအမူအကျင်.အကြံအတိုင်း ကန်.လန်.တိုက်လုပ်ဆောင်နေသူ အချောင်သမားများကို ပြတ်ပြတ်သားသားရှင်းထုတ်ရပေမည် ။လက်မှုလယ်ယာမှစက်မှုလယ်ယာဖြစ်အောင် လယ်သမားများကိုကူညီရပေမည် ။ ထို.နောက်ပြည်တွင်းငြိမ်းချမ်းရေး ၊နိုင်ငံတိုးတက်ရေး တဆင်.ချင်းလိုက်ပါလာပေလိမ်.မည် ။ ချက်ခြင်းတော.ကောင်းဦးမည်မဟုတ်တာသေချာသည် ။ အင်္ဂလိပ်တို.မြန်မာပြည်မှဆုတ်ခွာစဉ်က မြေလှန်စနစ်ကိုသုံး၍ ဖျက်ဆီးသွားခဲ.သည် ။ ယခုအစိုးရအကူးအပြောင်းတွင်လည်း ယခင်လူများဆုတ်ခွာမသွားမီဆောင်ရွက်ခဲ.သော မမြင်နိုင်သည်.မြေလှန်ဖျက်ဆီးအန္တရာယ်များကိုလည်း မြင်တတ်အောင်ကြည်.ရမည်ဖြစ်သည် ။ အနီးကပ်ဆုံးရန်သူသည် ဒုက္ခပေးတတ်ပါသည် ။ နိုင်ငံသားများကလည်း စိတ်ရှည်လက်ရှည်ဖြင်. ဒီမိုကရေစီရှင်သန်အောင်ဝိုင်းဝန်းကူညီကြရမည်ဖြစ်သည်။
သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page