Thursday, May 26, 2016

သက်ဆိုင်ရာဌာနများသို့မေတ္တာရပ်ခံတင်ပြခြင်း

Leave a Comment


သက်ဆိုင်ရာဌာနများသို့မေတ္တာရပ်ခံတင်ပြခြင်း

သက်ဆိုင်တာဝန်ရှိလူကြီးမင်းများ၊လွှတ်တော်အမတ်များ၊စည်ပင်မြို့ထောက်ကူအဖွဲ့လူကြီးမင်းများထံအသိပေးတင်ပြခြင်း......
ပြည်မြို့မြို့လယ်ရှိရွှေသည်တန်းလမ်းထဲတွင်ခေတ်ဟောင်း ဒကစမှူး လက်ထက်ကခွင့်ပြုထားသောကြို့ပင်ကောက်ကားဂိတ်မှကားသမားများသည်စည်းကမ်းမဲ့စွာအော်ဟစ်ဆဲဆိုခြင်း၊ကားများမိမိပိုင်သောလမ်းကဲ့သို့မိမိရပ်ချင်သောနေရာတွင်ရပ်ထားခဲ့ခြင်း၊နဂိုကကားများကHiluxကားလေးများဖြစ်ပြီးယခုအခါDinaကားကြီးများဖြစ်သောကြောင့်လမ်းပိတ်ဆို့မှု့များဖြစ်လာပါသည်။ပတ်ဝန်းကျင်နေပြည်သူများဤပြသနာများကိုနေ့စဉ်နဲ့အမျှကြုံတွေ့ခံစားနေရပါသည်။သို့ဖြစ်ပါ၍သက်ဆိုင်ရာအသီးသီးမှတာဝန်ရှိလူကြီးမင်းများလာရောက်ကြည့်ရှု့ပြီးပြောင်းရွှေ့ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်တော်ဒီကိစ္စကိုအစိုးရဟောင်းလက်ထက်မှာတင်ပြခဲ့ဖူးပါတယ်သို့သော်မထိရောက်ခဲ့ပါသဖြင့်အစိုးရသစ်လက်ထက်မှာထိရောက်စေချင်ပါတယ်....မေတ္တာရပ်ခံအပ်ပါသည်။

ရပ်ကွက်နေမိသားစုများ

ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page