Thursday, April 28, 2016

ပင်လယ်အတွင်းရေလုပ်ငန်းသွားရောက်လုပ်ကိုင်သူ ၃၂-ဦးနေရပ်သို့ပြန်လည်ရောက်ရှိလာပြီး ၂-ဦးအသတ်ခံရ ကျန်တစ်ဦးယနေ့အထိပျောက်ဆုံးနေ

Leave a Comment




ပင်လယ်အတွင်းရေလုပ်ငန်းသွားရောက်လုပ်ကိုင်သူ ၃၂-ဦးနေရပ်သို့ပြန်လည်ရောက်ရှိလာပြီး ၂-ဦးအသတ်ခံရ ကျန်တစ်ဦးယနေ့အထိပျောက်ဆုံးနေ

ပြည်။ဧပြီ။၂၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းမှ မွန်ပြည်နယ်  ရေးမြို့နယ်အတွင်းရှိ ပင်လယ်တစ်နေရာတွင် ရေလုပ်ငန်းလုပ်ကိုင်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားခံရသူ ၃၀-ကျော်ထဲမှ အသတ်ခံရသူ ၂-ဦးရှိသွားခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုလာဖွင့်သည့် သူများကိုသာ အရေးယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

ခေါ်သွားတဲ့တရားခံအခုထိရှိနေပါလျှက်နဲ့ ရဲကအခုထိသူ့ကိုလဲခေါ်မမေးဘူး၊မကြီးသားလေးသေသွားပြီလားမသိဘူး၊လျှော်ထုံးရွာကတယောက်ဆိုရိုက်သတ်ခံရတာ၊အခုရေးမြို့က ရဲ ရောက်နေတယ်သူက ခင်ဗျားသားက ဟိုမှာပျော်နေတာအလုပ်လုပ်နေတာလို့ပြောတယ် ဒါကမဖြစ်နိုင်ဘူး၊ဒီလောက်သွေးချောင်းစီးလောက်အောင်သတ်ဖြတ်ခံနေကြရတာ၊ဒီရေလုပ်ငန်းကလူတွေဘိုးစဉ်ဘောင်ဆက်သတ်ဖြတ်နေတာဘယ်တုန်းကတရားခံမိလို့လဲ၊အခုပြန်ရောက်တဲ့သူတွေကအကုန်လုံးပြန်ပြောပြကြလို့ ကျွန်မတို့အားလုံးသိပြီးသွားပြီ။”ဟု ပြည်မြို့ ကိုးသောင်းရပ်ကွက် ပြန်မရောက်လာသေးသည့် ရေလုပ်သားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်နန်းအေး ကပြောသည်။

အဆိုပါ ရေးမြို့နယ်အတွင်းရှိ ပင်လယ်တစ်နေရာတွင် ရေလုပ်ငန်းလုပ်ကိုင်နေကြသည့် လူပေါင်း ၃၀-ကျော်အား တစ်လလျှင် ၃-သိန်းကျပ် သို့မဟုတ် ၄-သိန်းကျပ်လုပ်အားခရရှိမည်ဟုဆြိုကာ ပြည်မြို့နယ်အတွင်းမှ ဒေသခံ ၃၀-ကျော်အားခေါ်ဆောင်သွားခဲ့ပြီး ၄-လခန့်ကြာသည့်အချိန်အထိ ကျန်ရစ်နေခဲ့သည့် မိသားစုများနှင့်အဆက်အသွယ်ဖြတ်တောက်ထားခြင်းခံရပြီး ကြားကပွဲစားတစ်ချို့မှ ငွေကိုအလွဲသုံးစားလုပ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး အမှန်တစ်ကယ်ရရှိသည့်လစာငွေမှာ ၃-သောင်း ၄-သောင်းခန့်ပဲရရှိနေမှုများကြောင့် ပြည်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ လူကုန်ကူးမှု အမှုဖြင့် ဒေသခံကျန်ရစ်ခဲ့သူမိသားစုများမှ သွားေ၇ာက်အမှုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အခုထိတစ်ယောက်ကျန်နေသေးတာကိုလဲမဆောင်ရွက်မပေးနိုင်ကြဘူး၊ကလေးသူငယ်အမှု()မှုကိုလဲမ လုပ်ပေးနိုင်ဘူး၊နောက်ပြီး၊ရေလုပ်သားတွေကမ်းပေါ်ရောက်တော့၊ဘာလို့အမှုမဖွင့်တာလဲဆိုပြီး၊အပြစ်တင်တဲ့လေသံတွေနဲ့ပြောတယ်၊တကယ်က ရေလုပ်သားတွေက၊သူတို့ကိုခေါင်းပုံဖြတ်သူတွေ၊အလုပ်ရှင်တွေရဲ့ ရှေ့မှာဘယ်သူမှအမှန်တရားကိုထွက်ဆိုရဲမှာမဟုတ်ဘူး၊နောက်ပြီး၊အလုပ်ရှင်နဲ့ညှိဖို့ချည်းပဲဖိအားပေးပြောဆိုနေတယ်။”ဟု ILO-သို့တိုင်ကြားပေးခဲ့သူ HRDP-လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဦးဇော်ထွန်း ပြောသည်။

၎င်းကိစ္စများ နှင့်ပတ်သက်ပြီး ဒေသခံမိသားစုတွေမှ ဆန္ဒထုတ်ဖော်မှု ၂-ကြိမ်ပြုလုပ်ခဲ့ပြီး ILO-သို့တိုင်ကြားစာများပေးပို့ခဲ့သည်အထိဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။အဆိုပါ ပြည်မြို့နယ်အတွင်းမှ ရေးမြို့သို့ ရေလုပ်ငန်းသွားရောက်လုပ်ကိုင်ရန် ခေါ်ဆောင်သွားခံရသူ ၃၀-ဦးထဲမှ ပထမဆုံး နှစ်ဦးခန့်ပြန်လည်ရောက်ရှိလာပြီး ထပ်မံအမှုဖွင့်တိုင်တန်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

(၂၉-၃-၂၀၁၆) ရက်နေ့တွင် (ပ) / ၂၀၁၆ ၊ လူကုန်ကူးပုဒ်မ- ၂၅ နဲ့အမှုဖွင့်ထားတာရှိပါတယ်။ ရေလုပ်သား ၃၂-ဦးထဲမှာ အမှုဖွင့်တိုင်ကြားသူက ၄-ဦးခန့်ပဲရှိတယ်။အဲဒိ ၄-အမှုလာဖွင့်တဲ့ ၄-ဦးအတွက်ပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူ(၃၀)ကျော်ကကျွန်တော်တို့ဆီမှာဘယ်သူကမှလာရောက်တိုင်ကြားတာမရှိတဲ့အတွက်၊ဆောင်ရွက်ပေးဖို့မရှိပါဘူး၊သေဆုံးသူ()ယောက်မှာလဲ တစ်ယောက်ကပဲတိုင်ကြားထားလို့သူ့အတွက်ကိုအမှု့ဖွင့်ဆောင်ရွက်နေပါတယ်၊နောက်လူကုန်ကူးခံရတဲ့အထဲမှာလည်း မောင်စိုးသူ ကအမှုဖွင့်ထားတာကြောင့် သူ့အတွက် () ၂၁/၂၀၁၆ လူကုန်ကူးပုဒ်မ(၂၅)နဲ့အမှုဖွင့်ထားပါတယ်။”ဟု ရေးမြို့နယ် မြို့မရဲစခန်း ဒု-စခန်းမှူး ရဲအုပ်-ကျော်သက်ခိုင် ကပြောသည်။

အဆိုပါ လူကုန်ကူးမှုကုန်ရသည့်အမှုဖြင့် အမှုဖွင့်လစ်ထားသည့် ရေးမြို့နယ်အတါင်းတစ်နေရာရှိ ပင်လယ်ရေလုပ်သား ၃၀-ကျော်အား ပြီးခဲ့သည့် ဇန်န၀ါရီလ ၅-ရက်နေ့တွင် ILO-ရုံးသို့တိုင်ကြားထားခဲ့ပြီး ဇန်န၀ါရီ ၂၁-ရက်နေ့တွင်တစ်ကြိမ် ဖေဖော်ဝါရီ ၁၀-ရက်နေ့တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ပြည်မြို့ပေါ်တွင် ရေလုပ်သားများ လူကုန်ကူးခံရမှု အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရန် ဆန္ဒထုတ်ဖော်ခဲ့မှုများပြုလုပ်ခဲ့ကြပြီး ၄င်းဆန္ဒထုတ်ဖော်မှုနှစ်ကြိမ် နှင့် ILO-ရုံးသို့ တိုင်ကြားထားမှုနှင့် အဖက်ဖက်ကကူညီပေးသူများကြောင့် ရေလုပ်သား ၃၂-ဦးပြန်လည်လွတ်မြောက်ရောက်ရှိလာခဲ့ရာ ၂-ဦးမှာအသတ်ခံရကြောင်းသိရပြီး နောက်ထပ် တစ်ဦးမှာ ယနေ့အချိန်အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေသောကြောင့် ဒေသခံများ နှင့် မိသားဝင်စုဝင်များမှ ဆိုးရိမ်ပှုပန်မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)
၀၉၂၅၃၃၁၁၀၁၉



0 comments:

Post a Comment

Facebook Like Page