Thursday, April 28, 2016

ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံတင်ပြတိုင်ကြားထာားသည့် ဖြစ်ရပ်ကိစ္စနှင့်ပတ်သက်၍ ဦးတိုးအောင် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်

Leave a Comment




ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံတင်ပြတိုင်ကြားထာားသည့် ဖြစ်ရပ်ကိစ္စနှင့်ပတ်သက်၍ ဦးတိုးအောင် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ အမှတ်(၄)သိမ်လမ်း ဆံတော်ရပ် နေထိုင်သူ ဦးတိုးအောင် နှင့် ဇနီး ဒေါ်ခင်ဝင်း တို့အပေါ်ဦးသန်းဌေး မှ  ပြည်မြို့မရဲစခန်းတွင်  ပ/၂၈၅ ပုဒ်မ ၄၄၈/၄၂၇ တို့အား မဟုတ်မမှန် လီဆယ်လုပ်ကြံဖန်တီးတိုင်ကြားထားခြင်းအပေါ် ဦးတိုးအောင် မှ သတင်းစာရှင်းလင်းပွဲတစ်ခုအား ပြည်မြို့ ရွှေသာလျှောင်းလမ်း ဆံတော်ရပ် အောင်ပွဲဝင်ခန်းမတွင် ၂၈-၄-၂၀၁၆ ရက်နေ့ နံနက် ၉-နာရီမှ ၁၂-နာရီအချိန်အထိ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်မြို့မရဲစခန်း ဒု-စခန်းမှူး ရဲအုပ်ဇင်မင်းဦး၊ဆံတော်ရပ်ကွက် ရာအိမ်မှူး ဦးတင်ဝင်း နှင့် ဦးတိုးအောင် တို့အား မဟုတ်မမှန်သတင်းပေး တိုင်ကြားသူ ဦးသန်းဌေးတို့အပေါ် အရေးယူပေးပါရန် ၂၁.၄.၂၀၁၆ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံသို့ တင်ပြတိုင်ကြားထားသည့်ဖြစ်ရပ်ကိစ္စအကြောင်းအရာ နှင့်ပတ်သက်၍ ဦးတိုးအောင် မှ သတင်းစားရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။

၎င်းဖြစ်စဉ်အကျဉ်းမှာ ပြီးခဲ့သည့် ၃.၄.၂၀၁၆ ရက်နေ့ နံနက်တွင် ဦးတိုးအောင် နေအိမ်ရှေ့ပိုင်းတစ်နေရာအား အလျား-၁၀-ပေ အမြင့် ၆-ပေရှိ ဇလီသပ်အား မှုလအဟောင်းနေရာအတိုင်း အသစ်ပြန်လည်တပ်ဆင် ကာရံခဲ့ရာမှ စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရသည်။ ၄င်းကိစ္စအား ဦးသန်းဌေး ဘေးချင်းကပ်နေအိမ်နေထိုင်သူမှ ဆက်လက်မကာရံတားမြစ်နေသော်လည်း နဂိုမှုလအဟောင်းအတိုင်းပြန်လည်တပ်ဆင်ခြင်းဖြစ်သဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ရာမှ ပြည်မြို့မရဲစခန်းမှ ရဲအုပ်သောင်းထွေး နှင့် ရဲတပ်သားတစ်ဦးစတင်လာရောက်စစ်ဆေးခြင်းများဖြစ်ပေါ်လာရာမှ ထိုနောက်ပိုင်း တစ်ဘက်နေအိမ်မှ ဦးသန်းဌေးတို့မှ ဦးတိုးအောင်အပေါ်ဖွင့်လှစ်သည့်အမှုကိစ္စများထဲ သက်သေအနေဖြင့် ဦးတင်ဝင်း ဆိုသူအား အမြဲခေါ်ယူထည့်သွင်းထားခြင်း၊ဦးတိုးအောင်တို့နေအိမ်ဘက်မှ ဂဟေဆော်သည်ကို အကြောင်းပြု၍ တစ်ဘက်နေအိမ်မှ မီးလောင်ကွက်(၃)ကွက်အား တွေ့တယ်ဟုဆိုကာ ပြောဆိုခဲ့ခြင်းများကိစ္စနှင့် ပတ်သက်ပြီး  သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး မှ စုံစမ်းစစ်ဆေးဖော်ထုတ်ပေးရန်နှင့် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းမှာ ဦးတိုးအောင်မှ မိမိကိုယ်ကျိုးစီးပွား မာန်မာနနှင့် ပြုလုပ်ရခြင်းမျိုးမဟုတ်ပဲ ဦးတိုးအောင်ကဲ့သို့ အမှန်တစ်ကယ်နစ်နာနေကြသည့် ပြည်သူများရှိနေကြောင်း ယခုကဲ့သို့ ပြည်သူများထပ်မံနစ်နာမမှုမရှိစေရန် အမှန်တရားပေါ်ပေါက်စေရန် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

သတင်းဓါတ်ပုံနှင့်စာရွက်စာတမ်းများ
ပြည်သတင်းလူငယ်(ပြည်သတင်း) ၀၉၂၅၃၃၁၁၀၁၉- နှင့် ပြည့်သဲမောင်(ပြည်)-ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ ၀၉-၄၂၃၆၇၁၈၈၃















0 comments:

Post a Comment

Facebook Like Page