မြန်မာနှင်.ယမကာယဉ်ကျေးမှု
သရ၀ဏ်(ပြည်)
ပြီးခဲ.သော ဧပြီလ ၂ ရက်နေ.က ရွှေတောင်မြို.နယ် ၊ ညောင်စာရေးကျေးရွာအုပ်စု ၊ ဇီးကျွန်းကျေးရွာသို.ကျွန်တော်စာပေဟောပြောပွဲသွားရောက်ဟောပြောခဲ.ရပါသည် ။ အတူတကွဟောပြောရသူများမှာ ဆရာမ စမ်းစမ်းနွဲ.(သာယာဝတီ )နှင်.ဆရာချစ်နိုင်(စိတ်ပညာ)တို.ဖြစ်ကြသည် ။ ဆရာချစ်နိုင်(စိတ်ပညာ)ကို ညောင်စာရေးအသင်း(ရန်ကုန်) ၏ဥက္ကဌဖြစ်သူကဖိတ်ကြားခြင်းဖြစ်ပြီး ၊ကျွန်တော်နှင်. ဆရာမစမ်းစမ်းနွဲ.(သာယာဝတီ)ကို ဇီးကျွန်းရွာခံဖြစ်သူ ကိုညီညီအောင် (မိုးမေတ္တာ လူမှုကူညီရေးအသင်း -ပြည်မြို. ) ကဖိတ်ကြားခြင်းဖြစ်သည် ။ စာပေဟောပြောပွဲတခုမှာပင် စီစဉ်သူနှစ်ယောက်က မတူညီသောစာရေးဆရာများကိုဖိတ်ကြားခြင်းဖြစ်သည် ။ ထိုရွာကလေးသည် ဧရာဝတီမြစ်ကမ်းနဖူးတွင်တည်ရှိသော ရွာကလေးဖြစ်ပါသည် ။ ပြီးခဲ.သော မိုးတွင်းက ရေကြီးသော ဘေးဒုက္ခကြုံစဉ်က မြစ်ကမ်းအလည်မှရေလည်ကျွန်းရွာကလေးသို. ဆန်နှင်.အစားအစာများလာလှူစဉ်က ဤရွာကလေးသို.ကျွန်တော်ရောက်ဖူးသည် ။ကျွန်တော်တို.ပါလာသော ကားကိုဤရွာမှာပင်ထားခဲ.၍ စက်လှေများဖြင်. မြစ်လည်မှရွာကလေးသို.သွားရောက်ခဲ.သည်မှာ လွန်ခဲ.သော ရှစ်လခန်.ကဖြစ်သည် ။ ထိုစဉ်ကမြန်မာတပြည်လုံးရေဘေးဒုက္ခကြုံနေခဲ.ရချိန်ဖြစ်သည် ။ ယခုသော်ရွာကလေးမှာခြောက်ခြောက်သွေ.သွေ. ။ စာပေဟောရမည်.နေရာမှာ ထူးထူးခြားခြား သဲသောင်ပြင်ကြီးပေါ်မှာဖြစ်သည် ။ ရွာအပြင်မြစ်ကမ်းနဖူးတွင် မိုင်ဝက်ခန်. ကျယ်ပြန်.သော သဲသောင်ပြင်ကြီးရှိသည် ။ ထိုသဲသောင်ပြင်ကြီးပေါ်တွင် စင်ထိုး၍ စာပေဟောပြောပွဲ ပြုလုပ်ကြခြင်းဖြစ်သည် ။ ပထမအကြိမ်စာပေဟောပြောပွဲဖြစ်သည် ။ ကျွန်တော်တို.အတွက်လည်း သောင်ပြင်တွင်ပထမဆုံးဟောဖူးသော ပွဲဖြစ်သည် ။ စာပေဟောပြောပွဲပြီးလျှင် ပြည်မြို.မှ ငှားရမ်းထားသော ရင်ခွင်ဦးတေးဂီတမှဖျော်ဖြေမည်ဖြစ်သဖြင်. ဂီတဖျော်ဖြေပွဲတန်ခိုးဖြင်. ကလေးများ လူငယ်များတရုံးရုံးဖြစ်နေကြသည် ။ စာပေဟောပြောပွဲသို.လာရောက်နားထောင်ကြသော သက်လတ်ပိုင်း ၊သက်ကြီးပိုင်းပရိသတ်များလည်း အတော်အသင်.စည်စည်ကားကားဖြစ်နေသည် ။ ညချမ်းအချိန်သောင်ပြင်ပေါ်တွင် လေတဖြူးဖြူးဖြင်. ဟောရသော ဟောပြောပွဲဖြစ်သဖြင်. အတော်ကိုအဆင်ပြေပါပေသည် ။ လေကောင်းလေသန်.ရသည် ၊ အေးအေးချမ်းချမ်း၇ှိသည် ။ ကုလားထိုင်များချထားသည်.အပြင် သောင်ပြင်မှာဖြူလွလွသဲမြေသန်.သန်.များကြောင်. ထိုင်ချင်ထိုင် ထချင်ထ အလွန်အဆင်ပြေပါသည် ။
ဟောပြောပွဲထုံးစံအတိုင်း ညနေခြောက်နာရီပွဲစမည်ဆိုသော်လည်း မစနိုင် ။
ဟိုလူ.စောင်. သည်လူ.စောင်. ၊ ဟိုလူက ဧည်.ခံစကားပြော
၊သည်လူကကျေးဇူးတင်စကားပြောဖြင်. ညရှစ်နာရီခွဲမှဆရာ ချစ်နိုင်(စိတ်ပညာ)
စင်ပေါ်သို.တက်ရသည် ။ထိုအခါကျွန်တော်သည် ထိုင်ရတာညောင်းညာလာပြီဖြစ်သဖြင်.
သောင်ပြင်
ကြီးတ၀ိုက်အညောင်းပြေလမ်းလျှောက်ရင်းပါတ်ဝန်းကျင်လေ.လာရေးလုပ်ရသည် ။
စာပေဟောပြောပွဲ ကျင်းပသောစင်နှင်.မလှမ်းမကမ်းတွင် ရွာထဲမှလာထွက်သော
မုန်.ဆိုင် နှစ်ဆိုင်သုံးဆိုင်တွေ.ရသည် ။ဒါလည်းထူးဆန်းသောကိစ္စမဟုတ် ၊
ရွာတိုင်းတွင် စာပေဟောပြောပွဲ၌ မုန်.ဟင်းခါးဆိုင် ၊ကွမ်းယာဆိုင်
၊အကြော်ဆိုင်တို. တွေ.ရတတ်စမြဲဖြစ် သည် ။
အချို.ရွာများဆိုလျှင်ပွဲဈေးတန်းလေးလိုပင်ဖြစ်နေတတ်ကြသည်
။ချစ်စရာတောဓလေ.ဖြစ်သည် ။ ဤရွာတွင်လည်း ကွမ်းယာဆိုင်တဆိုင်
၊အအေးဆိုင်တဆိုင် နှင်. စားစရာရောင်းသောခေါက်ဆွဲဆိုင်တဆိုင်တွေ.ရသည် ။
ခေါက်ဆွဲဆိုင်ကိုသေသေချာချာကြည်.လိုက်တော. ကျွန်တော်အံ.သြသွားသည် ။
ထိုဆိုင်သည် ခေါက်ဆွဲ နှင်.အခြားစားစရာများကို အဖြစ်လောက်သာစတိရောင်းချပြီး
အရက်ပုလင်းများကိုစားပွဲပေါ်တွင်ခင်းကျင်းကာ
အရက်သေစာများဗြောင်ရောင်းချနေခြင်းကြောင်.ဖြစ်သည် ။ ယစ်မျိုးဥပဒေအရ
အရက်သေစာများကို လိုင်စင်ယူ၍ရောင်းချလျှင်သော်မှ
သူ.သတ်မှတ်နေရာများတွင်သာရောင်းချရမည်ဖြစ်သည် ။ အကယ်၍ လိုင်စင်မ၇ှိပဲ
တိုးတိုးတိတ်တိတ် ( အရက်ပုန်း ) ရောင်းချမည်ဆိုပါကလည်း
သိသာသိစေမမြင်စေနဲ.ဆိုသော မြန်မာစကားပုံလို လူမသိသူမသိ (
သောက်တတ်စားတတ်သူအချင်းချင်းသာ သိသော ) နေရာတခုတွင်
လျို.၀ှက်စွာရောင်းချကြစမြဲပင်ဖြစ်သည် ။ ကျွန်တော်သည်
မြန်မာပြည်တလွှားစာပေဟောပြောပွဲများစွာလိုက်လံဟောကြားခဲ.သည်ဖြစ်ရာ
ဤရွာမှာကဲ.သို. စာပေဟောပြောပွဲတွင် အရက်ဆိုင်လာဖွင်.သော
ဟောပြောပွဲတော.မကြုံဖူးပါ ။ နဂိုထဲကအရက်ဆိုင်ရှိနေသောနေရာအနီးတွင်
နေရာအခက်အခဲအရ စင်ထိုး၍ ဟောပြောရသည်တော.ကြုံဖူးပါသည် ။ သို.သော်
ဤဟောပြောပွဲကဲ.သို. စာပေဟောပြောပွဲတွင် တပျော်တပါးအရက်တည်ခင်းရောင်းချသော
ပွဲမျိုးကိုကား ယခုပထမဆုံးအကြိမ်ကြုံတွေ.ဖူးခြင်းဖြစ်သည် ။
ကျွန်တော်သည် အရက်မသောက်တတ်ပါ ။သို.သော် အရက်ဆန်.ကျင်ရေးသမားတယောက်မဟုတ်ပါ ။ မည်သူမဆိုကိုယ်ကြိုက်လျှင်သောက်ခွင်.ရှိပါသည် ။ သို.သော် အရက်ရောင်းချပုံကိုတော.ပြောစရာရှိပါသည် ။ စာပေဟောပြောပွဲတွင် အရက်ဆိုင်တွဲဖက်၍ပါလာခြင်းသည် မည်သို.မျှမသင်.တော်ပါ ။ စာရေးဆရာများထဲတွင် အရက်သောက်တတ်သူစာရေးဆရာပါချင်ပါပါမည် ။ မသောက်တတ်သူလဲပါချင်ပါပါမည် ။ သို.သော် စာပေဟောပြောပွဲနှင်. အရက်ဆိုင်တည်ခင်းရောင်းချခြင်းမှာမူမည်သို.မျှမဖြစ်သင်.သောကိစ္စဟုထင်ပါသည် ။ လူငယ်တို.၏အနာဂါတ် ၊ စာပေနှင်.ယဉ်ကျေးမှုအကြောင်း ၊ ဘ၀ရည်မှန်းချက် အကြောင်းဟောပြောနေသောနေရာတွင် အရက်ဆိုင်လာ၍ဖွင်.ခြင်းသည် ဟောပြောသူဆရာများကိုရော ၊စာပေဟောပြောပွဲလာရောက်သူများကိုရော စော်ကားသည်.လုပ်ရပ်ဟုသာခံစားရပါသည် ။ ထိုသို.ရောင်းနေနိုင်အောင်ကျေးရွာအုပ်ချုပ်ရေးမှူး ၊ ကျေးရွာရဲကင်းမှ ရဲတပ်ဖွဲ.၀င်များ ကိုဘယ်လိုအကြောင်းပြချက်ဖြင်.စည်းရုံးထားသည်ကားမသိရပါ ။ ပွဲခင်းကိုတပါတ်ပါတ်ကြည်.ပြီး ကိုယ်.နေရာကိုယ်ပြန်ထိုင်သောအခါ အံတီစမ်း ( စမ်းစမ်းနွဲ.-သာယာဝတီ) က ပွစိပွစိဖြင်. သူ.ကိုယ်သူပြောသလိုလိုဖြင်.မကြေမနပ်ပြောနေသဖြင်. အံတီစမ်းဘာဖြစ်နေလို.လဲဟုမေးကြည်.ရာ အံတီစမ်းမကြေမနပ်ပြောနေခြင်းမှာအခြားမဟုတ် ။ အရပ်ဝတ်ဖြင်. လူတယောက်ရောက်လာကာ စာရေးဆရာများ၏ အမည် ၊ မှတ်ပုံတင်အမှတ် ၊ ပါဝင်ကိုယ်စားပြုနေသည်.အဖွဲ.အစည်း စသည်များကိုမေးမြန်းနေကြောင်း ၊ မေးမြန်းသူမှာ ရဲတပ်ဖွဲ.တဦးဖြစ်သည်ဟု ရွာသားများကပြောမှသိရကြောင်း ၊ ရဲတပ်ဖွဲ.ယူနီဖောင်းလဲဝတ်မထားကြောင်း ပြောပြပါသည် ။ ကျွန်တော်.ကိုလဲလာရောက်မေးမြန်းရာ ကျွန်တော်က ကျွန်တော်တို.အားလုံး ဤဟောပြောပွဲဖြစ်မြောက်ရေးအတွက် မြို.နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင်. ၊ခရိုင်ထွေအုပ်ရုံးများသို. စာရေးဆရာများ၏ကိုယ်ရေးမှတ်တမ်းများနှင်.အတူ ဟောပြောပွဲခွင်.ပြုမိန်.ပါမစ်တင်ထားပြီးဖြစ်ကြောင်း ၊ ကျွန်တော်တို.အကြောင်းသိလိုလျှင် ထိုထွေအုပ်ရုံးသို.ဖြစ်စေ ၊ပွဲစီစဉ်သူ ကိုဖြစ်စေမေးမြန်းစေလိုကြောင်းပြောပြလိုက်ပါသည် ။ ထို.နောက် ရဲဆိုသူလည်းပေါ်မလာတော.ပါ ။
ကျွန်တော်ဟောပြောရမည်.အလှည်.သို.ရောက်သောအခါ စာပေဟောပြောပွဲနှင်.အတူ အရက်ပါတွဲရောင်းသောဟောပြောပွဲကိုပထမဆုံးကြုံဖူးခြင်းဖြစ်ကြောင်း ၊ ပြည်သူ.ရဲတို.သည် စာရေးဆရာများ၏နာမည် နှင်. အဖွဲ.အစည်းများကို လာရောက်မေးမြန်းကြမည်.အစား အရက်သေစာရောင်းချသူများကိုသာ စိစစ်အရေးယူသင်.ကြောင်းထည်.သွင်းဟောပြောကြရာ ရွာသူရွာသားများကလက်ခုပ်လက်ဝါးတီး၍အားပေးကြပါသည် ။ ဤသို.အရက်ရောင်းချနေခြင်းမှာ ရွာသူရွာသားတို.၏သဘောဆန္ဒမဟုတ်ကြောင်းထင်ရှားပါသည် ။ ကျွန်တော်လည်းအရက်သောက်နေသူများကိုဆန်.ကျင်ခြင်းမဟုတ်ကြောင်း ၊သို.သော် ကလေးသူငယ်များ ၊ မိန်းမပျိုများပါရှိနေသောနေရာတွင် အရက်ရောင်းချခြင်း ၊ ၀ိုင်းဖွဲ. သောက်စားကြခြင်းကိုသာဝေဖန်နေခြင်းဖြစ်ကြောင်း ပြောခဲ.ပါသည် ။ အကယ်စင်စစ် အရက်သောက်ခြင်းသည် တကမ္ဘာလုံးတွင် ပြုမူကြသောအလေ.အထဖြစ်ပါသည် ။ သို.သော် မြန်မာနိုင်ငံလောက်အရက်ကိုစည်းမဲ.ကမ်းမဲ.ရောင်းချသောနိုင်ငံ ကမ္ဘာတွင် ရှိမည်မထင်ပါ ။ နိုင်ငံအများစုတွင် အသက်ဆယ်.ရှစ်နှစ်မပြည်.သေးသူများအရက်ဝယ်ယူခွင်.မရှိပါ ။ဆိုင်မှရောင်းချမပေးပါ ။ ဖခင်အရက်သောက်ရန် လူမမယ် ကလေးသူငယ်ကသွားဝယ်၍မရပါ ။ မြန်မာနိုင်ငံမှာရပါသည် ။ စင်္ကာပူတွင် ညဆယ်နာရီကျော်ပါက မည်သည်.ဆိုင်မှာမှအရက်ရောင်းချပေးခြင်းမပြုတော.ပါ ။ ညဆယ်နာရီကျော်လျှင် အများပြည်သူ နှင်.သက်ဆိုင်သောနေရာများ(ပန်းခြံ ၊ လမ်းဘေး စသည်.နေရာများ)တွင် အရက်သောက်စားခြင်းပင်ခွင်.မပြုပါ ။ ကိုယ်.အိမ်မှာ ၊ စားသောက်ဆိုင်၊ဘားခန်း အတွင်းမှာ ပဲသောက်သုံးခွင်.ရှိပါသည်။အမေရိကန်နှင်.အင်္ဂလန်တွင် အရက်ဆိုင်များ၌ အမူးလွန်နေသူများကို နောက်ထပ်အရက်ရောင်းမပေးဖို. ၀န်ထမ်းများတွင်ဥပဒေအရငြင်းပိုင်ခွင်.ရှိပါသည် ။ အရက်မူးပြီးကားမောင်းသူများကိုဥပဒေအရဖမ်းဆီးအပြစ်ပေးပါသည် ။ အမေရိကန်နိုင်ငံတွင် သမ္မတကလင်တန်၏သမီးများအသက်မပြည်.သေးပဲ အရက်ဝယ်ယူသဖြင်. ဥပဒေနှင်.အညီအရေးယူအပြစ်ပေးခံရပါသည် ။သူတို.နိုင်ငံတွင် သမ္မတ၏သမီးပဲဖြစ်ဖြစ် ဥပဒေသည် ဥပဒေသာဖြစ်၍တိတိကျကျကိုင်တွယ်ကြပါသည် ။
အမေရိကန်နိုင်ငံသူတိုးရစ်ကောင်မလေးတယောက်ကိုကျွန်တော်ဧည်.လမ်းညွှန်အဖြစ်လိုက်ပါဆောင်ရွက်ဖူးပါသည် ။ သူသည် မိဘအုပ်ထိမ်းသူမပါပဲတယောက်ထဲမြန်မာပြည်သို.လာရောက်ခြင်းဖြစ်သည် ။သူ.အသက်မှာထိုစဉ်က ၁၇ နှစ်ပဲရှိသေးသည် ။ သူသည် အမေရိကန်ဖြစ်၍လူကောင်ကတော.ထွားပါသည် ။ မျက်နှာကတော.နုပါသည် ။ သူသည်မြန်မာနိုင်ငံ၌ရှိစဉ် ညစာစားတိုင်းဝမ်းသာအားရ အရက်များသောက်လေ.ရှိပါသည် ။ ဘာကြောင်. နေ.တိုင်းအရက်များကိုဝမ်းသာအားရသောက်နေသနည်းဟုကျွန်တော်ကမေးရာ သူတို.နိုင်ငံတွင် သူ.အသက်ဖြင်. မြန်မာနိုင်ငံမှာလို အရက်ဝယ်သောက်၍မရကြောင်း ၁၈ နှစ်မပြည်.သေးသဖြင်. အရက်သောက်ခွင်.မရှိကြောင်း ၊ဘယ်ဆိုင်ကမှမရောင်းကြကြောင်း ၊ မြန်မာပြည်မှာတော.ထိုသို.ကန်.သတ်မထားသဖြင်. အမေရိကသို.မပြန်မီအားရအောင်သောက်နေခြင်းဖြစ်ပါကြောင်းပြန်ဖြေပေ၏ ။ အမေရိကန်မလေးအတွက် ၀မ်းသာသော်လည်း မြန်မာ ပြည်အတွက်မူဝမ်းနည်းဖွယ်ဖြစ်ပါ၏ ။ ကျွန်တော်သည်ဧည်.လမ်းညွှန်လုပ်ငန်းကိုလုပ်ကိုင်သောကြောင်.နိုင်ငံခြားသားများနှင်.အတူသွားလာစားသေက်ရရာတွင် သူတို.အရက်သောက်ပုံကို အနီးကပ်ကြည်.ရှုလေ.လာဖူးပါသည် ။ ကျွန်တော်၏ဧည်.လမ်းညွှန်လုပ်သက် ၂၁ နှစ်အတွင်းတွေ.မြင်ဖူးသမျှတွင် နိုင်ငံခြားသားများ ( အထူးသဖြင်.အနောက်တိုင်းသားများ ) သည် အရက်သောက်ရာတွင်အလွန်စည်းကမ်းရှိပါသည် ။ ၂၁ နှစ်အတွင်း အရက်မူး၍ မဟန်နိုင်အောင်ဖြစ်သော တိုးရစ်ဟူ၍ တယောက်သာမြင်ဖူးပါသည် ။ ထိုသူသည် အင်းလေးကန်အနီးညောင်ရွေမြို. တူးမြောင်း ဘေးတွင်ရှိသောစားသောက်ဆိုင်တွင် ဘီယာနှင်.၀ိုင်များတနေကုန်ထိုင်သောက်နေပြီး ဟိုတယ်သို.ပြန်ရန် စက်လှေပေါ်သို.တက်သောအခါ မဟန်နိုင်ပဲရေထဲသို.ပြုတ်ကျသွားရာ ကျန်တိုးရစ်အယောက်နှစ်ဆယ်ခန်.ကရယ်မောပြီး သူတို.လူကို ရေထဲမှဆွဲတင်ကြပါသည် ။ ထိုတခါသာ အနောက်တိုင်းသားများမူးယစ်အောင်အရက်သောက်သည်ကိုမြင်ဖူးပြီးများသောအားဖြင်. သူတို.အရက်မူးနေခြင်းကိုမမြင်ဖူးပါ ။ နိုင်ငံခြားသားများသည်များသောအားဖြင်. ညစာမစားမီအရက်သောက်လေ.မရှိပဲ ဒင်နာစားပြီးသောအခါမှ ဘားကောင်တာသို. ကူးကာ အရက်အနည်းငယ်သောက်ကာ စကားများများပြောကြပါသည် ။ အရက်ကိုစကားပြောကောင်းရုံသာကျန်းမာရေးအသိနှင်.ယှဉ်၍သောက်ကြပါသည် ။ မူးလဲသည်အထိ မည်သူမှမသောက်ကြပါ ။ အစာစားပြီးမှအရက်သောက်ကြပြီး အလွန်အကျွံသောက်ခြင်းမရှိပေ ။ ထမင်းစားနေစဉ်မှာတော. ဘီယာလောက်ပဲအများဆုံးသောက်ကြသည် ။ အရက်သောက်ရာတွင်လည်း အရက်တပက် နှစ်ပက်လောက်ကို ဆိုဒါ ၊ ရေ စသည်ဖြင်. ကျကျနနရောစပ်ပြီး အရက်အာနိသင်ကိုဖြေလျှာ.ကြပါသည် ။ အင်္ဂလန်သို.ကျွန်တော်ရောက်ခဲ.စဉ်က အင်္ဂလိပ်အိမ်တိုင်းတွင် ကျကျနနပြင်ဆင်ထားသော အရက်ဘီဒို (အရက်စင်)ကိုအိမ်တိုင်းနီးပါးတွင်တွေ.ရပါသည် ။ အထူးသဖြင်. အိမ်ကိုဧည်.သည်လာသောအခါ ဧည်.ခံရန်ပြင်ဆင်ထားခြင်းဖြစ်ပါသည် ။ အရက်စင်တွင် ဘရန်ဒီ ၊၀ီစကီ ၊ ၀ိုင် စသည်ဖြင်. ယမကာအမျိုးမျိုးရှိပါသည် ။အရက်ဖန်ခွက်အမျိုးမျိုးလည်းရှိပါသည် ။ သို.သော် ဧည်.သည်လာ၍သောက်သည်ဖြစ်စေ ၊မိမိဘာသာတဦးတည်းသောက်သည်ဖြစ်စေ မိမိသောက်နိုင်သည်. ရေချိန်လောက်သာ အနည်းငယ် စားကောင်းသောက်ကောင်းအောင်တပက် နှစ်ပက်သောက်ပြီး ပိုသော အရက်များကို အဖုံးပိတ်ကာ ပုလင်းကိုပြန်သိမ်းထားပါသည် ။ ကျွန်တော်တို.မြန်မာများအရက်သောက်သည်မှာ ပုလင်းကိုဖွင်.လိုက်သည်နှင်. ထိုပုလင်းထဲမှအရက်များမကုန်မချင်းသောက်ရမည်ဟု သံဓိဌာန်ချ ၊သတ်မှတ်ထားသည်.အလား ပုလင်းပြောင်ကျသွားသည်အထိဝိုင်းဝန်းသောက်ကြပါသည် ။ တခါတရံတပုလင်းကုန်လျှင်နောက်တပုလင်းထပ်မှာကြပါသည် ။ အင်္ဂလိပ်အမေရိကန်များသည် လူတယောက်မသောက်လိုတော.လျှင် ဘယ်သူကမျှ ထပ်ယူပါဦးတို. ၊ ငါ.ကိုခင်ရင်ဒီတခွက်တော.ချလိုက်ပါတို. ၊ ယောက်ျားမဟုတ်ဘူးလား တို.ပြောလေ.မရှိပါ ။ ဆိုလိုရင်းမှာ အနောက်တိုင်းသားများသည် အရက်သောက်တတ်ကြသည် မှန်ကန်သော်လည်း စည်းနှင်.ကမ်းနှင်.သောက်ကြခြင်းဖြစ်ပါသည် ။ လူလဲချင်လဲ ၊မလဲလျှင်ပုလင်းလဲရမည်ဟူသော သဘောဖြင်. မသောက်ကြပါ ။ အရက်ကိုအငြိုးတကြီးမသောက်ပါ ။ အရက်ကို လူမြင်ကွင်းတွင် ပစ္စလက်ခတ်မသောက်ပါ ။ အထူးသဖြင်. ကလေးများ ၊ လူငယ်များရှေ.တွင်မသောက်ကြပါ ။ အသက် ၁၈ နှစ်မပြည်.သူကို အရက်မရောင်းပါ ၊စီးကရက်မရောင်းပါ ။ မသင်္ကာလျှင် ကျောင်းသားကဒ် ၊ ယာဉ်မောင်းလိုင်စင် စသည်ဖြင်.တောင်းကြည်.ကြပါသည် ။ လူကြီးလူကောင်းတို.လာရောက်ဟောပြောမည်. ဟောပြောပွဲများ ၊အစည်းအဝေးများ ၊ တွေ.ဆုံပွဲများ တွင် အရက်နှင်.ဧည်.ခံလေ.မရှိပါ ။ ဆိုလိုသည်မှာ အနောက်တိုင်းသားများသည် အရက်ကိုအိမ်တိုင်းနီးပါး ဆောင်ထားတတ်ကြသော်လည်း အလွန်စည်းကမ်းရှိစွာသောက်သုံးကြခြင်းဖြစ်ပါသည် ။
မြန်မာနိုင်ငံရှိတောရွာ အရပ်ဒေသများ တွင် ညနေဘက်နေ၀င်ပြီးမှောင်စပျိုးသည်နှင်. လူငယ်များမှာလုပ်စရာအလုပ်နှစ်မျိုးပဲရှိပါသည် ။ မိန်းကလေးများသည် တီဗီဖွင်.၍ ကိုရီးယားရုပ်သံဇာတ်လမ်းများကို ညနက်သည်အထိကြည်.ရှုကြခြင်းနှင်. ယောက်ကျားလေးများသည် အရက်ဆိုင်များသို.ချီတက်သွားကြပြီးသောက်စားကြခြင်းဖြစ်ပါသည် ။ အချို.မှာ ဆယ်.လေးငါးနှစ်အရွယ် လူမမယ်များပင်ပါဝင်ပါသည် ။ လူငယ်များအတွက် သူတို.ရွာတွင် စိတ်ဝင်စားစရာ အပန်းဖြေစရာဟူ၍ အရက်ဆိုင်သို.သွားခြင်းတခုပဲလုပ်စရာရှိသည်ဟုဆိုကြပါသည် ။ သူတို.ရွာမှာ စာကြည်.တိုက်မရှိပါ ။ ရှိလျှင်လည်း စိတ်ဝင်စားစရာမရှိသောစာအုပ်ဟောင်းများစုပုံထားသည်.ဂိုဒေါင်တခုလိုနေရာသာရှိပါသည် ။ သူတို.ရွာမှာ ရုပ်ရှင်ရုံမရှိပါ ။ သူတို.ရွာမှာ အားကစားရုံ ( Gymnasium ) မရှိပါ ။ သူတို.ရွာမှာဘောလုံးကွင်းကောင်းကောင်းမရှိပါ ။ သူတို.ရွာမှာဘာဖျော်ဖြေရေးမှမရှိပါ ။အရက်သောက်ခြင်းနှင်.ရုပ်မြင်သံကြားကြည်.ခြင်းပဲရှိသည်ဟုလူငယ်များကပြောကြပါသည် ။ မြန်မာနိုင်ငံ၏လူဦးရေ ထက်ဝက်ကျော်သည် တောသူတောင်သားများဖြစ်ကြသည် ။ သူတို.အများစုမှာလူငယ်များဖြစ်သည် ။ သူတို.အများစုသည် အရက်သေစာသောက်စားကြပါသည် ။ အရက်သောက်ခြင်းသည် ကျေးရွာတိုင်း၏ စရိုက်သဘာဝဖြစ်လာနေပါသည် ။ ထို.ကြောင်. မြန်မာလူမျိုး ယောက်ကျားလေးအတော်တော်များများသည် အရက်စွဲကပ်နေသူများဖြစ်လာကြပြီး သောက်ကြသောအရက်တော်တော်များများမှာလည်း စံချိန်စံနှုန်းနှင်.မညီသော မူးရင်ပြီးရောချက်လုပ်ထားသည်. အပေါစားအရက်များဖြစ်သည် ။ အချို.အရပ်ဒေသများတွင် ရေသန်.တဗူးထက် အရက်တပုလင်းကပို၍ဈေးပေါပါသည် ။ ထိုအပေါစားအရက်များကိုသောက်မိသဖြင်. ဖောရှောခေါ်ငယ်ငယ်ရွယ်ရွယ်နှင်.သေရရှာသောသူများမှာလည်းမနည်းပေ ။ ဆိုင်ကယ်နှင်.ကားမတော်တဆ မှုဖြစ်၍သေသူပြီးလျှင် မြန်မာနိုင်ငံတွင် အရက်ကြောင်.သေသော သူမှာ အများဆုံးဖြစ်သည် ။ သေသူအများစုမှာလည်းလူငယ်တွေဖြစ်သည် ။ မြန်မာလူငယ်များတဖွဲဖွဲသေနေသည်မှာအရက်ကြောင်.ဖြစ်သည်။သင်္ကြန်ပွဲတော်တွင် ၀ယ်ယူရအလွယ်ကူဆုံး ၊ လူငယ်များ အားအပေးဆုံးမှာ အရက်ဖြစ်ပါသည် ။ လမ်းဘေးဆိုင်တိုင်းတွင်အချိန်မရွေးအလွယ်တကူ ၀ယ်ယူရရှိပါသည် ။အရက်နည်းတူ စီးကရက်ကိုလည်း လက်ဘက်ရည်ဆိုင်တိုင်းတွင် တလိပ်ချင်းလွယ်ကူစွာဝယ်ယူရရှိပါသည် ။ လူအများ စုဝေးနေကြသော နေရာများတွင် ဘေးလူကိုဂရုမစိုက်ပဲ မီးခိုးခေါင်းတိုင်ဖြစ်အောင်ဖွာနေသောက်နေသော ဆေးလိပ်ကြိုက်သူများကို နေရာအနှံ.တွေ.မြင်နိုင်ပါသည် ။ဆေးလိပ်မသောက်သူများမှာ ထိုလူတွေ၏ဒဏ်ကိုလှိမ်.ခံရပါသည် ။
ဤဆောင်းပါးသည် ဆေးလိပ်ဆန်.ကျင်ရေး ၊အရက်ဆန်.ကျင်ရေးဆောင်းပါးမဟုတ်ပါ ။ သို.သော် အရက်ကိုစနစ်တကျ ဥပဒေပြဌာန်း၍ စည်းကမ်းတကျရောင်းချ သောက်သုံးကြဖို. ရည်ရွယ်လိုရင်းဖြစ်ပါသည် ။ ကျွန်တော်တို.နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်လာပြီဟုဝမ်းသာအားရဆိုကြပါသည် ။ အစိုးရသစ်ထောက်ခံသည်.ပျော်ပွဲရွှင်ပွဲများ ၊ စာပေဟောပြောပွဲများ ကိုပင်နေရာအနှံ.ကျင်းပကြပါသည် ။သို.သော်စာပေဟောပြောပွဲမှာပင်အရက်ရောင်းချသည်.အဆင်.သို.ရောက်လာပါသည် ။ ဒီမိုကရေစီဆိုရာ၌ Right and Duty ဟူသည်. ရပိုင်ခွင်.နှင်.တာဝန်ဟူ၍နှစ်မျိုးရှိပါသည် ။ တာဝန်ဆိုရာ၍လည်း အစိုးရဘက်ကဆောင်ရွက်ရမည်.တာဝန် ၊ နိုင်ငံသားတယောက်ချင်းကစောင်.ထိမ်းလိုက်နာရမည်.တာဝန်ဟူ၍ရှိပါသည် ။ အရက်နှင်.ပါတ်သက်သောတင်းကြပ်သည်.ဥပဒေပြဌာန်းခြင်း ၊ ထိုဥပဒေကို ဥပဒေဘက်တော်သား ( ရဲ ၊ အုပ်ချုပ်ရေးမှူး ၊ တရားသူကြီး ) စသည်များကလိုက်နာစေရေး၊ အရက်ဆိုင်များနေရာတွင်စာကြည်.တိုက်များ ၊အားကစားရုံများ အစားထိုးနိုင်ရေး၊ မြန်မာဗီဒီယိုများတွင် အရက်သောက်သည်.အခန်းများ ပိုးစိုးပက်စက်ရိုက်ပြနေခြင်းကိုတားမြစ်ရေး စသည်တို.သည် နိုင်ငံတော်အစိုးရတာဝန်ဖြစ်သကဲ.သို. ၊ အရက်မရောင်းသင်.သောအရွယ်များကို မရောင်းရေး ၊ မသင်.တော်သောနေရာများတွင်အရက်မရောင်းချရေး ၊ကိုယ်.ပိုက်ဆံနှင်.ကိုယ်သောက်သည်ဆိုသော်လည်း နိုင်ငံကြီးသားပီသစွာ စနစ်တကျ အရက်သောက်ခြင်း ၊တားမြစ်ထားသော ဥပဒေကိုလိုက်နာခြင်းများမှာမူ ပြည်သူလူထုကလိုက်နာရမည်.တာဝန်ဖြစ်ပေသည် ။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်လက်အောက်တွင် လူနေမှုစနစ်ပါပျက်ဆီးခဲ.ပြီးပြီဖြစ်သည် ။ ဒီမိုကရေစီတကယ်လိုချင်သည်ဆိုလျှင် ဒီမိုကရေစီနိုင်ငံကြီးများ၏ အရက်နှင်.ပါတ်သက်သောကောင်းမွန်သည်.ထိမ်းချုပ်မှုစည်းကမ်းများ ကိုအားလုံးကလိုက်နာရမည်ဖြစ်သည်။လွတ်လပ်စွာ အရက်ရောင်းခြင်း ၊လွတ်လပ်စွာအရက်သောက်ခြင်းသည် ဒီမိုကရေစီမဟုတ်ပါကြောင်း တင်ပြလိုက်ရပါသည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၁၇.၄.၂၀၁၆

0 comments:
Post a Comment