Thursday, April 14, 2016

ပြည်သတင်းဖတ်ရှု့သူ စေတနာရှင်များ ကုသိုလ်ရှင်များခင်ဗျာ……

Leave a Comment



ပြည်သတင်းဖတ်ရှု့သူ စေတနာရှင်များ ကုသိုလ်ရှင်များခင်ဗျာ……

 

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပန်းတောင်းမြို့နယ် ရွာသာယာအုပ်စု အတွင်းရှိ သရေခေတ္တရာ သာသနာအစ ဖိုးဦးတောင်မှ ဆိုသည့်ရှေးမင်းပြည်သူအဆက်ဆက်မှ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်လျှောက်လာသည့် မြတ်စွာဘုရား ဗျာဒိတ်တော်ရ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး တောင်တော်မြတ်ပေါ်သို့ အများပြည်သူဘုရားဖူးများ အဆင်ပြေချောမွေ့သွားလာနိုင်၍ အန္တရာယ်ကင်းရှင်းစေရန် ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး တောင်တက်ကားလမ်း ကွန်ကရစ်လမ်းမကြီးခင်းရန်အတွက် အလှူငွေများလိုအပ်လျှက်ရှိနေပါသောကြောင့် ဘုရားဖူးပြည်သူများနှင့် စေတနာရှင်ပြည်သူအများကောင်းမှု့ဖြင့် သဒ္ဒါတရား နည်းများမဆိုပါဝင်နိုင်စေရန် နည်းသည် များသည်ပဓာနာမဟုတ်ပဲ တစ်ကျပ်တစ်ပြားနည်းများမဆိုမှအစ စုပါများတောင်ပို့ကဲ့သို့၎င်း မိမိတို့လှူဒါန်းမှု့စေတနာအဓိကထား၍ လှူဒါန်းနိုင်ပါကြောင်း ဒါနကုသိုလ် နိဗ္ဗာန်လမ်းမကြီးပေါ် အဆင်ပြေချောမွေ့စွာ အနှောင့်ယှက်ကင်းရှင်းစွာ လိုရာခရီးနီးနီးအမြန်ရောက်ရှိစေရန် ပြည်သတင်းမှ တဆင့် နိဗ္ဗာန်အကျိုးမျှော် ကုသိုလ်တော်ပါဝင်နိုင်ပါစေကြောင်း အလေးထားအလှူခံအပ်ပါသည်။

 

၆-လက်မအထူရှိ-အကျယ် ၁၀-ပေxအရှည် ၁၂-ပေခန့်ရှိသည့် ကွန်ကရစ်လမ်းတစ်ကန့်အား တန်ဖိုးငွေ ၁၅၀၀၀၀ိ/(တစ်သိန်းခွဲကျပ်)ကျသင့်မှာဖြစ်ပါသည်။ထို ဖိုးဦးတောင်တက်လမ်း ကွန်ကရစ်လမ်းမကြီးလုပ်ငန်းအား ပြီးခဲ့သည့် ၂၀၁၅-ခုနှစ် ၁၂-လပိုင်းခန့်မှာစတင်အကောင်ထည်ဖော်လျှက်ရှိနေပါသည်။ထိုဖိုးဦးတောင်တက်လမ်း ကွန်ကရစ်လမ်းအရှည်အား ခန့်မှန်း ပေပေါင်း-၁၅၀၀-ခန့်ရှိမည်ဖြစ်ပါသဖြင့် အလှူရှင်များလိုအပ်လျှက်ရှိနေပါသည်။

 

ဆက်သွယ်လှူဒါန်းနိုင်ရန်-

၁။ ဆရာတော် ဘဒ္ဒန္တက၀ိသာရ(ဖိုးဦးတောင် ပဓာန နာယကဆရာတော်)-09-423714420

 

၂။ ဦးလှကြည် (ဖိုးဦးတောင် ဂေါပကအဖွဲ့-ဘဏ္ဍာရေးမှူး)-09-31591630

 

၃။ ဦးမောင်မောင်(ဖိုးဦးတောင် ဂေါပကအဖွဲ့ဝင်)-09-31669530

 

၎။ ဦးချစ်သန်း(ဖိုးဦးတောင် ဂေါပကအဖွဲ့ဝင်)-09-33476498…….တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ရပ်ဝေး ရပ်နီးမှ စေတနာရှင် အလှူ့ရှင် အလှူ့အမ သာသနာ့အကျိုး ဘာသာ့အကျိုးသယ်ပိုးသူ ဓမ္မမိတ်ဆွေ သူတော်စင်မြတ်တို့အား  ပြည်သတင်းအဖွဲ့မှ အလေးထားအလှူခံလိုက်ရပါသည်။

 

ပြည်လည်ဖြန့်ဝေရှယ်ယူခြင်းဖြင့်လည်း ကုသိုလ်ယူကြပါ။

 

ပြည်သတင်းလူငယ်(ပြည်သတင်း)
 









 

0 comments:

Post a Comment

Facebook Like Page