Thursday, March 3, 2016
ကွဲပြားမှုတို့ ပေါင်းဆုံရာ ကမ့်ပိန်း နှင့် စာပေဟောပြောပွဲကျင်းပပြုလုပ်သွားမည်။
ကွဲပြားမှုတို့ ပေါင်းဆုံရာ ကမ့်ပိန်း နှင့် စာပေဟောပြောပွဲကျင်းပပြုလုပ်သွားမည်။
ကွဲပြားမှုတို့ ပေါင်းဆုံရာ ကမ့်ပိန်းအား ၂ ရက်ဆက်တိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုလာမည့် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်မှာ ပြည်မြို့ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာ လက်ဖက်ရည်ဆိုင်မှ ပြည်မြို့တွင်းသို့ ထွက်ခွာ၍ ကမ့်ပိန်းများကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ပြည်မြို့ မြို့သစ် ကားကြီးဂိတ်ဝန်းမှ စတင်ကာ ကမ့်ပိန်းများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ကွဲပြားမှုတို့ပေါင်းဆုံရာ စာပေ အနုပညာ နှင့် ပညာရပ်ဆိုင်ရာ စာပေဟောပြောပွဲအား ဆရာချစ်ဦးညို ဆရာ ဒေါက်တာခင်မောင်ညို ဆရာဇေယျသူ တို့မှ ယခု မတ်လ ၇ ရက်နေ့ ည ၇ နာရီမှ ၁၁ နာရီအထိ ပြည်မြို့ ခေတ္တရာပြည်သူ့ခန်းမကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် ပြည်သတင်းဖတ်ရှုသူုများမှတဆင့် မိမိတို့အပါဝင် မိမိတို့ မိတ်ဆွေ ဆွေမျိုး ညီအကို မောင်နှမ အားလုံးတို့ ပါဝင်ပူးပေါင်းနိုင်ပါကြောင်းနှင့် စာပေဟောပြောပွဲအား တက်ရောက်နိုင်စေရန် အထူးအလေးထား ဖိတ်ကြားအပ်ပါသည်။
ဘာသာမတူ
လူမျိုးမတူ
အတွေးအခေါ်မတူတဲ့
အလှတရားတွေကြားမှာ
ညီညွှတ်မှုအားမာန်ဖြင့်
ငြိမ်းချမ်းသော
နိုင်ငံတော်သစ်ဆီသို့
ချီတက်ကြပါစို့။
ပြည်သတင်းလူငယ်
09253311019
0 comments:
Post a Comment