Monday, February 8, 2016

ပြည်

Leave a Comment


ပြည်မြို့ ကသည်းဈေးအတွင်း မီးတုတ်ပစ်မှုဖြစ်ပွားခဲ့

ပြည် ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက်အတွင်းရှိ ကသည်းဈေးအတွင်း ဖေဖော်ဝါရီ ၈ ရက် နံနက် ၁း၃၀ မိနစ်အချိန်ခန့်က အဆိုပါဈေးအတွင်း မီးတုတ်ပစ်မှုဖြဖစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ကသည်းဈေးသည် နေ့စဉ် နံနက် ၅-နာရီအချိန်ခန့်မှ နေ့လည် ၁၂-နာရီအချိန်ခန့်အထိ ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျှက်ရှိနေပြီး အမည်မသိလူနှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် မီးတုတ်တစ်ချောင်းအား ၄င်းဈေး တောင်ဘက်အပေါက်မှ ဈေးခြံစည်းရိုးအတွင်းသို့ မီးတုတ်ပစ်သွင်းကာ ဆိုင်ကယ်မောင်း၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း အနီးနားနေသူများထံမှသိရသည်။

“ညတိုင်း ကတ္တရာလမ်းမကြီးပေါ်မှာ ကျွန်တော်တို့တွေ ဘောလုံးကန်တယ်။မီးတုတ်ပစ်ခံရတဲ့ညက ကျွန်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီး ည ၁-နာရီလောက်မှာဘောလုံးကန်အပြီး စကားထိုင်ပြောနေချိန် လူတစ်ယောက်က ကသည်းဈေးဘက်ကို လက်ညိုးထိုးပြီး မီးလောင်နေတယ်အော်လို့ သွားကြည့်တော့ မီးကနည်းနည်းလေးလောင်နေတာပဲတွေ့ရတယ်။ဒါနဲ့ ကျွန်တော်တို့အလုပ် လုပ်တဲ့ဆိုင်က လူကြီးတွေသွားနိုးပြီးပြောပြတော့ အားလုံးမီးငြိမ်းသတ်ခဲ့ရတယ်။မီးကလောင်တာအများကြီးမဟုတ်ပါဘူး။အသိစောတာလည်းပါတယ်။မီးက မီးပုံးပျံတွေအောက်မှာချိတ်ဆွဲထားတဲ့ ဖယောင်းမှိုင်းမီး  မီးတုတ်ပါ။ မီးတုတ်ကိုမီးရှို့ပြီးပစ်သွားတဲ့ဆိုင်ကယ်နဲ့လူနှစ်ယောက်ကို လိုက်ဖမ်းတာ မမိလိုက်ဘူး။”ဟု ကသည်းဈေးအနီးနေထိုင်သူ တစ်ဦးကပြောသည်။

အဆိုပါကသည်းဈေးအတွင်းသို့ မီးတုတ်ပစ်၍ ထွက်ပြေးသွားသူနှစ်ဦးအား ရပ်ကွက်နေသူများမှ လိုက်လံရှာဖွေကြသော်လည်း ယခုအချိန်အထိဖမ်းမမိသေးကြောင်းသိရသည်။

“ညက ကသည်းဈေးမှာ မီးလန့်တာ လာရောက်တိုင်ကြားခြင်းမရှိလို့ မသိလိုက်ပါဘူး။”ဟု  ပြည်မြို့ မီးသတ်ဦးစီးဌာန(ဗဟို)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကသည်းဈေး ဈေးခေါင်းကြီးအားသွားရောက်မေးမြန်းခဲ့ရာ ၄င်းအနေဖြင့် ဖြေကြားခွင့်မရှိကြောင်း သိချင်ပါက ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိနှင့်သွားရောက်တွေ့ဆုံရန် ပြည်လည်ဖြေကြားခဲ့ပြီး ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိထံသို့ သွားရောက်ခဲ့ရာ ဈေးအရာရှိမရှိကြောင်း အပြင်ထွက်သွားကြောင်း တာဝန်ရှိသူတစ်ချို့ကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။ ယခုနှစ်အတွင်း  မြန်မာနိုင်ငံနေရာအနှံ့အပြားအတွင်းရှိ ဈေးများတွင် မကြာခဏဆိုသလို မီးလောင်၊မီးလန့်မှုများဖြစ်ပေါ်လျှက်ရှိနေခြင်းကြောင့် ယခုလိုမီးတုတ်ပစ်၍ ထွက်ပြေးသွားသူများလွတ်မြောက်သွားမှုကြောင့် ပြည်မြို့တွင် အလားတူးဖြစ်ရပ်များထပ်မံပေါ်ပေါက်လာမည်ကို ဒေသခံပြည်သူများ စိုးရိမ်လျှက်ရှိနေကြောင်းသိရသည်။

K3(pyay)
09253311019

0 comments:

Post a Comment

Facebook Like Page