Sunday, January 10, 2016

ပည်မြို့နယ်လုံးဆိုင်ရာစာရေးတံမဲအလှူအား ယခုနှစ် သိန်းတစ်ထောင်ကျော်လှူဒါန်းသွားမည်

Leave a Comment



ပြည်မြို့နယ်လုံးဆိုင်ရာစာရေးတံမဲအလှူအား ယခုနှစ် သိန်းတစ်ထောင်ကျော်လှူဒါန်းသွားမည်

 

ပြည် ဇန်န၀ါရီ ၁၀

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်လုံးဆိုင်ရာ သံဃိကဒါနစာရေးတံမဲ အလှူတော်ပွဲကြီးအား ဇန်န၀ါရီ ၁၀ ရရက်နေ့တွင် ပြည်မြို့ ဆံတော်ရပ်ကွက် စာတိုက်တန်းလမ်းအတွင်း ၉၆-ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ စာရေးတံမဲအလှူအား တစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်လျှက်ရှိရာ ပြည်မြို့တွင် အခြားမြို့နယ်များနှင့်မတူအောင် ကြီးကျယ်ခမ်းနားစွာ လှူဒါန်းပြုလုပ်ခဲ့ရာ ယခုနှစ် ၉၆ -ကြိမ်မြောက်တွင် သိန်းပေါင်းတစ်ထာင်ကျော်ခန့် လှူဒါန်းပြုလုပ်သွားမည်ဖြစ်ကြောင်း စာရေးတံမဲအလှူတော်ပွဲ အဖွဲ့များထံမှသိရသည်။

 

“မနှစ်ကထက်စာရင်ကျောင်း ဒီနှစ်မှာ ခုနှစ်ကျောင်းတိုးတယ်။ငွေသားက ပြီးခဲ့တဲ့နှစ်က သိန်းကိုရာကျော်တယ်။ခုနှစ် တစ်ထောင်ကျော်တယ်။မြန်မာနိုင်ငံတစ်ငံလုံးမှာ ဒီကအကြီးကျယ်ဆုံးလုပ်တာပါ။ ခုထိတော့ မှီတဲ့နယ်တွေမြို့တွေမရှိသေးပါဘူး။ ပြည်မြို့နယ်၊၀က်ထီးကန်တိုက်နယ် ပြည်မြို့နယ်အနီးကမြို့တွေအကုန်လာရောက်လှူဒါန်းကြပါတယ်။”ဟု ပြည်မြို့နယ်လုံးဆိုင်ရာစာရေးတံမဲအလှူတော်ပွဲ အဖွဲ့ အတွင်းရေးမှူး ဦးတင်ဌေးအောင် ကပြောသည်။

 

နှစ်စဉ် နတ်တော်လတိုင်းမှာ ယခုကဲ့သို့ ပြည်မြို့နယ်လုံးဆိုင်ရာ စာရေးတံမဲအလှူပွဲအား မြို့သူမြို့သားများ စုပေါင်းကာ အနယ်နယ်အရပ်ရပ် နှင့် ပြည်မြို့ပေါ်ရှိ သံဃာတော်အရှင်မြတ်တို့အားလှူဒါန်းနိုင်ရန်အတွက် အသင်းအဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊အနှေးယဉ်လုပ်သားများ၊ရပ်ကွက်နေပြည်သူများ၊တစ်ဦးချင်းအလှူရှင်များ စသည်ဖြင့် လှူဖွယ်အ၀တ္ထူအစုစု နှင့် ပစ္စည်းများ၊ငွေသား များအား  ပဒေသာပင်သီကုံးပြီး စာရေးတံမဲ ဗဟိုလ်မဏ္ဍပ်သို့ လာရောက်ပို့ဆောင်ခဲ့ကြပြီး ဇန်န၀ါရီ ၁၀ ရက်နေ့ နေ့လည်မှစတင်ကာ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား မဲဖောက်၍ စာရေးတံမဲအလှူ လှူဒါန်းလျှက်ရှိသည်။

 

“ဈေးသူဈေးသားတွေအကုန်လှူဒါန်းကြတယ်။ ဈေးရောင်းသူရော ၀ယ်သူပါအကုန်ပါဝင်လှူဒါန်းတဲ့ပဒေသာပင်ပါ။ကျွန်မတို့ဈေးမှာ တစ်နှစ်အတွင်း အလှူအမျိုးမျိုးလှူဒါန်းကြပါတယ်။လှူရတာပျော်တယ်။ ခုဘ၀ဆင်းရဲလို့ ငါးရောင်းနေရပေမယ့် ကောင်းမှူ့ကုသလိုလ်တော့ မပျက်လုပ်နေပါတယ်။ကိုယ့်နောက်ပါမဲ့အရာက ဒီကုသိုလ်တွေပဲရှိနေတာပါ။ ကျွန်မတို့ဈေးက ပဒေသာပင်ကို မရှိဆင်းရဲတဲ့ ကျောင်းလေးတွေပေါက်စေချင်ပါတယ်။” ဟုပြည်မြို့ အောင်မင်္ဂလာဈေးအတွင်း ငါးရောင်းနေရသူ အမျိုးသမီးတစ်ဦးကပြောသည်။

 

“ဒီနှစ်နဲ့ဆို သုံးကြိမ်မြောက်လှူဒါန်းကြရတာပါ။ ရဲဘော်တွေရဲ့ စည်းလုံးမှုအင်အားနဲ့ ဘေးအန္တရာယ်ကင်းရှင်းအောင် ခုလိုလှူဒါန်းခဲ့တာ။ပံ့ပိုးကူညီမှုအနေနဲ့ မထဆ လူကြီးတွေရော အားလုံး ငွေအင်အား လုပ်အားဒါနတွေနဲ့ လှူဒါန်းတာဟာ ခုနှစ် ငါးသိန်းကျော်ဖိုးလှူဒါန်းနိုင်ပါတယ်။ဆံတော်မီးသတ်တပ်ဖွဲ့ဦးဆောင်ပြီး ရပ်မိရပ်ဖ ရပ်ကွက်နေပြည်သူအမျာားကောင်းမှုတွေနဲ့လှူဒါန်းခဲ့ကြတာပါ။ ဘာသာသာသနာအတွက် တာဝန်ထမ်းဆောင်နေတဲ့ ရဟန်းသံဃာတွေကို လှူဒါန်းတာဟာ ဘာသာ သာသနာအတွက်အထောက်အပံ့အကူအညီ ကုသိုလ်ပြုခြင်းတစ်မျိုးပါပဲ။” ဟု ဆံတော်အရန်မီးသတ် တပ်ဖွဲ့ တပ်စုမှူး အောင်မိုးကျော် ကပြောသည်။

 

အဆိုပါစာရေးတံမဲအလှူအား ပြီးခဲ့သည့် ၉၅-ကြိမ်မြောက် ၂၀၁၅-ခုနှစ်မှာ ငွေနှင့်ပစ္စည်း ပဒေသာပင်ပေါင်း ၈၄၅-ပင် တန်ဖိုးငွေစုစုပေါင်း သိန်းကိုးရာကျော်ဖိုးအား ဘုန်းတော်ကြီးကျောင်းပေါင်း ၄၈၂-ကျောင်းအားလှူဒါန်းနိုင်ခဲ့ပြီး ယခု ၂၀၁၆ ၉၆-ကြိမ်မြောက်တွင် ငွေနှင့်ပစ္စည်း ပဒေသာပင်ပေါင်း ၈၂၂-ပင် တန်ဖိုးငွေစုစုပေါင်း သိန်းတစ်ထောင်ကျော်ဖိုးအား ဘုန်းတော်ကြီးကျောင်းပေါင်း ၄၈၉-ကျောင်းအား လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရပြီး ပြည်မြို့အောင်မင်္ဂလာဈေးသူ/သား များကောင်းမှု့ ပဒေသာပင် တစ်ခုတွင်တော့ နှစ်စဉ်ဆိုသလိုအများဆုံးအဖြစ်နေပြီး ယခုနှစ်မှာတော့ ပစ္စည်းနှင့်ငွေသားစုစုပေါင်းတန်ဖိုးငွေမှာ သိန်းလေးဆယ်ကျော်တန်ဖိုးလာရောက်လှူဒါန်းသွားကြောင်းသိရသည်။

 

K3(pyay)


0 comments:

Post a Comment

Facebook Like Page