Monday, January 18, 2016

အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိသဖြင့်တိုင်ကြားရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူတွေ့ဆုံ

Leave a Comment



အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဥပဒေနှင့်အညီ
ဆောင်ရွက်မှုမရှိသဖြင့်တိုင်ကြားရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူတွေ့ဆုံ






     ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်၊တဲကုန်းကျေးရွာအုပ်စု၊တဲကုန်းကျေးရွာမှ
အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် နည်းဥပဒေ(၅)နှင့်အညီ
ဆောင်ရွက်မှုမရှိသည့်အတွက် ဒေသခံများမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့
တိုင်ကြားရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဇန်န၀ါရီလ(၁၃)ရက်နေ့
နံနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်းသိရသည်။




     အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင်
ကျေးရွာမှဆယ်အိမ်မှူးများကို ရွေးချယ်ရာတွင် မျှတမှုမရှိပဲ ၆-၁-၂၀၁၆
ရက်နေ့တွင် ပြုလုပ်သည့်အစည်းအဝေးတွင် ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သော
ရပ်မိရပ်ဖများက ရွာသားများအား ခေါ်ကာ
သိစေချင်လို့ပြခြင်းသာဖြစ်ကြောင်း၊ပြင်ဖို့မဟုတ်ကြောင်း၊ကျေနပ်မှုမရှိပါက
တိုင်ချင်သည့်နေရာတိုင်နိုင်ကြောင်း ပြောသည့်အတွက် ရွာသူရွာသား
(၆၄)ဦးတို့မှ လက်မှတ်ထိုးပြီး ဇန်န၀ါရီလ (၁၁)ရက်နေ့က
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့လိပ်မူတိုင်ကြားခဲ့သဖြင့်
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဇန်န၀ါရီလ(၁၂) ရက်နေ့တွင်
မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်
လက်မှတ်ရေးထိုးပြီး ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ရွာသားများကပြောသည်။




     “ကျွန်တော်တို့ ဆယ်အိမ်မှူးဖွဲ့တဲ့အခါမှာ
ဆယ်အိမ်မှူးကြီးကြပ်ရေးအဖွဲ့များက မဟုတ်မမှန် လုပ်ကြံပြီးတော့
ဥက္ကဋ္ဌဟောင်းကို သွယ်ဝိုက်သောနည်းလမ်းမျိုးနဲ့ သူတို့တွေစည်းရုံးပြီးတော့
လုပ်ဆောင်သွားတဲ့အတွက် ကျွန်တော်တို့ မကျေနပ်လို့
လာတာပါ။ကျွန်တော်တို့အနေနဲ့ ကြီးကြပ်ရေးအဖွဲ့တွေလည်း
ပြန်ပြင်။ငါးဦးဖွဲ့ထားတဲ့ အဖွဲ့တွေလည်း
ပြန်ပြင်။နောက်ပြီးရွေးချယ်ပွဲတွေကိုလည်း စံနစ်တကျမဲဆန္ဒတွေနဲ့
ပြန်လုပ်ဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ကျွန်တော်တို့အနေနဲ့
ုပြုပြင်ပြောင်းလဲဖို့ပါပဲ။ငါးဦးအဖွဲ့ ဖွဲ့စဉ်ကလည်း ဆန္ဒမဲနဲ့သွားတာ
မဟုတ်ပါဘူး။သူတို့ဘာသာသူတို့ အဆိုတင်သွင်း သူတို့ဖာသာသူတို့ ထောက်ခံပြီး
လုပ်တာပါ။ရွာသူရွာသား တွေ မသိလိုက်ပါဘူး။ကျွန်တော်တို့အနေနဲ့
ပြန်လည်ရွေးကောက်ဖို့လိုအပ်ပါတယ်။တကယ်လို့ အဲဒီလိုမှ မလုပ်ဘူးဆိုရင်
နေပြည်တော်ထိစာတင်သွားမယ်။ပြီးတော့ ခွင့်စာတင်ပြီး ကျွန်တော်တို့
ဆန္ဒပြသွားပါမယ်။” ဟု တဲကုန်းကျေးရွာမှ ဦးသန်းအောင် ကက၀ိဂျာနယ်သို့ ပြောသည်။




     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ သတင်းသွားယူရာတွင်
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ခန်းမတွင်းသို့
သတင်းဝင်ရောက်ယူခွင့် မပြုခဲ့ပဲ အပြင်တွင်သာ ဓါတ်ပုံရိုက်ရန် အပြင်မှသာ
သတင်းယူရန် တားမြစ်ခဲ့သည်။




     “ကျွန်တော်တို့က တစ်ဖက်တည်းအသံနဲ့ မရေးချင်လို့ ဒီက
ဖြေရှင်းသွားတာလေးကိုသိရအောင် သတင်းလာယူတာပါ။ဒါပေမယ့် ကျွန်တော်တို့တွေ
အတားခံရတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီ နိုင်ငံမှာ ဒီလို
သတင်းထောက်တွေကို ကန့်သတ်တာကတော့
မရှိသင့်တော့ဘူးလို့လည်းထင်ပါတယ်။တကယ်လို့ ကျွန်တော်တို့က
တစ်ဖက်တည်းအသံနဲ့ ရေးတဲ့အခါကျတော့ မီဒီယာကျင့်ဝတ်နဲ့မညီဘူးဆိုတဲ့အသံတွေ
ထွက်လာမှာမို့ ကျွန်တော်တို့က မီဒီယာကျင့်ဝတ်နဲ့ အညီဖြစ်အောင် မျှတအောင်
လာယူတာပါ။ဒါကို တားမြစ်ခံရတယ်။ပြီးတော့ တားမြစ်တဲ့လူက သူ့ရဲ့
အမည်နဲ့ရာထူးကိုမေးတော့ မပြောနိုင်ဘူး။သိချင်ရင် ရုံးခန်း
လိုက်လာခဲ့ဆိုပြီးပြောတယ်။”ဟု စောင့်ကြည့်ဂျာနယ်သတင်းထောက် ကိုလေး(ပြည်)က က၀ိဂျာနယ်သို့ ပြောသည်။




     အဆိုပါတွေ့ဆုံပွဲတွင် အငြင်းပွားမှုများဖြစ်ပြီး တာဝန်ရှိသူများက
ရွာသားများအား စစ်ဆေးမေးမြန်းချက်များကို ခရိုင်သို့
ဆက်လက်တင်ပြသွားမည်ဟုပြောကြောင်း တွေ့ဆုံပွဲတက်ရောက်ကြသူများထံမှသိရသည်။



ခေတ္တရာမောင်(ပြည်) ကဝိဂျာနယ်

09253311019


0 comments:

Post a Comment

Facebook Like Page