Monday, January 18, 2016

ပြည်ခရိုင်အတွင်း ဆိုင်ကယ်ခိုးမှုပေါင်းနှစ်ချုပ်စာရင်းအရ ၃၉-မှု့ထိရှိနေ

Leave a Comment

ပြည်ခရိုင်အတွင်း ဆိုင်ကယ်ခိုးမှုပေါင်းနှစ်ချုပ်စာရင်းအရ ၃၉-မှု့ထိရှိနေ

ပြည် ဇန်န၀ါရီ ၁၁

ပဲခူးတိုင်းဒေသကြီ့း ပြည်ခရိုင်အတွင်း ဆိုင်ကယ်ခိုးသူများပေါများလာခြင်းကြောင့် သုံးလေးရက်တစ်ကြိမ်ဆိုသလို ဆိုင်ကယ်များပျောက်ဆုံးလျှက်ရှိနေသည်။ ပြည်ခရိုင်အတွင်း ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဆိုင်ကယ်ခိုးမှုပေါင်း-၃၉-မှုထိဖြစ်ပေါ်ခဲ့ပြီး ပြည်မြို့နယ်အနေဖြင့် ဆိုင်ကယ်ခိုးမှုပေါင်း ၂၄-မှုထိ ရှိနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှစ်ချုပ်စာရင်းအရသိရသည်။

“အောင်မင်္ဂလာဈေးက ဘေလ်ထုတ်ဆိုင်နားမှာ ဆိုင်ကယ်လေးရပ်ထားပြီး အသိတစ်ယောက်နဲ့စကားပြောနေတာ။ ပထမဆိုင်ကယ်နားကို သုံးဘီးဖြတ်သွားတော့ လှည့်ကြည့်မိတဲ့အအချိန်မှာ ဆိုင်ကယ်ကရှိသေးတယ်။ ခဏလေးအကြာမှာ ဆိုင်ကယ်စက်နိုးသံကြားလို့ ကြည့်မိတော့ နောက်ကျောဘက်ကနေပဲမြင်ရတဲ့လူတစ်ယောက်က ဆိုင်ကယ်မောင်းထွက်ပြေးသွားတယ်။ အော်ပြီးအကူညီတောင်းပေမယ့်လွှတ်သွားတယ်။ ဆိုင်ကယ်ခိုးတဲ့သူတွေက တစ်ယောက်ထဲမဖြစ်နိုင်ဘူး။ အဖွဲ့လိုက်ရှိနေမယ်လို့ယူစတယ်။ ရဲစခန်းမှာသွားပြီးအမှုဖွင့်ထားတယ်။ ခုထိတော့ဘာမှ အကြောင်းပြန်မကြားသေးဘူး။” ဟု ဆိုင်ကယ်အခိုးခံလိုက်ရသူ Steel Emperor ဆိုင်မှ ဦးဇော်လင်း ကပြောသည်။

ပြည်ခရိုင်အတွင်း ဆိုင်ကယ်များအခိုးခံရနေမှုအပြင် ဆိုင်ကယ်စီး၍ ဆွဲကြိုးဖြတ်သူများ၊ဆိုင်ကယ်စီး၍ ဖုန်းလုယူသူများ၊ဆိုင်ကယ်စီး၍ ပိုက်ဆံအိတ်လုယူသူများလဲ မကြာမဏဆိုသလိုဖြစ်ပွားလျှက်ရှိနေပြီး ဖုန်းလုခံရသူအများစုကတော့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်တိုင်ကြားထားခဲ့ခြင်းမရှိကြောင်းသိရသည်။

“ရွာဘဲရပ်ကွက်မှာ ခိုးမှုအဖြစ်အများဆုံးဖြစ်နေတာတွေ့ရပါတယ်။ လှည့်ကင်းအနေနဲ့ သုံးဖွဲ့ ဖွဲ့စည်းပြီး ကျွန်တော်တို့ မြို့မရဲစခန်းပိုင်နယ်မြေအတွင်းမှာ အကွက်စိတ်စိတ် လှည့်ကင်းတွေဆောင်ရွက်ထားရှိနေပါတယ်။ညနေပိုင်းတွေမှာ တာဝန်ကျလှည့်ကင်းတွေခေါ်ယူပြီး ဘယ်နေရာ ဘယ်လမ်း မှာ ဘယ်လိုတာဝန်ယူဆိုပြီး ညွှန်ကြားစေလွှတ်ပါတယ်။ ၂၀၁၅ မှာ လှည့်ကင်းအဖွဲ့ နှစ်ဖွဲ့နဲ့ပဲ လှည့်ကင်းလှည့်ခဲ့ကြတယ်။ ခိုးမှုတွေလျော့ကျအောင်လို့ အခု ၂၀၁၆ မှာတော့ လှည့်ကင်း အဖွဲ့သုံးဖွဲ့ ခွဲခြားပြီး မိမိတို့တာဝန်ကျရာ လှည့်ကင်းနယ်နမိတ်အတွင်း ခိုးမှုတွေဖြစ်ပွားခဲ့တာ ခိုးမှုတွေလွှတ်ထွက်သွားပါက သုံးကြိမ်အထိဖြေရှင်းချက်တောင်းခံမယ် သုံးကြိမ်ထက်ကျော်ရင် ဒဏ်ပေးစနစ်နဲ့ တာဝန်ကျလှည့်ကင်းတွေမပေါ့ဆအောင်ဆောင်ရွက်သွားမှာပါ။” ဟု ပြည်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမျိုးမြင့် ကပြောသည်။

အဆိုပါဆိုင်ကယ်ခိုးမှုများသည် ၂၀၁၅ ခုနှစ်အတွင်း ပြည်မြို့တွင် ၂၄-မှု့၊ရွှေတောင်မြို့တွင် ၂-မှု့၊ပေါင်းတည်မြို့တွင် ၄-မှု့၊သဲကုန်းမြို့တွင် ၃-မှု့၊ပေါက်ခေါင်းမြို့တွင် ၁-မှု့၊ပန်းတောင်းမြို့တွင် ၅-မှု့ စုစုပေါင်း ပြည်ခရိုင်အတွင်း ၃၉-မှုထိ ဆိုင်ကယ်အခိုးခံရသူများအမှုဖွင့်တိုင်ကြားထားခဲ့ကြောင်းသိရပြီး တစ်ချို့တစ်ဝက်သာ ဖော်ထုတ်ဖမ်းစီးနိုင်ခဲ့ကြောင်းသိရသည်။ ဆိုင်းကယ်သူခိုးများအား ဖမ်းစီးအရေးယူထားသော်လဲ ပြည်ခရိုင်အတွင်း သုံးလေးရက်တစ်ကြိမ်ဆိုသလို ဆိုင်ကယ်ခိုးမှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

K3(pyay)
ဒီမိုကရေစီတူဒေးသတင်းစာ


0 comments:

Post a Comment

Facebook Like Page