Sunday, January 24, 2016

ပြည်မြို့အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားလေးဦးလွတ်မြောက်

Leave a Comment



ပြည်မြို့အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားလေးဦးလွတ်မြောက်





ပြည် ဇန်န၀ါရီ ၂၂



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား လေးဦးအား ဇန်န၀ါရီ ၂၂ ရက် နံနက် ၇-နာရီခွဲအချိန့်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။



အဆိုပါ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀၁-ဦးအားလွတ်ပေးရန် နိုင်ငံတော်သမ္မတရုံး ၂၁၊၁၊၀၆ ရက်စွဲပါစာအရ ပြည်ထဲရေးဝန်ကြီးဌာန ကြေးနန်းစာအရ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ချခံနေရသည့် ကိုခင်မောင်လင်း အပါ ၁၀၁-ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁/ခ နှင့်ပြန်လည်လွတ်ပေးခဲ့တာဖြစ်ကြောင်းသိရသည်။



“ကျွန်တော်တို့ကို ၄၀၁ နဲ့ပဲပြန်လွတ်တာပါ။အထဲမှာ နိုင်ငံရေးအကျဉ်းသား သုံးယောက်ကျန်နေသေးတယ်။ ကျောင်းသားတွေ နဲ့ ကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့လိုနေတယ်။ လောလောဆယ်တော့ ဒီ ၄၀၁ နဲ့လွတ်ပေးတာကို သဘောတူကြိုဆိုပါတယ်။ တခြားနိုင်ငံရေးအကျဉ်းသားတွေကတော့ ဘာမှမကြားသေးပါဘူး။ ကျွန်တော် တစ်နှစ်ခွဲကျတာ အခုဆိုကိုးလကျန်တာနဲ့လွတ်လာတာပါ။ ဟု ပြည်အကျဉ်းထောင်ကြီးမှာ ပုဒ်မ ၅၀၅(ခ)ဖြင့် တစ်နှစ်ခွဲထောင်ဒဏ်ကျခံနေရသည့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှ၊ တောင်သူလယ်သမားအရေး လှုပ်ရှားသူ ကိုပဲပဲ(ခ)ကိုရဲကျော်သူ ကပြောသည်။



ပြည်ခရိုင် ပြည်မြို့အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ကိုကျော်ဆန်း ပုဒ်မ(၁၈)၊ကိုဝဏ္ဏ ပုဒ်မ(၁၈)၊ကိုတိုးကြီး ပုဒ်မ(၁၈)၊ကိုပဲပဲ(ခ)ရဲကျော်သူ ပုဒ်မ(၅၀၅(ခ)) တို့လေးဦးအား လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာခဲ့သော်လဲ ပြည်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ကိုဝင်းလှိုင်၊ ကိုကျော်ဆွေ၊ ကိုမျိုးသူထွဋ်တို့ ကျန်ရှိနေသေးကြောင်း သိရသည်။



“၄၀၁ နဲ့လွတ်တာကို သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လွတ်ပေးရင်တော့ထွက်မှာပဲ။ပြည်ထောင်မှာ ခုနှစ်ယောက်ရှိတယ်။ လေးယောက်ပဲလွတ်ပေးတာတော့သိပ်သဘောမကျဘူး။တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသားက တစ်ရာ့ငါးဆယ်လောက်ရှိမယ်လို့ထင်တယ်။အားလုံးတစ်ပြေးညီလွတ်ပေးသင့်တယ်။ဒီမိုကရေစီနိုင်ငံကိုတစ်ကယ်သွားမယ်ဆိုရင် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလုံးဝမရှိသင့်ပါဘူး။” ဟု ပြည်မြို့တွင် ပီအာရ်စနစ်အလိုမရှိဆန္ဒထုတ်ဖော်မှုဖြင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လေးလ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်ခရိုင်ယာယီတာဝန်ခံ) ဦးကျော်ဆန်း ကပြောသည်။



အဆိုပါနိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်အရလွတ်ပေးမှုကို နိုင်ငံတော်သမ္မတရုံးညွှန်ကြားမှုဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအသီးသီးကတောင်းဆိုမှုတွေကြောင့် ကိုခင်မောင်လင်း အပါ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးအား လူမှုရေးငဲ့ညှာမှု၊ နိုင်ငံတော်၏ မေတ္တာစေတနာကို နားလည်ရန် အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပိုဒ်ခွဲ(၁) နှင့်အညီ ကျခံရန်ကျန်ရှိနေသည့် ပြစ်ဒဏ်များကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ပူးတွဲပစ်ဒဏ်ကျခံရန် သဘောတူလက်မှတ်ရေးထိုးခဲ့ရ၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ


0 comments:

Post a Comment

Facebook Like Page