Thursday, December 31, 2015

အွန်လိုင်းမှတဆင့်ဂုဏ်သိက္ခာကျဆင်းအောင်၊နှောက်ယှက်ခြင်းများ ဖော်ပြရေးသားသူအားဖော်ထုတ်အရေးယူပေးပါရန် ဒုခရိုင်အုပ်ချုပ် ရေးမှူး ပြည်ခရိုင်မှအမှုဖွင့်ထားသည်ဟုသိရ

Leave a Comment

အွန်လိုင်းမှတဆင့်ဂုဏ်သိက္ခာကျဆင်းအောင်၊နှောက်ယှက်ခြင်းများ
ဖော်ပြရေးသားသူအားဖော်ထုတ်အရေးယူပေးပါရန် ဒုခရိုင်အုပ်ချုပ်
ရေးမှူး ပြည်ခရိုင်မှအမှုဖွင့်ထားသည်ဟုသိရ
ပြည် ဒီဇင်ဘာ (၃၁)ရက်နေ့ 
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဒုခရိုင်အုပ်ချုပ်ရေးမှူးအား
လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဂုဏ်သိက္ခာကျဆင်းအောင်
အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်းများဖော်ပြရေးသားထားသူအား
ဖော်ထုတ်အရေးယူပေးပါရန်အမှတ်(၁)ရဲစခန်း၌ ဒီဇင်ဘာ(၃၀)ရက်
နေ့ နေ့လည်(၁)အချိန်ခန့်ကတိုင်တန်းအမှုဖွင့်ထားကြောင်းသိရသည်။
ပြည်သူ့ဟစ်တိုင်(အထူး)Face Bookစာမျက်နှာများတွင် Daw May Thy
Kyaw အကောင့်အမည်မှ26 September at 9;11pm၊27 September
at 1;35 pm နှင့် 1း41 pm တွင်လည်းကောင်း၊16 November at 4;43
pm ၊28 December at 9;38 pm များတွင်ပြည်ဒုခရိုင်အုပ်ချုပ်ရေးမှူး
ဟုစာသားထည့်သွင်းဖော်ပြ၍ ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်
ခြင်း၊နှောက်ယှက်ခြင်းများဖော်ပြရေးသား post တင်ထားသည်ကိုတွေ့
ရှိရခြင်းတို့ကြောင့် မိမိအား မဟုတ်/မမှန်လုပ်ကြံလီဆယ်၍ Daw May
Thu Kyaw အကောင့်အမည်သုံးပြီး post တင်ထားသူ၏ စာရွက်စာတမ်း
အထောက်အထားများနှင့်အတူရဲစခန်းသို့တိုင်ကြားထားခြင်းဖြစ်ကြောင်း
သိရသည်။
"ဒီကိစ္စနှင့်ပတ်သက်ပြီး မှန်ကန်သည့်နည်းလမ်းအတိုင်း ရှင်းချင်လို့ အခု
လိုအမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ပါတယ်"ဟုဒုခရိုင်အုပ်ချုပ်ရေးမှူးဦးမင်း
ဇော်ဟိန်း ကပြောသည်။
Daw May Thu Kyaw အကောင့်အမည် သုံးပြီးလူမှုကွန် ယက်စာမျက်နှာ
များ ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသား Post တင်ထားသူအားစုံစမ်း
ဖော်ထုတ် အရေးယူပေးပါရန်ဦးမင်းဇော်ဟိန်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး
(ပြည်ခရိုင်)၊ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်ကွက် ပြည်မြို့နေထိုင်
သူမှတရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပြည်အမှတ်(၁)နယ်မြေရဲစခန်း(ပ)၃၄၀/၂၀၁၅ ၊ဆက်သွယ်ရေး
ဥပဒေပုဒ်မ ၆၆(ဃ)အရအမှုရေးဖွင့်ထားရှိကာအမှုအားရဲအုပ်နေလင်းအောင်
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း ပြည်အမှတ်(၁)နယ်မြေရဲစခန်းမှသိရသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page