Friday, December 4, 2015

ဧရာဝတီမြစ်ကမ်းတွင် မြစ်သဲကျောက်စုတ်ယူသည့် စက်လှေတွေကြောင့် သဲသောင်ခုံမြေနုကမ်းပါးများ ပက်ကြားအက်ပြိုကျပျက်စီး

Leave a Comment



ဧရာဝတီမြစ်ကမ်းတွင် မြစ်သဲကျောက်စုတ်ယူသည့် စက်လှေတွေကြောင့် သဲသောင်ခုံမြေနုကမ်းပါးများ ပက်ကြားအက်ပြိုကျပျက်စီး



ပြည်၊ဒီဇင်ဘာ၊၎



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ န၀င်းမြောက်ပိုင်း ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းတွင် မြစ်သဲကျောက် စုတ်ယူသည့် စက်လှေတွေကြောင့် သဲသောင်ခုံမြေနုကမ်းပါးများ ပက်ကြားအက် ပြိုကျလျှက်ရှိကြောင်းသိရသည်။



ဧရာဝတီမြစ်အတွင်းမှ စုတ်ယူလာသည့် သဲ/ကျောက်စလစ်များအား ကမ်းနဖူးမှ မြေပြင်ပေါ်သို့ ပြန်လည်ပုံယူ တင်ဆောင်လာခဲ့ရာ ယခင် လူအင်အားသုံး သယ်ဆောင်ခဲ့ပြီး ယခုတွင် စက်ယန္တရားများသုံးပြီး ရေ နှင့် မြစ်သဲ/ကျောက်စလစ်များရော၍ ကမ်းပေါ်သို့ တင်ဆောင်နေခြင်းကြောင့် သဲသောင်ခုံမြေနုကမ်းပါးများ ပက်ကြားအက်ပြိုကျလျှက်ရှိပြီး ထိုသို့ပြိုကျနေခြင်းကြောင့် အနီးပတ်ဝန်ကျင်ရှိနေအိမ်များ ၊ ကလေးသူငယ်များအတွက် စိုးရိမ်လျှက်ရှိပြီး ယာခင်းများပျက်စီးလျှက်ရှိကြောင်းသိရသည်။



“ဒီမှာနေလာတာ အသက်ခြောက်ဆယ်ကျော်ပြီ။အခုမှကမ်းပါးတွေပြိုကျ ကွဲအက်တာတွေဖြစ်လာတယ်။မြစ်သဲကျောက်တွေကို သယ်လာပြီး ကမ်းနဖူးပေါ်ကိုအရင်က တောင်းတွေ ပုံးတွေနဲ့သယ်တော့ ဘေးထွက်ဆိုးကျိုးမရှိခဲ့ဘူး။အခု စက်တွေနဲ့လူအင်အားမသုံးဘဲ စက်အင်အားသုံးပြီး ကမ်းပေါ်ရေစုတ်စက်ကြီးတွေသုံးပြီး ရေနဲ့မြစ်သဲကျောက်တွေရောပြီး ကမ်းပေါ်တင်လာတာကနေ အခုလိုနေရာတိုင်းမှာ လူတစ်ရပ်လောက်ရှိတဲ့ ပက်ကြားအက်ကြီးတွေ၊ကမ်းပါးပြိုတာတွေဖြစ်လာတယ်။ယာခင်းတွေပျက်စီးတော့မယ်။အိမ်တွေနားကပ်လာရင် ကျွန်မတို့ဘယ်လိုပြောင်းရွေ့ကြရမလည်း။”ဟု ဒေခံ ဒေါ်မှုမှု ကပြောသည်။



ပြည်မြို့အနီးဝန်းကျင်တွင် ယခုလို မြစ်သဲကျောက်စုတ်ယူလျှက်ရှိသည့် ဒိုင်ပေါင်း ၁၅ ဒိုင်ခန့်ရှိပြီး မြစ်သဲကျောက်ထုတ်ယူခြင်းများကြောင့် မကြာခဏဆိုသလို ကမ်းပါးများပြိုကျပျက်စီးလျှက်ရှိနေသည်။



ပြည်ခရိုင်အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၄ ရက်နေ့မှာ ယခုကိစ္စနှင့်ပတ်သက်ပြီး ရေမြစ်ဖြိုးနဲ့အဓိကသက်ဆိုင်တယ်။မြစ်သဲကျောက်လုပ်ကွက်တွေကတော့ အဲဒိနေရာမှာ ချပေးထားတာမရှိဘူး။ရေမြစ်ဖြိုးကိုအခုဖုန်းဆက်ပြီး အဲဒိနေရာကိုလွှတ်ပေးပါ့မယ်ဟုပြောကြားခဲ့သည်။“ကျောက်ဒိုင်တွေကလည်း တိုင်စာပို့ ထားတယ်။ ယာခင်းပျက်တဲ့သူနှစ်ယောက်ကလည်းတိုင်းစာပို့ထားတယ်။တိုင်စာစရောက်ပြီး သုံးရက်အကြာမှာတစ်ကြိမ်၊ပြီးခဲ့တဲ့ ၂၀ ရက်နေ့ကတစ်ကြိမ် သွားကြည့်ပြီးပါပြီ။အခုလည်းသွားကြည့်ပါအုံးမယ်။လိုအပ်သလိုနှစ်ဘက်စလုံးကို ဖြေရှင်းဆောင်ရွက်သွားမှာပါ။”ဟုရေအရင်းမြစ် နှင့်  မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမျိုး ကပြောသည်။



အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ရက်စွဲဖြင့် ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရွှေတောင်)မြို့ နှင့်အခြားသက်ဆိုင်ရာဌာများများသို့ ရပ်ကွက်နေဒေသခံတွေတိုင်ကြားထားခဲ့ကြောင်းသိရပြီး သက်ဆိုင်ရာဌာနများမှ လာရောက်ဖြေရှင်းပေးခြင်းမရှိပါက နိုငံတော်သမ္မတ နှင့် အခြားသက်ဆိုင်ရာ ၀န်ကြီးဌာများများကို တိုင်းကြားသွားမှာဖြစ်ပြီး မြစ်သဲကျောက်ဒိုင်ကိုလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်းသိရသည်။



K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ

ပြည်သတင်း
www.facebook.com/pyaynews





0 comments:

Post a Comment

Facebook Like Page