Friday, December 4, 2015

သတင်းတို လော့သော်ချောင်း ပြန်လည်တူးဖော်ရာ လုပ်ငန်းဧရိယာမလွတ်၍ ကျူးကျော်တဲ အလုံး ၂၀ခန့် အား ၂ရက်အတွင်း ဖယ်ရှားခိုင်း

Leave a Comment

သတင်းတို

လော့သော်ချောင်း ပြန်လည်တူးဖော်ရာ လုပ်ငန်းဧရိယာမလွတ်၍ ကျူးကျော်တဲ အလုံး ၂၀ခန့် အား ၂ရက်အတွင်း ဖယ်ရှားခိုင်း

ပြည်၊ဒီဇင်ဘာ၊၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်း လော့သော်ချောင်း ပြန်လည်တူးဖော်ခြင်း နှင့် ဘောင်တင်ခြင်းလုပ်ငန်းများ  လုပ်ဆောင်ရာတွင် ထန်းပေါက်အုပ်စု လော့သော်ချောင်း ဘောင်အပေါ်တွင် ကျူးကျော်၍ တဲထိုးနေထိုင်သူ တဲပေါင်း အလုံး ၂၀ခန့်အား မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူတို့က  ၂ ရက် အတွင်းနေအိမ်များဖယ်ရှားပေးရန် ကျူးကျော်တဲဆောက်နေထိုင်သူတို့အား နူတ်ဖြင့် တောင်းဆိုလိုက်ကြောင်းသိရသည်။ ပြည်မြို့ ဆည်မြောင်းဦးစီးဌာန(ထိန်းသိမ်းရေး) မှ လော့သော်ချောင်း ပြန်လည်တူးဖော်ခြင်း နှင့် ဘောင်တင်ခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၅ ရက်နေ့မှစတင်လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)

ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page