Friday, December 4, 2015

ဓါတ်လိုက်၍တိုက်ပေါ်မှပြုတ်ကျသေဆုံးခြင်းနှင့်ပတ်သက်ပြီး နေအိမ်ပိုင်ရှင်အား လျှပ်စစ်ဥပဒေနဲ့အမှုဖွင့် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ဓါတ်လိုက်၍တိုက်ပေါ်မှပြုတ်ကျသေဆုံးခြင်းနှင့်ပတ်သက်ပြီး
နေအိမ်ပိုင်ရှင်အား လျှပ်စစ်ဥပဒေနဲ့အမှုဖွင့်
ပြည် ဒီဇင်ဘာ (၂)ရက်နေ့
ပဲခူးတိုင်ဒေသကြီး ပြည်မြို့ မြို့သစ်ရပ်ကွက်၊(၅)လမ်းထိပ်ရှိ
Steel Dragon ၏ RC တိုက်သစ်ပထမထပ်တွင် ကြွေပြား
ကပ်နေသော ထွန်းထွန်း(၂၅)နှစ်သေဆုံးမှုနှင့် ပတ်သက်၍
ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ မှ လျှပ်စစ် ဥပဒေနဲ့နေအိမ်
ပိုင်ရှင်အား အမှုဖွင့်ထားကြောင်းသိရသည်။


(၃၀.၁၁.၂၀၁၅)ရက်နေ့ နေ့လည်(၃)နာရီ (၃၀)အချိန်ခန့်တွင်
မြို့သစ်ရပ်ကွက်၊(၅)လမ်းထိပ်ရှိ Steel Dragon ၏ RC တိုက်
သစ်ပထမထပ်တွင် ကြွေပြားကပ်နေသော ထွန်းထွန်း(၂၅)နှစ်၊
(ဘ)ဦးဝင်းမြ၊ ဆေးသုတ်လုပ်ငန်း ဂမ္ဘီလာရွာ၊နတ်တလင်းအုပ်စု
၊ပြည်မြို့နယ်နေသူသည် ဘုရင့်နောင်လမ်းဘက်ခြမ်းရှိ တိုက်သစ်
ပထမထပ် တွင် ကြွေပြားကပ်နေစဉ် ဟန်ချက်ပျက်ပြီး ၀ဲဘက်လက်
ဖြင့် အနီးရှိဓါတ်အားလိုင်းကြိုးကိုကိုင်မိပြီး ဓါတ်လိုက်ပြီး တိုက်ပေါ်
မှပြုတ်ကျသဖြင့် ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ ထိုသို့
ဖြစ်ရခြင်းမှာပိုင်ရှင်ဒေါ်အေးမြအောင်၏ အဆိုပါအဆောက်အဦးသည်
(၁၁)ကေဗွီဓါတ်အားလိုင်းနှင့် ရေပြင်ညီ(၈)ပေ အကွာတည် ရှိရမည့်
အစား(၂)ပေခွဲခန့်သာ တည်ရှိခြင်း၊အဆောက်အဦးဆောက်လုပ်ရန်
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ဆက်သွယ်အကြောင်းကြားမှုမရှိခြင်း
တို့ကြောင့် လျှပ်စစ်ဥပဒေပုဒ်မ-၅၁ အားဖောက်ဖျက်ကျုးလွန်ကြောင်း
တွေ့ရှိရသည်ဟု ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဆို၏။

ထို့ကြောင့် လျှပ်စစ်ဥပဒေပုဒ်မ-၆၁အရ အမှုဖွင့်အရေးယူပေးရန်
ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စွာ လင်း မှဒီဇင်ဘာ(၁)
ရက်နေ့ ရက်စွဲပါစာအမှတ်(၁၂၂၉/၀ထ-၃(င)/ပမ/၂၀၁၅ ဖြင့်တိုင်
စာပေးပို့တိုင်ကြားခဲ့သည်အတွက် ဦးကျော်စွာလင်း၊ပြည်မြို့နယ်လျှပ်
စစ်အင်ဂျင်နီယာ၊ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ပြည်မြို့နေသူ၏
တိုင်ကြားချက်အရ ပြည်မြို့မရဲစခန်း(ပ)၉၇၄/၂၀၁၅၊လျှပ်စစ်ဥပဒေပုဒ်မ-၆၁အရအမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး အမှုအား ဒုရဲအုပ်မြတ်သူစိုး
မှလက်ခံစစ်ဆေးပြီး နေအိမ်ပိုင်ရှင်အားအမှုနှင့်စစ်ဆေးရန်ဆောင်ရွက်
လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page