Tuesday, December 15, 2015

ပြည်မြို့၊နဝဒေးတံတားပေါ်မှပြည်တတ္ကသိုလ် ဂုဏ်ထူးတန်းဒုတိယနှစ် ကျောင်းသူတစ်ဦး ခုန်ချသေဆုံးမှုနောက်ဆက်တွဲသတင်း ပြည့်သဲမောင်(ပြည်)

Leave a Comment



ပြည်မြို့၊နဝဒေးတံတားပေါ်မှပြည်တတ္ကသိုလ် ဂုဏ်ထူးတန်းဒုတိယနှစ်
ကျောင်းသူတစ်ဦး ခုန်ချသေဆုံးမှုနောက်ဆက်တွဲသတင်း
ပြည်  ဒီဇင်ဘာ  ၁၅   ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင် ပြည်တက္ကသိုလ် ၊ဂုဏ်ထူးတန်း
(ဒုတိယ)နှစ်ကျောင်းသူ(၁)ဦး နဝဒေးတံတားပေါ်မှ ဒီဇင်ဘာ(၁၅)ရက်နေ့ 
နံနက်(၁၁း၄၇)မိနစ်အချိန်ခန့်က ခုန်ချ၍သေဆုံးကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့၊ပြည်တက္ကသိုလ်၊ကျောင်းသူ မစုမေသွင် ဂုဏ်ထူးတန်း
(ဒုတိယနှစ်)အသက်(၂၂)နှစ်(ဘ)ဦးတင့်ဇော် ရုက္ခဗေဒ ၊နွားမယံကျေးရွာ၊
ရွှေတောင်မြို့နယ်နေသူသည် နဝဒေးတံတားရှိ တိုင်အမှတ်(၂)နှင့်(၃)အကြား 
နဝဒေးတံတားပေါ်မှခုန်ချခဲ့သဖြင့် ဧရာဝတီမြစ်ကမ်းဘေးသဲသောင်ပြင်ပေါ်သို့
ကျကာ ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာ၊ဝဲယာနားနှစ်ဘက်မှသွေးထွက်ဒဏ်
ရာတို့ရရှိကာ သေဆုံးခဲ့သိဟု ရဲတပ်ဖွဲ့၏စစ်ဆေးချက်များအရ သိရသည်။
“ဦးဆိုင်ကယ်နဲ့ လာရင်မြင်လိုက်တယ်။ကောင်မလေးက တံတားလမ်းတန်းပေါ်
တက်ပြီး ခုန်ချသွားတာ။ဟဲ့ဟဲ့ ခလေးမနေအုံးလို့အော်လို့မှမဆုံးသေဘူး တံတား
ပေါ်ကခုန်ချသွားတာပဲ။ကယ်ဖို့ကြိုးစား တာတောင်မရလိုက်ဘူး။တော်တော်စိတ်
မကောင်းဖြစ်ရတယ်”ဟု ဆိုင်ကယ်မောင်းနှင်လာသူ ကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ”သေဆုံး
သူ မိန်းကလေးကိုဆေးရုံမှာ ရင်ခွဲစစ်ဆေးတော့ တံတားပေါ်မှပြုတ်ကျတဲ့အရှိန်ကြောင့်
ဦးခေါင်းနောက်စေ့ကြေမွသွားတယ်။နားနှစ်ဘက်ကသွေးထွက်တယ်။ဝမ်းဗိုက်ထဲမှာ 
အစာအဆိပ်ဖြစ်ထားတာမရှိဘူး။ကာမကျုးလွန်ခံထားရတဲ့လက္ခဏာ၊ကိုယ်ဝန်လွယ်
ထားတဲ့လက္ခဏာတွေဘာမှ မတွေ့ရဘူး။ မိန်းကလေးရဲ့မိဘတွေကို ဆက်သွယ် 
မေးမြန်းတော့လဲ အခြားစိတ်ညစ်စရာမရှိပါဘူးလို့ပဲ ပြန်ပြောတယ်”ဟု ပြည်မြို့မရဲ
စခန်းမှူး ဒုရဲမှူး မျိုးမြင့်ကပြောသည်။
ထို့ကြောင့် မစုမေသွင် နဝဒေးတံတားပေါ်မှခုန်ချသေဆုံးခြင်းနှင့် ပတ်သက်၍ 
ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မဟုတ် စစ်ဆေးဆောင်ရွက်ပေးပါရန် ရဲအုပ်
သောင်းထွေး မှသတင်းပေးတိုင်တန်းချက်အရ ပြည်မြို့မရဲစခန်း သေမှုသေခင်း
အမှတ်(၁၇/၁၅)အရ သေမှုသေခင်းရေးဖွင့်ကာ အမှုအား စခန်းမှူး ဒုရဲမှူးမျိုးမြင့် 
က လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။
မှတ်ချက်။      ။အဆိုပါသတင်းစာမှုနှင့်  ပတ်သက်၍သေဆုံးသူအမျိုးသမီး၊
မိဘဆွေမျိုးများသားနှင့်အမိမောင်နှင့်နှမ အကြားဝံ့မနာသာသော စာသားများ
ဖြင့်ရေးသား၍ comment မပေးကျပါရန်လူသားချင်းစာနာသောအားဖြင့် 
ကျွန်တော်သတင်းရေးသားသူ ပြည့်သဲမောင်မှ မေတ္တာရပ်ခံအပ်ပါသည်။

ပြည့်သဲမောင်(ပြည်) 09 – 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page